ဘာပစ္စည်းကိရိယာမှမပါဘဲ ခြေလက်ဗလာနဲ့သတ္တုပုံးတွေကို ချေဖျက်နိုင်တဲ့ ​ပေါင်၂၀၀ကျော်သားပိုက်ကောင် (ရုပ်သံ)




Mia (Mckzone Daily)

Source : elitereaders

Unicode

အရပ် ၂ မီတာမြင့်ပြီး ၈၉ ကီလိုဂရမ်အလေးချိန်ရှိတဲ့ Rogerအမည်ရှိအနီရောင်သားပိုက်ကောင်တစ်ကောင်ကို နောက်ဆုံးပေါ်အင်တာနက်အာရုံခံကိရိယာဖြင့် သက်ဆိုင်သူတွေက ရိုက်ကူးပြခဲ့ကြပါတယ်။ဩစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်နိမိတ်ရှိ Alice Springs သားပိုက်ကောင်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှာနေထိုင်တဲ့ Alpha အမျိုးအစားသားပိုက်ကောင်အထီးတစ်ကောင်ဟာ ဘာကိရိယာမှမပါဘဲအင်အားကြီးတဲ့သူ့ခြေလက်တွေနဲ့ သတ္တုပုံးတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။သားပိုက်ကောင်ဆိုတဲ့တိရိစ္ဆာန်မျိုးဟာ သူ့တို့အပေါ်ပြုမှုတဲ့အတိုင်း ပြန်လည်ခြိမ်းခြောက်တတ်ကြပါတယ်။

The Daily Mail Australia သတင်းအရ Chris Brolga Barnes အမည်ရှိတဲ့အမျိုးသားဟာ ထိန်းသိမ်းစောင့်ရှောက်ရေးဌာနရဲ့ မန်နေဂျာတစ်ဦးဖြစ်ပြီး Roger ရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့သူ့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။Roger ရဲ့နေ့စဉ်လေ့ကျင့်ခန်းစနစ်မှာ ပြိုင်ဘက်အဖြစ် သူ့ရဲ့လူသားအမေ Brolga နဲ့အတူ လက်ဝှေ့ထိုးတာ၊အချင်းချင်းလိုက်ဖမ်းတာတွေ ပြုလုပ်ပါတယ်။Roger ဟာ သတ္တုပုံးတွေချေဖျက်ရတာကိုနှစ်သက်ကြောင်း Brolga ကပြောပြထားပါတယ်။၂၀၀၆ ခုနှစ်တုန်းက အဝေးပြေးလမ်းမတော်တဆမှုမှာအမေသေဆုံးသွားခဲ့ပြီးနောက် သေးသေးလေးနဲ့ချိနဲ့နေတဲ့Roger ကို Brolgaက ကယ်တင်ပေးခဲ့တာပါ။

Brolgaနဲ့ဌာနရှိလူတွေက Rogerလေး အသက်ကြီးလာတာနဲ့အမျှ ပိုမိုကြီးထွားသန်မာလာစေဖို့ အမြဲမျှော်လင့်ခဲ့ကြရပါတယ်။Roger ရဲ့အပြင်ပန်းရုပ်ပုံပန်းသဏ္ဍန်က စရိုက်ကြမ်းတယ်လို့ထင်ရပေမဲ့လည်း Alphaသားပိုက်ကောင်အထီးရဲ့ကြွက်သားတွေက ပိုနူးညံ့တဲ့အနေအထားမှာ ရှိပါတယ်။မကြာသေးခင်တုန်းက Roger ဟာ အမွေးပွယုန်အရုပ်ကိုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။Rogerဟာ ခန္ဓာကိုယ်ကြီးနေပေမဲ့ သူ့မျက်လုံးနဲ့မျက်နှာပေါက်ကို ကြည့်ရင်တော့ အတော်လေးချစ်ဖို့ကောင်းနေတဲ့သားပိုက်ကောင်လေးတစ်ကောင်ဆိုတာကို တန်းသိနိုင်ကြမှာပါ။

Mia (Mckzone Daily)

Be the first to comment on "ဘာပစ္စည်းကိရိယာမှမပါဘဲ ခြေလက်ဗလာနဲ့သတ္တုပုံးတွေကို ချေဖျက်နိုင်တဲ့ ​ပေါင်၂၀၀ကျော်သားပိုက်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*