Limited Editionဖိနပ္တစ္စုံကို Online Shop တစ္ခုမွာေစ်းသက္သာတယ္ထင္ၿပီးမွာလိုက္ေတာ့ အေမြးပြပိုးဖိနပ္ျဖစ္ေနခဲ့တဲ့အျဖစ္

Adidas ဟာ မၾကာေသးခင္က Kanye West နဲ႔ ပူးေပါင္းၿပီးဒီဇိုင္းေရးဆြဲထားတဲ့ Limited Edition Yeezy Boost 350 “ Turtle Dove” ဖိနပ္ကို အေမရိကန္ေဒၚလာ ၂၀၀ နဲ႔ ေရာင္းခ်ေနခဲ့တာပါ။အဆိုပါဖိနပ္ေတြဟာ ခ်က္ခ်င္းပဲေရာင္းထြက္သြားခဲ့ၿပီး အဆိုပါဖိနပ္ကို လိုခ်င္လြန္းလို့ ေစ်းႀကီးေပးၿပီးဝယ္ခဲ့ရင္ေတာင္ Adidasက ေနာက္ထပ္မထုတ္လုပ္ေတာ့ပါဘူး။Amazon မွာေတာ့ Yeezy Turtle Dove ဖိနပ္တစ္စုံကို ေဒၚလာ ၂,၀၀၀ မွ ၅,၀၀၀ ၾကား ေရာင္းခ်ေနတာေၾကာင့္ Max Hoang Trinh အမည္ရွိတဲ့ဗီယက္နမ္အမ်ိဳးသားတစ္ဦးဟာ eBay ဆိုတဲ့Onlineshopတစ္ခုက အဆိုပါဖိနပ္တစ္စုံကို ေဒၚလာ ၇၅၀ သာေရာင္းခ်ေနခဲ့တာကိုေတြ႕ေတာ့ သူကိုယ္သူကမၻာေပၚမွာကံအေကာင္းဆုံးလူသားလို့ထင္ကာ အဆိုပါဖိနပ္ကို ခ်က္ခ်င္းဘဲမွာယူပစ္ခဲ့ပါတယ္။

သူစိတ္အားထက္သန္စြာနဲ႔ေစာင့္ဆိုင္းေနတဲ့အထုပ္က ေနာက္ဆုံးသူ႔ေရွ႕ကိုေရာက္လာခဲ့ၿပီး လိုခ်င္ေတာင့္တေနခဲ့တဲ့ဖိနပ္ကို လက္မွာကိုင္ထားဖို့မေစာင့္နိုင္​ေတာ့တဲ့အတြက္ အထုပ္ကိုခ်က္ခ်င္းဖြင့္ၾကည့္လိုက္ေတာ့ Maxဟာ ပါးစပ္အေဟာင္းသားႀကီး ျဖစ္သြားခဲ့ရပါတယ္။သူလိုခ်င္ခဲ့တဲ့ Yeezy Turtle Dove တစ္ရံအစား Yeezy ပုံစံ အေမြးပြပိုးဖိနပ္တစ္စုံႀကီးျဖစ္ေနခဲ့ပါတယ္။

အဲ့ဒီေနာက္ Max ဟာ သူေစ်းအဝယ္မွားခဲ့ရတဲ့အေၾကာင္းနဲ႔ပတ္သက္ၿပီး သူ႔ရဲ့ Facebook စာမ်က္ႏွာေပၚမွာ Yeezy ဖိနပ္အစစ္ပုံနဲ႔ သူ႔ကေလးစီးဖိနပ္ႀကီးရဲ့ဓာတ္ပုံႏွစ္ပုံကိုတြဲတင္ကာ “onlineမွာေရာင္းတဲ့အရာေတြကို ငါဘယ္ေတာ့အခါမွ မယုံေတာ့ဘူးေဟ့”လို့ တိုင္တန္းခဲ့ပါေသးတယ္။အဆိုပါဓာတ္ပုံဟာ ခ်က္ခ်င္းဘဲပ်ံ႕ႏွံ့သြားခဲ့ၿပီးေနာက္ ခင္ဗ်ားတို့ေမၽွာ္လင့္ထားသလိုပဲ လူအမ်ားက Maxကို ရယ္စရာေတြေျပာလာခဲ့ၾကပါတယ္။လူအမ်ားက”မင္းရဲ့ဖိနပ္က ခ်စ္စရာေလးေကာ ဘယ္မွာဝယ္တာလဲ”၊”ေရာင္းသူက မင္းကိုလိမ္သြားတာမဟုတ္ဘူး၊သူတို့ကတကယ္ေတာ့လိပ္ေတြပဲ”လို့ ေနာက္ေျပာင္ထားၾကပါေသးတယ္။သူ႔အျဖစ္က ရယ္စရာေကာင္းေနေပမဲ့လည္း အဲ့ဖိနပ္ေလးကို ေသခ်ာၾကည့္ရင္ေတာ့ ခ်စ္စရာေလးပါ။

Mia (Mckzone Daily)

Source : odditycentral

Unicode

Adidas ဟာ မကြာသေးခင်က Kanye West နဲ့ ပူးပေါင်းပြီးဒီဇိုင်းရေးဆွဲထားတဲ့ Limited Edition Yeezy Boost 350 “ Turtle Dove” ဖိနပ်ကို အမေရိကန်ဒေါ်လာ ၂၀၀ နဲ့ ရောင်းချနေခဲ့တာပါ။အဆိုပါဖိနပ်တွေဟာ ချက်ချင်းပဲရောင်းထွက်သွားခဲ့ပြီး အဆိုပါဖိနပ်ကို လိုချင်လွန်းလို့ ဈေးကြီးပေးပြီးဝယ်ခဲ့ရင်တောင် Adidasက နောက်ထပ်မထုတ်လုပ်တော့ပါဘူး။Amazon မှာတော့ Yeezy Turtle Dove ဖိနပ်တစ်စုံကို ဒေါ်လာ ၂,၀၀၀ မှ ၅,၀၀၀ ကြား ရောင်းချနေတာကြောင့် Max Hoang Trinh အမည်ရှိတဲ့ဗီယက်နမ်အမျိုးသားတစ်ဦးဟာ eBay ဆိုတဲ့Onlineshopတစ်ခုက အဆိုပါဖိနပ်တစ်စုံကို ဒေါ်လာ ၇၅၀ သာရောင်းချနေခဲ့တာကိုတွေ့တော့ သူကိုယ်သူကမ္ဘာပေါ်မှာကံအကောင်းဆုံးလူသားလို့ထင်ကာ အဆိုပါဖိနပ်ကို ချက်ချင်းဘဲမှာယူပစ်ခဲ့ပါတယ်။

သူစိတ်အားထက်သန်စွာနဲ့စောင့်ဆိုင်းနေတဲ့အထုပ်က နောက်ဆုံးသူ့ရှေ့ကိုရောက်လာခဲ့ပြီး လိုချင်တောင့်တနေခဲ့တဲ့ဖိနပ်ကို လက်မှာကိုင်ထားဖို့မစောင့်နိုင်တော့တဲ့အတွက် အထုပ်ကိုချက်ချင်းဖွင့်ကြည့်လိုက်တော့ Maxဟာ ပါးစပ်အဟောင်းသားကြီး ဖြစ်သွားခဲ့ရပါတယ်။သူလိုချင်ခဲ့တဲ့ Yeezy Turtle Dove တစ်ရံအစား Yeezy ပုံစံ အမွေးပွပိုးဖိနပ်တစ်စုံကြီးဖြစ်နေခဲ့ပါတယ်။

အဲ့ဒီနောက် Max ဟာ သူဈေးအဝယ်မှားခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ Yeezy ဖိနပ်အစစ်ပုံနဲ့ သူ့ကလေးစီးဖိနပ်ကြီးရဲ့ဓာတ်ပုံနှစ်ပုံကိုတွဲတင်ကာ “onlineမှာရောင်းတဲ့အရာတွေကို ငါဘယ်တော့အခါမှ မယုံတော့ဘူးဟေ့”လို့ တိုင်တန်းခဲ့ပါသေးတယ်။အဆိုပါဓာတ်ပုံဟာ ချက်ချင်းဘဲပျံ့နှံ့သွားခဲ့ပြီးနောက် ခင်ဗျားတို့မျှော်လင့်ထားသလိုပဲ လူအများက Maxကို ရယ်စရာတွေပြောလာခဲ့ကြပါတယ်။လူအများက”မင်းရဲ့ဖိနပ်က ချစ်စရာလေးကော ဘယ်မှာဝယ်တာလဲ”၊”ရောင်းသူက မင်းကိုလိမ်သွားတာမဟုတ်ဘူး၊သူတို့ကတကယ်တော့လိပ်တွေပဲ”လို့ နောက်ပြောင်ထားကြပါသေးတယ်။သူ့အဖြစ်က ရယ်စရာကောင်းနေပေမဲ့လည်း အဲ့ဖိနပ်လေးကို သေချာကြည့်ရင်တော့ ချစ်စရာလေးပါ။

Mia (Mckzone Daily)

Be the first to comment on "Limited Editionဖိနပ္တစ္စုံကို Online Shop တစ္ခုမွာေစ်းသက္သာတယ္ထင္ၿပီးမွာလိုက္ေတာ့ အေမြးပြပိုးဖိနပ္ျဖစ္ေနခဲ့တဲ့အျဖစ္"

Leave a comment

Your email address will not be published.


*