လူ့တို့ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကို ကူညီအထောက်အပံ့ပေးတဲ့တွားသွားသတ္တဝါအဖြစ် သတ်မှတ်ခံထားရတဲ့မိကျောင်း(ရုပ်သံ)




1

2

3

Mia (Mckzone Daily)

Source : elitereaders

Unicode

အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Strinestown မြို့မှ Joie Henney အမည်ရှိအသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့အမျိုးသားတစ်ဦးဟာ မိကျောင်းနှစ်ကောင်မွေးထားပေမဲ့လည်း Wally အမည်ရှိတဲ့မိကျောင်းတစ်ကောင်ကတော့ အခြားမိကျောင်းတွေလို မဟုတ်နေပါဘူး။Wally ဟာ Henney ကိုနှစ်သိမ့်ပေးတတ်တဲ့အပြင် အိမ်နီးချင်းတွေကိုလည်း နေ့တိုင်း သွားရောက်လည်ပတ်တတ်ပါသေးတယ်။Henney ၂၀၁၅ ခုနှစ်မှာ Wally ကို အိမ်ခေါ်လာတဲ့အချိန်တုန်းက ၁၄ လအရွယ်သာရှိပါသေးတယ်။သူတို့နှစ်ဦးဟာ အချိန်အတော်ကြာမှ အမှန်တကယ် ရင်းနှီးလာခဲ့ကြတာပါတဲ့။Wallyဟာ ပထမတော့အရာအားလုံးမကောင်းတဲ့သဘောထားမှာရှိနေပြီး ပထမဆုံးရက်အနည်းငယ်အတွင်းမှာ Wally အနီးကိုမသွားရဲခဲ့ကြောင်း Henney က ဝန်ခံပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံး အသက်ငယ်သေးတဲ့ Wally ဟာ အေးဆေးငြိမ်သက်သွားခဲ့ပြီး သူ့ရဲ့အဖော်အသစ်နဲ့လိုက်လျောညီထွေဖြစ်လာခဲ့ပါတယ်။

အဲ့လိုနဲ့ မကြာတော့ Wally ဟာ Henney အိမ်ပတ်လည်က အိမ်မွေးတိရိစ္ဆာန်ခွေးကို လိုက်ဖမ်းနေခဲ့သေးပေမဲ့ Hennyက”Wally ကခွေးလေးတစ်ကောင်လိုပါပဲ၊သူကငါတို့ကိုအိမ်ပတ်ပတ်လည်မှာ လိုက်ဖမ်းနေလိမ့်မယ်”လို့ဆိုထားပါသေးတယ်။အေးဆေးတည်ငြိမ်တဲ့သဘောသဘာဝမှာရှိတဲ့ Wallyဟာ စာသင်ကျောင်းတွေနဲ့ သက်ရှိရွယ်အိုနေအိမ်များကို မိကျောင်းအကြောင်းလေ့လာတဲ့နေရာမှာတင်ပြဖို့အတွက် စံပြမော်ဒယ်လည်းဖြစ်လာခဲ့ပါတယ်။Henney ဟာ ပိုင်ဆိုင်ဖွံ့ဖြိုးတိုးတက်မှုနဲ့အခြားလူမှု့လှုပ်ရှားမှုတွေက တွားသွားသတ္တဝါတို့ရဲ့နေရင်းဒေသအပေါ်ဘယ်လိုဖိအားပေးနေကြောင်း ရှင်းပြနေတုန်း Wally ရဲ့လှုပ်ရှားမှုတွေနှင့်ပင်ကိုစွမ်းရည်ကို ရှာဖွေတွေ့ရှိခဲ့ရပြီး သူ့ရဲ့အဆိုအရ Wally ဟာ အထီးကျန်စိတ်ဝေဒနာရှင်နှင့် အခြားစိတ်ပိုင်းဆိုင်ရာမသန်စွမ်းကလေးတွေကို ဆွဲဆောင်စေပြီး တည်တည်ငြိမ်ငြိမ်လေးနေပေးရင်း ကလေးတွေအတွက် နီးနီးစပ်စပ်ထိတွေ့နိုင်ဖို့ကူညီပေးပါတယ်တဲ့။

အံ့ဩစရာကောင်းလောက်တဲ့အကျိုးသက်ရောက်မှုကိုမြင်တွေ့ပြီးနောက်မှာ Henney က အဆိုပါမိကျောင်းကို စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးတဲ့တွားသွားသတ္တဝါအဖြစ်မှတ်ပုံတင်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။Henney နဲ့ ၄ပေအရှည်ရှိပြီဖြစ်တဲ့ Wally မိကျောင်းဟာ သက်ကြီးရွယ်အိုစီနီယာအိမ်တွေသို့ မကြာခဏသွားလည်လေ့ရှိပြီး အစပိုင်းမှာ လူအများကကြောက်လန့်သလိုဖြစ်နေခဲ့ကြပေမဲ့ သူတို့ဟာနောက်ဆုံး Wally နဲ့အတူဓာတ်ပုံတွဲရိုက်ချင်လောက်အောင် ဆွဲဆောင်ခြင်းခံခဲ့ကြရပါတယ်။မိကျောင်းတောင် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ပေးတဲ့တွားသွားသတ္တဝါအဖြစ် မှတ်ပုံခံထားရတာပါလား။ခွေးတွေ ကြောင်တွေလောက်တော့ တက်မလာနဲ့ပေါ့လား။

Mia (Mckzone Daily)

  • Leave a Comment