ေဆး႐ုံမွာဘဲ လက္ထပ္ပြဲက်င္းပခဲ့ၿပီးေနာက္ နာရီအနည္းငယ္အၾကာမွာ ကြယ္လြန္သြားခဲ့တဲ့ သတို႔သမီး

ကြၽန္ေတာ္တို႔တက္ေရာက္ခဲ့ဖူးတဲ့မဂၤလာပြဲေတြမွာ သတို႔သားနဲ႔သတို႔သမီးက ေရွ႕ဆက္မယ့္သူတို႔ဘဝအတြက္ “ေကာင္းအတူ ဆိုးအတူ ၊ခ်မ္းသာဆင္းရဲအတူ၊က်န္းမာေပွ်ာ္႐ႊင္စြာနဲ႔အတူတူ ျဖတ္သန္းသြားၾကမယ္”စတဲ့စကားေတြ ကတိသစၥာျပဳၾကတာကို ေတြ႕ဖူးၾကမွာပါ။ဒါေပမဲ့ အခုမဂၤလာစုံတြဲတစ္တြဲအတြက္ကိုေတာ့ ကံတရားႀကီးကမ်က္ႏွာသာမေပးခဲ့ပါဘူး။အခုအျဖစ္အပ်က္ဟာ အေမရိကန္ႏိုင္ငံ Connecticutျပည္နယ္ Hartfordၿမိဳ႕ St. Francis ေဆး႐ုံမွာ ျဖစ္ပြါးခဲ့တာပါ။အသက္ ၃၅ႏွစ္အ႐ြယ္ David Mosherအမည္ရွိတဲ့အမ်ိဳးသားနဲ႔ သူ႔ခ်စ္သူအသက္ ၃၂ႏွစ္အ႐ြယ္ Heather Lindsayတို႔ဟာ မၾကာခင္က ေဆး႐ုံခန္းထဲမွာ ခ်စ္ျခင္းထုံးဖြဲ႕ခဲ့ၾကပါတယ္။ေၾကကြဲစရာေကာင္းတဲ့မဂၤလာပြဲဓာတ္ပုံေတြဟာ onlineမွာ ပ်ံ႕ႏွံ႔သြားေလခဲ့ပါတယ္။

Davidဟာ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ ၂၃ရက္ေန႔မွာသူတို႔ႏွစ္ဦး ဆရာဝန္ဆီသြားခဲ့ၿပီး Lindsayဟာ lymph node ေတြထဲျပန္႔ႏွံေနတဲ့ရင္သားကင္ဆာခံစားေနရတာကိုသိခဲ့တဲ့အဲဒီေန႔မွာဘဲ သူမကို ခ်စ္ခြင့္ပန္ခဲ့တာပါ။Davidဟာ ေရာဂါေၾကာင့္ သူတို႔ခ်စ္ျခင္းကို အခြဲမခံေစခဲ့ပါဘူး။”ငါသူ႔ကို ခ်စ္ခြင့္ပန္ခဲ့တယ္ ငါတို႔ဘဝရဲ႕အျပင္းထန္ဆုံးႏွစ္ဘဲ သူ ႐ိုးရာကုထုံးေတြနဲ႔ကင္ဆာကို တိုက္ျဖတ္ဖို႔ ႐ုန္းကန္ေနရတယ္”လို႔ ဆိုထားပါတယ္။ဒါေပမဲ့ ကင္ဆာက Lindsayရဲ႕ဦးေႏွာက္နဲ႔အဆုတ္ကိုျပန္႔ႏွံ႔သြားခဲ့ၿပီး မဂၤလာပြဲကို ေနာက္လ ၃၀ရက္ေန႔မွာ လုပ္ဖို႔ စီစဥ္ထားေပမဲ့ သူမရဲ႕အေျခအေနဆိုး႐ြားလြန္းတာေၾကာင့္ သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာဘဲ ႏွစ္ဖက္မိဘေဆြမ်ိဳး၊သူငယ္ခ်င္းေတြနဲ႔အတူ ေဆး႐ုံခန္းမွာဘဲ က်င္းပခဲ့ၾကရပါတယ္။

သူတို႔ပြဲဟာ ေျပာစရာမလိုေအာင္ အခန္းထဲက လူေတြမ်က္ရည္မက်ဘဲ မေနႏိုင္ခဲ့ၾကပါဘူး။Lindsayဟာ သူမရဲ႕ေနာက္ဆုံးအခ်ိန္ေလးမွာ ေပ်ာ္႐ႊင္မႈကို ေ႐ြးခ်ယ္ခဲ့ၿပီး အခမ္းအနားအၿပီး ၁၈နာရီအၾကာမွာေတာ့ သူမဟာ ၿငိမ္းခ်မ္းစြာ ကြယ္လြန္သြားေလခဲ့ပါတယ္။သူတို႔ရဲ႕ေၾကကြဲစရာျမင္ကြင္းဟာ ကမာၻတစ္ဝွမ္းရဲ႕အင္တာနက္သုံးစြဲသူေတြကို စိတ္မေကာင္းျဖစ္ေစခဲ့ရပါတယ္။သူတို႔မဂၤလာပြဲရဲ႕ဓာတ္ပုံဆရာ Christina Karas က “အဲ့ဒီအခ်ိန္က အရမ္းဝမ္းနည္းေၾကကြဲစရာေကာင္းတယ္ ဒါေပမဲ့ ဒီဇာတ္လမ္းက လူေတြအတြက္ ေမွ်ာ္လင့္ခ်က္ေပးေနေတာ့ ငါဝမ္းေျမာက္မိတယ္ သူက သူ႔ရဲ႕ေနာက္ဆုံးအခ်ိန္မွာေတာင္ ေပွ်ာ္ေပွ်ာ္႐ႊင္႐ႊင္နဲ႔ဘဲ ျဖတ္သန္းေနခဲ့တယ္”လို႔ ဆိုထားပါတယ္။ေအာ္ ကံတရားႀကီးက ဘယ္သူ႔ကိုမွ သနားညႇာတာမႈေလးေတာင္ မေပးပါလား။

Mia (Mckzone Daily)

Source : elitereaders

Unicode

ကျွန်တော်တို့တက်ရောက်ခဲ့ဖူးတဲ့မင်္ဂလာပွဲတွေမှာ သတို့သားနဲ့သတို့သမီးက ရှေ့ဆက်မယ့်သူတို့ဘဝအတွက် “ကောင်းအတူ ဆိုးအတူ ၊ချမ်းသာဆင်းရဲအတူ၊ကျန်းမာပျှော်ရွှင်စွာနဲ့အတူတူ ဖြတ်သန်းသွားကြမယ်”စတဲ့စကားတွေ ကတိသစ္စာပြုကြတာကို တွေ့ဖူးကြမှာပါ။ဒါပေမဲ့ အခုမင်္ဂလာစုံတွဲတစ်တွဲအတွက်ကိုတော့ ကံတရားကြီးကမျက်နှာသာမပေးခဲ့ပါဘူး။အခုအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ Connecticutပြည်နယ် Hartfordမြို့ St. Francis ဆေးရုံမှာ ဖြစ်ပွါးခဲ့တာပါ။အသက် ၃၅နှစ်အရွယ် David Mosherအမည်ရှိတဲ့အမျိုးသားနဲ့ သူ့ချစ်သူအသက် ၃၂နှစ်အရွယ် Heather Lindsayတို့ဟာ မကြာခင်က ဆေးရုံခန်းထဲမှာ ချစ်ခြင်းထုံးဖွဲ့ခဲ့ကြပါတယ်။ကြေကွဲစရာကောင်းတဲ့မင်္ဂလာပွဲဓာတ်ပုံတွေဟာ onlineမှာ ပျံ့နှံ့သွားလေခဲ့ပါတယ်။

Davidဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၃ရက်နေ့မှာသူတို့နှစ်ဦး ဆရာဝန်ဆီသွားခဲ့ပြီး Lindsayဟာ lymph node တွေထဲပြန့်နှံနေတဲ့ရင်သားကင်ဆာခံစားနေရတာကိုသိခဲ့တဲ့အဲဒီနေ့မှာဘဲ သူမကို ချစ်ခွင့်ပန်ခဲ့တာပါ။Davidဟာ ရောဂါကြောင့် သူတို့ချစ်ခြင်းကို အခွဲမခံစေခဲ့ပါဘူး။”ငါသူ့ကို ချစ်ခွင့်ပန်ခဲ့တယ် ငါတို့ဘဝရဲ့အပြင်းထန်ဆုံးနှစ်ဘဲ သူ ရိုးရာကုထုံးတွေနဲ့ကင်ဆာကို တိုက်ဖြတ်ဖို့ ရုန်းကန်နေရတယ်”လို့ ဆိုထားပါတယ်။ဒါပေမဲ့ ကင်ဆာက Lindsayရဲ့ဦးနှောက်နဲ့အဆုတ်ကိုပြန့်နှံ့သွားခဲ့ပြီး မင်္ဂလာပွဲကို နောက်လ ၃၀ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားပေမဲ့ သူမရဲ့အခြေအနေဆိုးရွားလွန်းတာကြောင့် သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာဘဲ နှစ်ဖက်မိဘဆွေမျိုး၊သူငယ်ချင်းတွေနဲ့အတူ ဆေးရုံခန်းမှာဘဲ ကျင်းပခဲ့ကြရပါတယ်။

သူတို့ပွဲဟာ ပြောစရာမလိုအောင် အခန်းထဲက လူတွေမျက်ရည်မကျဘဲ မနေနိုင်ခဲ့ကြပါဘူး။Lindsayဟာ သူမရဲ့နောက်ဆုံးအချိန်လေးမှာ ပျော်ရွှင်မှုကို ရွေးချယ်ခဲ့ပြီး အခမ်းအနားအပြီး ၁၈နာရီအကြာမှာတော့ သူမဟာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားလေခဲ့ပါတယ်။သူတို့ရဲ့ကြေကွဲစရာမြင်ကွင်းဟာ ကမ္ဘာတစ်ဝှမ်းရဲ့အင်တာနက်သုံးစွဲသူတွေကို စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။သူတို့မင်္ဂလာပွဲရဲ့ဓာတ်ပုံဆရာ Christina Karas က “အဲ့ဒီအချိန်က အရမ်းဝမ်းနည်းကြေကွဲစရာကောင်းတယ် ဒါပေမဲ့ ဒီဇာတ်လမ်းက လူတွေအတွက် မျှော်လင့်ချက်ပေးနေတော့ ငါဝမ်းမြောက်မိတယ် သူက သူ့ရဲ့နောက်ဆုံးအချိန်မှာတောင် ပျှော်ပျှော်ရွှင်ရွှင်နဲ့ဘဲ ဖြတ်သန်းနေခဲ့တယ်”လို့ ဆိုထားပါတယ်။အော် ကံတရားကြီးက ဘယ်သူ့ကိုမှ သနားညှာတာမှုလေးတောင် မပေးပါလား။

Mia (Mckzone Daily)

  • Leave a Comment