အမှိုက်ပုံးသွန်ဖို့ မေ့နေခဲ့တဲ့ကျောင်းသားတွေကို အမှိုက်ကောက်စားခိုင်းပြီးအပြစ်ပေးခဲ့တဲ့ ကျောင်းဆရာ (ရုပ်/သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံက မူလတန်းကျောင်းသားတစ်ဖွဲ့ဟာ ဝမ်းဗိုက်နာကျင်လွန်ခဲ့တဲ့အတွက် တစ်ဖွဲ့လုံးကိုဆေးရုံတင်ခဲ့ရပါတယ် ။ အဆိုပါကျောင်းသားလေးတွေဟာ စာသင်ခန်းမှာရှိနေတဲ့အမှိုက်ပုံးကိုသွန်ဖို့ မေ့နေခဲ့တဲ့အတွက် အမှိုက်တွေကိုကောက်စားခိုင်းတဲ့ အပြစ်ပေးမှုမျိုးခံခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်မှာ အဓိကပါဝင်ခဲ့တဲ့ကျောင်းဆရာဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၊ ကျောင်းအုပ်ကြီးနှစ်ယောက်မှာလည်း ရာထူးမှဖယ်ထုတ်ခြင်းခံခဲ့ရပါတယ် ။ ဆရာဝန်တွေရဲ့ပြောကြားချက်အရ ကျောင်းသားလေတွေရဲ့ဝမ်းဗိုက်ထဲမှာ ပုံမှန်မဟုတ်တဲ့အရာများကိုတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါအရာတွေကို ကလေးငယ်တွေရဲ့ မစင် တွေထဲမှာပါတွေ့ရှိခဲ့တာဖြစ်ပြီး ကျိုးပဲ့နေသော စက္ကူ အပိုင်းအစ ၊ ပလပ်စတစ်အပိုင်းအစများ နှင့် နှင်းသီးရဲ့အခွံတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ် ။

ဆေးရုံကုတင်ပေါ်မှာ လဲနေခဲ့ရတဲ့ကျောင်းသားတစ်ဦးကတော့ ကျောင်းဆရာဟာစာသင်ခန်းအတွင်းလာရောက်စစ်ဆေးပြီးနောက် ကျောင်းသားတွေအမှိုက်ပုံးမသွန်ရသေးတာကိုတွေ့ရှိခဲ့ပါတယ် ။ ထို့နောက် ကျောင်းသား 10ယောက်လုံးကို အမှိုက်တွေကိုအတင်း ကောက်စားခိုင်းပြီးအပြစ်ပေးခဲ့ပါတယ် ။ ကျောင်းသားတွေဟာ ပြစ်ဒဏ်ထပ်ပေးပြီးကျောင်းမှနှင်ထုတ်ခံရမှာကိုကြောက်ခဲ့တဲ့အတွက် အဆိုပါအဖြစ်အပျက်များကို ၎င်းတို့၏မိဘများထံသို့မတိုင်းကြားရဲခဲ့ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း စာသင်ကျောင်းဖက်မှ ကျောင်းသားတွေကိုအမှိုက်ကောက်စားခိုင်းတဲ့ အပြစ်ပေးမှုမျိုးကိုမပြုလုပ်ခဲ့ရကြောင်း နှင့် အဆိုပါလုပ်ရပ်မျိုးကို ကျောင်းဆရာတစ်ဦးထဲကသာပြုလုပ်ခဲ့တာဖြစ်ကြောင်း ပြန်လည်ချေပပြောဆိုခဲ့ပါတယ် ။ ကျောင်းဆရာရဲ့ ကျောင်းသားတွေအပေါ်အပြစ်ပေးမှုဟာ အနိုင်ကျင့်နှိပ်စက်သည့်လုပ်ရပ်ဖက်သို့ရောက်ရှိသွားခဲ့တာဖြစ်ပြီး ၊ ကျောင်းသားတွေရဲ့ ဝမ်းဗိုက်ထဲမှာကြွင်းကျန်ရစ်နေခဲ့တဲ့ အမှိုက်သရိုက်များကို အဆင်ပြေအောင်မြင်စွာ အလျင်အမြန်ထုတ်ပစ်နိုင်ဖို့ မျှော်လင့်ရမှာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "အမှိုက်ပုံးသွန်ဖို့ မေ့နေခဲ့တဲ့ကျောင်းသားတွေကို အမှိုက်ကောက်စားခိုင်းပြီးအပြစ်ပေးခဲ့တဲ့ ကျောင်းဆရာ (ရုပ်/သံ)"

Leave a comment

Your email address will not be published.


*