လူ႔မ်က္ႏွာေတြကို ဝယ္ယူၿပီး 3Dပုံႏွိပ္မ်က္ႏွာဖုံးအျဖစ္ ျပန္လည္ေရာင္းခ်တဲ့ကုမၸဏီ (႐ုပ္သံ)

ခင္ဗ်ားတို႔မ်က္ႏွာကို ေရာင္းခ်င္ပါသလား။အကယ္လို႔ yesဆိုရင္ေတာ့ ခင္ဗ်ားတို႔ဆီၾကားခ်င္ေနတဲ့ ဂ်ပန္ကုမၸဏီတစ္ခုရွိေနပါတယ္။သူတို႔က ခင္ဗ်ားတို႔မ်က္ႏွာကို ဝယ္ၿပီး အလြန္လက္ေတြ႕က်တဲ့ 3Dပုံႏွိပ္မ်က္ႏွာဖုံးအျဖစ္ ျပန္ေရာင္းခ်တာပါ။တိုက်ိဳၿမိဳ႕အေျခစိုက္ စတိုးဆိုင္နဲ႔ အထူးမ်က္ႏွာဖုံးထုတ္လုပ္သူ Kamenya Omoto က လူ႔မ်က္ႏွာတစ္ခုကို ယန္း ၄၀,၀၀၀(၅သိန္းေက်ာ္)ဝယ္ယူမယ္လို႔ ေၾကာျငာၿပီးကတည္းက ကမ္းလွမ္းခ်က္ေတြနဲ႔ ျပည့္ေနခဲ့ပါတယ္။ကုမၸဏီဟာ လူတို႔ရဲ႕မ်က္ႏွာေတြကို တကယ့္လက္ေတြ႕မ်က္ႏွာမ်ားအျဖစ္ ပုံတူပြါးၿပီး ခန္႔မွန္းေျခ ေဒၚလာ ၉၄၀ (၁၂သိန္းေက်ာ္)ထိ ျပန္ေရာင္းခ်ပါတယ္။အကယ္လို႔ မ်က္ႏွာဖုံးတစ္ခုက လူႀကိဳက္မ်ားေရပန္းစားေနခဲ့ရင္ အဆိုပါမ်က္ႏွာပိုင္ရွင္က အျမတ္အစြန္းရဲ႕ရာခိုင္ႏႈန္းအခ်ိဳ႕ကိုလည္းရရွိသြားမွာပါ။အဆိုပါ”That Face”အမည္ရွိအျငင္းပြါးစရာေကာင္းတဲ့စီမံကိန္းဟာ မ်က္ႏွာေတြဝယ္ျခင္းနဲ႔ေရာင္းျခင္းရဲ႕စိတ္ကူးကို သိပၸံနည္းက်က်လွည့္ကြက္ေပးဖို႔ ရည္႐ြယ္ထားတာပါ။

ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြက အရင္ထက္ပိုလုံၿခဳံဖို႔အေရးႀကီးေနတဲ့ေခတ္ႀကီးမွာ အျမတ္ရဖို႔မ်က္ႏွာေတြကိုအခြင့္အေရးအျဖစ္ေရာင္းခ်ေနတာက အေတာ္ေလးထူးဆန္းေနပုံရေပမဲ့ ၿပီးခဲ့တဲ့လ မ်က္ႏွာေတြဝယ္ယူဖို႔အစီအစဥ္ကိုေၾကာျငာၿပီးေနာက္မွာေတာ့ Kamenya Omotoဟာ စီမံကိန္းနဲ႔ပတ္သက္ၿပီး ကမ္းလွမ္းခ်က္ေတြနဲ႔ ေမးခြန္းေတြေၾကာင့္ ဂ်ပန္ social media ကိုလႊမ္းမိုးသြားခဲ့ပါေသးတယ္။အဆိုပါအစီအစဥ္ကို တိုက်ိဳၿမိဳ႕တစ္ခုတည္းသာ ကန္႔သတ္ထားေပမဲ့ စိတ္ဝင္စားလြန္းရင္ေတာ့ ကုမၸဏီက မ်က္ႏွာေတြအေ႐ြးခ်ယ္ခံရဖို႔ ကံစမ္းမဲနဲ႔ေဖာက္ေပးပါတယ္။အသက္ ၂၀ အထက္ ဘယ္သူမဆို အျမတ္အစြန္းရဖို႔ ေလွ်ာက္ထားႏိုင္ေပမဲ့ ေ႐ြးခ်ယ္ခံရသူေတြကို ဘယ္သူဘယ္ဝါျဖစ္ေၾကာင္းထုတ္ေဖာ္ခြင့္မျပဳေၾကာင္း ကုမၸဏီက ရွင္းရွင္းလင္းလင္းေျပာၾကားခဲ့ၿပီး မ်က္ႏွာဖုံးျပဳလုပ္သူကလည္း လူေတြရဲ႕ပုံပန္းသ႑ာန္ သို႔မဟုတ္ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို မ်က္ႏွာဖုံးျပဳလုပ္ျခင္းလုပ္ငန္းျပင္ပရွိဘယ္သူ႔ကိုမွ မေဖာ္ထုတ္ဖို႔လည္း သေဘာတူထားပါေသးတယ္။

လက္ရွိမွာေတာ့ ဆိုင္ရွင္ Kamenya Omotoရဲ႕မ်က္ႏွာတစ္ခုတည္းကိုသာ လူႀကိဳက္မ်ားေနပါေသးတယ္။”သိပၸံစိတ္ကူးယဥ္ဇာတ္လမ္းက အမွန္တကယ္ျဖစ္လာၿပီ၊ခင္ဗ်ားနဲ႔ မ်က္ႏွာတူေနတဲ့ကမာၻႀကီးက ဘယ္ေတြဆက္ျဖစ္မလဲဆိုတာကို ဘယ္သူမွမသိေသးဘူး”လို႔ ဆိုင္ရွင္ကဆိုထားပါတယ္။ Kamenya Omotoဟာ လူေတြရဲ႕မ်က္ႏွာကို အစြန္းေရာက္လက္ေတြ႕က်တဲ့မ်က္ႏွာဖုံးေတြဖန္တီးတဲ့ပထမဆုံးကုမၸဏီမဟုတ္ပါဘူး။၂၀၁၁ခုႏွစ္တုန္းက REAL-f ကုမၸဏီက လူေတြရဲ႕မ်က္ႏွာကို 3Dအထူးမ်က္ႏွာဖုံးအရင္ျပဳလုပ္ခဲ့ေပမဲ့ အဲ့ခ်ိန္တုန္းက ေစ်းႏႈန္း ေဒၚလာ ၄၀၀၀ ဝန္းက်င္အထိရွိတာေၾကာင့္ သူတို႔ရဲ႕အစီအစဥ္က အရာမထင္ခဲ့ပါဘူး။

Mia (Mckzone Daily)

Source : odditycentral

Unicode

ခင်ဗျားတို့မျက်နှာကို ရောင်းချင်ပါသလား။အကယ်လို့ yesဆိုရင်တော့ ခင်ဗျားတို့ဆီကြားချင်နေတဲ့ ဂျပန်ကုမ္ပဏီတစ်ခုရှိနေပါတယ်။သူတို့က ခင်ဗျားတို့မျက်နှာကို ဝယ်ပြီး အလွန်လက်တွေ့ကျတဲ့ 3Dပုံနှိပ်မျက်နှာဖုံးအဖြစ် ပြန်ရောင်းချတာပါ။တိုကျိုမြို့အခြေစိုက် စတိုးဆိုင်နဲ့ အထူးမျက်နှာဖုံးထုတ်လုပ်သူ Kamenya Omoto က လူ့မျက်နှာတစ်ခုကို ယန်း ၄၀,၀၀၀(၅သိန်းကျော်)ဝယ်ယူမယ်လို့ ကြောငြာပြီးကတည်းက ကမ်းလှမ်းချက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ကုမ္ပဏီဟာ လူတို့ရဲ့မျက်နှာတွေကို တကယ့်လက်တွေ့မျက်နှာများအဖြစ် ပုံတူပွါးပြီး ခန့်မှန်းခြေ ဒေါ်လာ ၉၄၀ (၁၂သိန်းကျော်)ထိ ပြန်ရောင်းချပါတယ်။အကယ်လို့ မျက်နှာဖုံးတစ်ခုက လူကြိုက်များရေပန်းစားနေခဲ့ရင် အဆိုပါမျက်နှာပိုင်ရှင်က အမြတ်အစွန်းရဲ့ရာခိုင်နှုန်းအချို့ကိုလည်းရရှိသွားမှာပါ။အဆိုပါ”That Face”အမည်ရှိအငြင်းပွါးစရာကောင်းတဲ့စီမံကိန်းဟာ မျက်နှာတွေဝယ်ခြင်းနဲ့ရောင်းခြင်းရဲ့စိတ်ကူးကို သိပ္ပံနည်းကျကျလှည့်ကွက်ပေးဖို့ ရည်ရွယ်ထားတာပါ။

ကိုယ်ရေးကိုယ်တာအချက်အလက်တွေက အရင်ထက်ပိုလုံခြုံဖို့အရေးကြီးနေတဲ့ခေတ်ကြီးမှာ အမြတ်ရဖို့မျက်နှာတွေကိုအခွင့်အရေးအဖြစ်ရောင်းချနေတာက အတော်လေးထူးဆန်းနေပုံရပေမဲ့ ပြီးခဲ့တဲ့လ မျက်နှာတွေဝယ်ယူဖို့အစီအစဉ်ကိုကြောငြာပြီးနောက်မှာတော့ Kamenya Omotoဟာ စီမံကိန်းနဲ့ပတ်သက်ပြီး ကမ်းလှမ်းချက်တွေနဲ့ မေးခွန်းတွေကြောင့် ဂျပန် social media ကိုလွှမ်းမိုးသွားခဲ့ပါသေးတယ်။အဆိုပါအစီအစဉ်ကို တိုကျိုမြို့တစ်ခုတည်းသာ ကန့်သတ်ထားပေမဲ့ စိတ်ဝင်စားလွန်းရင်တော့ ကုမ္ပဏီက မျက်နှာတွေအရွေးချယ်ခံရဖို့ ကံစမ်းမဲနဲ့ဖောက်ပေးပါတယ်။အသက် ၂၀ အထက် ဘယ်သူမဆို အမြတ်အစွန်းရဖို့ လျှောက်ထားနိုင်ပေမဲ့ ရွေးချယ်ခံရသူတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်းထုတ်ဖော်ခွင့်မပြုကြောင်း ကုမ္ပဏီက ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး မျက်နှာဖုံးပြုလုပ်သူကလည်း လူတွေရဲ့ပုံပန်းသဏ္ဍာန် သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မျက်နှာဖုံးပြုလုပ်ခြင်းလုပ်ငန်းပြင်ပရှိဘယ်သူ့ကိုမှ မဖော်ထုတ်ဖို့လည်း သဘောတူထားပါသေးတယ်။

လက်ရှိမှာတော့ ဆိုင်ရှင် Kamenya Omotoရဲ့မျက်နှာတစ်ခုတည်းကိုသာ လူကြိုက်များနေပါသေးတယ်။”သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းက အမှန်တကယ်ဖြစ်လာပြီ၊ခင်ဗျားနဲ့ မျက်နှာတူနေတဲ့ကမ္ဘာကြီးက ဘယ်တွေဆက်ဖြစ်မလဲဆိုတာကို ဘယ်သူမှမသိသေးဘူး”လို့ ဆိုင်ရှင်ကဆိုထားပါတယ်။ Kamenya Omotoဟာ လူတွေရဲ့မျက်နှာကို အစွန်းရောက်လက်တွေ့ကျတဲ့မျက်နှာဖုံးတွေဖန်တီးတဲ့ပထမဆုံးကုမ္ပဏီမဟုတ်ပါဘူး။၂၀၁၁ခုနှစ်တုန်းက REAL-f ကုမ္ပဏီက လူတွေရဲ့မျက်နှာကို 3Dအထူးမျက်နှာဖုံးအရင်ပြုလုပ်ခဲ့ပေမဲ့ အဲ့ချိန်တုန်းက စျေးနှုန်း ဒေါ်လာ ၄၀၀၀ ဝန်းကျင်အထိရှိတာကြောင့် သူတို့ရဲ့အစီအစဉ်က အရာမထင်ခဲ့ပါဘူး။

Mia (Mckzone Daily)

Be the first to comment on "လူ႔မ်က္ႏွာေတြကို ဝယ္ယူၿပီး 3Dပုံႏွိပ္မ်က္ႏွာဖုံးအျဖစ္ ျပန္လည္ေရာင္းခ်တဲ့ကုမၸဏီ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*