လွပတဲ့႐ုပ္ရည္၊အရပ္အေမာင္းတို႔နဲ႔အတူ ယခင္က ေမာ္ဒယ္တစ္ဦးလည္းျဖစ္ေနခဲ့တဲ့ ႏိုင္ငံ့အလွဆုံးအမ်ိဳးသမီးစစ္သား

တ႐ုတ္အစိုးရဟာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံရဲ႕၇၀ ႏွစ္ေျမာက္ႏွစ္ပတ္လည္ပြဲမွာ စစ္ေရးျပပြဲျပဳလုပ္က်င္းပရင္း ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွအဖြဲ႕ဝင္တစ္ဦးေၾကာင့္ ျပည္သူေတြရဲ႕ႏွလုံးသားကို အရည္ေပ်ာ္သြားေစခဲ့ၿပီး တ႐ုတ္ social mediaကို ခ်ိဳးေဖာက္သြားေစခဲ့ပါတယ္။အသက္ ၂၇ႏွစ္အ႐ြယ္ Men Jiahui အမည္ရွိ PLA ရဲ႕ရင္သပ္ရႈေမာဖြယ္ဂုဏ္အသေရရွိကိုယ္ရံေတာ္အမ်ိဳးသမီးဟာ Tienanmen ရင္ျပင္ရွိ China’s Victory Day ခ်ီတက္ပြဲမွာ အျခားအမ်ိဳးသမီးစစ္သည္ေတြနဲ႔အတူ ခ်ီတက္ေနစဥ္ သူမရဲ႕လွပတဲ့အသြင္အျပင္ နဲ႔ ၅ ေပ ၁၀ လက္မ အရပ္အေမာင္းတို႔ေၾကာင့္ လူအမ်ားရဲ႕အာ႐ုံစိုက္မႈ နဲ႔ ၾကည္ညိဳေလးစားမႈကိုရရွိသြားခဲ့ၿပီးေနာက္ သူမဟာ တ႐ုတ္ႏိုင္ငံရဲ႕အလွဆုံးစစ္သားအျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။PLA မ၀င္ခင္တုန္းက Men ဟာ တ႐ုတ္ႏိုင္ငံရွိ Lingerie အမ်ိဳးသမီးေမာ္ဒယ္အျဖစ္ အလုပ္လုပ္ကိုင္ဖူးပါေသးတယ္။

Men ရဲ႕ အျခား PLA အမ်ိဳးသားနဲ႔အမ်ိဳးသမီးစစ္သားေတြေရွ႕မွာ လမ္းေလွ်ာက္ေဖ်ာ္ေျဖျပခဲ့ဗီဒီယိုဟာ အင္တာနက္ပလက္ေဖာင္းေပၚပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူသန္းခ်ီက သူမကိုခ်ီးမြမ္းရင္းေလးစားေၾကာင္း မွတ္ခ်က္မ်ားစြာေပးခဲ့ၾကပါတယ္။Liaoning ျပည္နယ္၊ Dalianၿမိဳ႕ဇာတိဖြားျဖစ္တဲ့ Men ဟာ ေပက်င္းတကၠသိုလ္ရွိ ဖက္ရွင္နည္းပညာဘာသာရပ္ကို သင္ၾကားခဲ့ၿပီး ၂၀၀၈ ခုႏွစ္ China Lingerie Model ၿပိဳင္ပြဲမွာ တတိယဆုရရွိခဲ့ၿပီး ေမာ္ဒယ္သက္တမ္း၆ႏွစ္အၾကာမွာေတာ့ သူမအလုပ္ေျပာင္းဖို႔ဆုံးျဖတ္ခဲ့တာပါ။အင္တာဗ်ဴးတစ္ခုမွာ Menက “ကြၽန္မငယ္ငယ္တုန္းကစစ္သားတစ္ေယာက္ျဖစ္ဖို႔ အိမ္မက္မက္ခဲ့တယ္၊ အႏုပညာေက်ာင္းတက္ၿပီးေနာက္ေတာ့ ကြၽန္မအိပ္မက္ကိုဆိုင္းငံ့ပစ္ခဲ့တယ္” လို႔ဆိုထားပါတယ္။

Men ဟာ ေဒသခံဌာနခြဲေတြက PLAအမ်ိဳးသမီးကိုယ္စားလွယ္ေတြကို စတင္လက္ခံတာနဲ႔တစ္ခါတည္း စစ္တပ္ထဲဝင္ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။စစ္တပ္ထဲဝင္ၿပီးတဲ့ေနာက္မွာ သူမရဲ႕ဘဝဟာေတာ္ေတာ္ေလးခက္ခဲခဲ့ေပမဲ့ စိန္ေခၚမႈေတြက သူမၿပီးေျမာက္ေအာင္လုပ္ရမယ့္တာဝန္ေတြနဲ႔ယွဥ္ရင္ဘာမွမဟုတ္ဘူးလို႔လည္းဆိုခဲ့ပါတယ္။Menက ဂုဏ္သိကၡာရွိတဲ့စံျပပုဂၢိဳလ္တစ္ဦးနဲ႔ ေမာ္ဒယ္တစ္ဦး ျဖစ္ရျခင္းက တူညီတဲ့အခ်က္အခ်ိဳ႕ေတြရွိၿပီး လူအမ်ားေရွ႕မွာ အဆိုပါအလုပ္ႏွစ္ခုစလုံးႏွင့္ပတ္သက္ၿပီး ကိုယ့္ကိုယ္ကိုျပသတတ္ဖို႔လိုတယ္လို႔ China Central Television ရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။သူမဘ၀ကေတာ္ေတာ္ေလးေျပာင္းလဲသြားၿပီဆိုေပမယ့္ သူမဘယ္တုန္းကမွေနာင္တမရခဲ့ဘူးလို႔လည္း ထပ္မံေျပာၾကားခဲ့ပါေသးတယ္။

1

2

3

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်အစိုးရဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့၇၀ နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ စစ်ရေးပြပွဲပြုလုပ်ကျင်းပရင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအဖွဲ့ဝင်တစ်ဦးကြောင့် ပြည်သူတွေရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပြီး တရုတ် social mediaကို ချိုးဖောက်သွားစေခဲ့ပါတယ်။အသက် ၂၇နှစ်အရွယ် Men Jiahui အမည်ရှိ PLA ရဲ့ရင်သပ်ရှုမောဖွယ်ဂုဏ်အသရေရှိကိုယ်ရံတော်အမျိုးသမီးဟာ Tienanmen ရင်ပြင်ရှိ China’s Victory Day ချီတက်ပွဲမှာ အခြားအမျိုးသမီးစစ်သည်တွေနဲ့အတူ ချီတက်နေစဉ် သူမရဲ့လှပတဲ့အသွင်အပြင် နဲ့ ၅ ပေ ၁၀ လက်မ အရပ်အမောင်းတို့ကြောင့် လူအများရဲ့အာရုံစိုက်မှု နဲ့ ကြည်ညိုလေးစားမှုကိုရရှိသွားခဲ့ပြီးနောက် သူမဟာ တရုတ်နိုင်ငံရဲ့အလှဆုံးစစ်သားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။PLA မဝင်ခင်တုန်းက Men ဟာ တရုတ်နိုင်ငံရှိ Lingerie အမျိုးသမီးမော်ဒယ်အဖြစ် အလုပ်လုပ်ကိုင်ဖူးပါသေးတယ်။

Men ရဲ့ အခြား PLA အမျိုးသားနဲ့အမျိုးသမီးစစ်သားတွေရှေ့မှာ လမ်းလျှောက်ဖျော်ဖြေပြခဲ့ဗီဒီယိုဟာ အင်တာနက်ပလက်ဖောင်းပေါ်ပျံ့နှံ့သွားခဲ့ပြီး လူသန်းချီက သူမကိုချီးမွမ်းရင်းလေးစားကြောင်း မှတ်ချက်များစွာပေးခဲ့ကြပါတယ်။Liaoning ပြည်နယ်၊ Dalianမြို့ဇာတိဖွားဖြစ်တဲ့ Men ဟာ ပေကျင်းတက္ကသိုလ်ရှိ ဖက်ရှင်နည်းပညာဘာသာရပ်ကို သင်ကြားခဲ့ပြီး ၂၀၀၈ ခုနှစ် China Lingerie Model ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့ပြီး မော်ဒယ်သက်တမ်း၆နှစ်အကြာမှာတော့ သူမအလုပ်ပြောင်းဖို့ဆုံးဖြတ်ခဲ့တာပါ။အင်တာဗျူးတစ်ခုမှာ Menက “ကျွန်မငယ်ငယ်တုန်းကစစ်သားတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့တယ်၊ အနုပညာကျောင်းတက်ပြီးနောက်တော့ ကျွန်မအိပ်မက်ကိုဆိုင်းငံ့ပစ်ခဲ့တယ်” လို့ဆိုထားပါတယ်။

Men ဟာ ဒေသခံဌာနခွဲတွေက PLAအမျိုးသမီးကိုယ်စားလှယ်တွေကို စတင်လက်ခံတာနဲ့တစ်ခါတည်း စစ်တပ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စစ်တပ်ထဲဝင်ပြီးတဲ့နောက်မှာ သူမရဲ့ဘဝဟာတော်တော်လေးခက်ခဲခဲ့ပေမဲ့ စိန်ခေါ်မှုတွေက သူမပြီးမြောက်အောင်လုပ်ရမယ့်တာဝန်တွေနဲ့ယှဉ်ရင်ဘာမှမဟုတ်ဘူးလို့လည်းဆိုခဲ့ပါတယ်။Menက ဂုဏ်သိက္ခာရှိတဲ့စံပြပုဂ္ဂိုလ်တစ်ဦးနဲ့ မော်ဒယ်တစ်ဦး ဖြစ်ရခြင်းက တူညီတဲ့အချက်အချို့တွေရှိပြီး လူအများရှေ့မှာ အဆိုပါအလုပ်နှစ်ခုစလုံးနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုပြသတတ်ဖို့လိုတယ်လို့ China Central Television ရဲ့အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။သူမဘဝကတော်တော်လေးပြောင်းလဲသွားပြီဆိုပေမယ့် သူမဘယ်တုန်းကမှနောင်တမရခဲ့ဘူးလို့လည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Be the first to comment on "လွပတဲ့႐ုပ္ရည္၊အရပ္အေမာင္းတို႔နဲ႔အတူ ယခင္က ေမာ္ဒယ္တစ္ဦးလည္းျဖစ္ေနခဲ့တဲ့ ႏိုင္ငံ့အလွဆုံးအမ်ိဳးသမီးစစ္သား"

Leave a comment

Your email address will not be published.


*