12ႏွစ္နီးပါးစုေဆာင္းထားခဲ့တဲ့ေငြနဲ႔ မိခင္ျဖစ္သူ အလိုအပ္ဆံုးအရာကိုလက္ေဆာင္ေပးခဲ့တဲ့17ႏွစ္အရြယ္သားေလး

မိခင္ရဲ႕ေမြးေန႔ဆိုရင္ လူအမ်ားစုကမိခင္အတြက္ လက္ဝတ္ရတနာေတြ ၊ ေငြေၾကး ဒါမွမဟုတ္ အေကာင္းဆံုးေသာစားေသာက္ဆိုင္ေတြမွာ ဧည့္ခံၿပီးလက္ေဆာင္ေပးဖို႔သာ စဥ္းစားမိၾကမွာပါ ။ သို႔ေပမဲ့လည္း အိႏၵိယႏိုင္ငံ Jodhpur ၿမိဳ႕က အသက္ 17ႏွစ္အရြယ္ေကာလိပ္ေက်ာင္းသားေလးမွာေတာ့ သူ၏မိခင္အမွန္တကယ္လိုအပ္ေနသည့္အရာကိုသာ လက္ေဆာင္ေပးဖို႔ဆံုးျဖတ္ခဲ့ပါတယ္ ။ အဲဒါကေတာ့ မိခင္အသံုးျပဳေနတဲ့ ေရခဲေသတၱာမွာ ပ်က္ဆီးသြားခဲ့တာအခ်ိန္အေတာ္ၾကာၿပီျဖစ္ေနခဲ့တဲ့အတြက္ အသစ္တစ္ခုဝယ္ေပးဖို႔ျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ သတင္းစာမွာေၾကာ္ျငာထားတဲ့ေရခဲေသတာၱကိုျမင္ၿပီး ၎လ်ွက္စစ္ပစၥည္းဆိုင္ကိုသြားေရာက္ၾကည့္႐ႈဖို႔ ဆံုးျဖတ္ခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ ႏွစ္ေပါင္းမ်ားစြာစုေဆာင္လာခဲ့တဲ့ ဒဂၤါးျပားေတြထည့္ထားေသာ 35kg အေလးခ်ိန္႐ွိတဲ့အိတ္ႀကီးကိုဆြဲယူၿပီး ထြက္လာခဲ့ပါတယ္ ။ အဆိုပါအိတ္ထဲတြင္ ေငြပမာဏ RS13,500 (ျမန္မာေငြ 2သိန္းေက်ာ္)ဝန္က်င္သာပါ႐ွိတဲ့အတြက္ အဆိုပါေရခဲေသတၱာကိုဝယ္ယူဖို႔ ေငြေၾကးမလံုေလာက္ခဲ့ပါဘူး ။ သို႔ေပမဲ့လည္း သူ၏မိခင္ကိုလက္ေဆာင္အျဖစ္ဝယ္ေပးခ်င္ခဲ့တဲ့ သူ၏ရည္ရြယ္ခ်က္ကိုဆိုင္႐ွင္က သိ႐ွိသြားခဲ့ၿပီးေနာက္ ေစ်းေလ်ွာ့ေပးကာ ပါလာေသာေငြေၾကးပမာဏကိုသာလက္ခံၿပီး ေရခဲေသတၱာကိုေရာင္ေပးဖို႔ သေဘာတူခဲ့ပါတယ္ ။

” ကြၽန္ေတာ္ဒဂါၤးေတြကို ေျမအိုးထဲမွထည့္ၿပီး စုေဆာင္းထားခဲ့တာပါ ။ ၿပီးေတာ့ ဒီေငြဒဂၤါးေတြကို ေရတြက္ဖို႔ကြၽန္ေတာ္အခ်ိန္ 4နာရီေလာက္ ၾကာျမင့္ခဲ့ပါတယ္ ။ ဒါေပမဲ့ဆိုင္႐ွင္က RS5 နဲ႔ RS10 တန္ေၾကး႐ွိတဲ့ဒဂၤါေတြကိုသာ ေရတြက္ခဲ့ၿပီး ၊ ကြၽန္ေတာ့္မိခင္အေပၚထား႐ွိတဲ့ စိတ္ရင္ေစတနာကို ယံုၾကည္ၿပီး ဒဂၤါးေတြကိုမေရတြက္ေတာ့ဘူး ဆိုၿပီးဆိုင္႐ွင္က ကြၽန္ေတာ့္ကိုေျပာခဲ့တယ္ ” ဆိုၿပီးRam Singh အမည္႐ွိတဲ့အဆိုပါေကာင္ေလးက ႐ွင္းျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်ရဲ့မွေးနေ့ဆိုရင် လူအများစုကမိခင်အတွက် လက်ဝတ်ရတနာတွေ ၊ ငွေကြေး ဒါမှမဟုတ် အကောင်းဆုံးသောစားသောက်ဆိုင်တွေမှာ ဧည့်ခံပြီးလက်ဆောင်ပေးဖို့သာ စဉ်းစားမိကြမှာပါ ။ သို့ပေမဲ့လည်း အိန္ဒိယနိုင်ငံ Jodhpur မြို့က အသက် 17နှစ်အရွယ်ကောလိပ်ကျောင်းသားလေးမှာတော့ သူ၏မိခင်အမှန်တကယ်လိုအပ်နေသည့်အရာကိုသာ လက်ဆောင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ် ။ အဲဒါကတော့ မိခင်အသုံးပြုနေတဲ့ ရေခဲသေတ္တာမှာ ပျက်ဆီးသွားခဲ့တာအချိန်အတော်ကြာပြီဖြစ်နေခဲ့တဲ့အတွက် အသစ်တစ်ခုဝယ်ပေးဖို့ဖြစ်ပါတယ် ။ ထို့ကြောင့် သတင်းစာမှာကြော်ငြာထားတဲ့ရေခဲသေတ္တာကိုမြင်ပြီး ၎င်းလျှက်စစ်ပစ္စည်းဆိုင်ကိုသွားရောက်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။

ထို့နောက် နှစ်ပေါင်းများစွာစုဆောင်လာခဲ့တဲ့ ဒင်္ဂါးပြားတွေထည့်ထားသော 35kg အလေးချိန်ရှိတဲ့အိတ်ကြီးကိုဆွဲယူပြီး ထွက်လာခဲ့ပါတယ် ။ အဆိုပါအိတ်ထဲတွင် ငွေပမာဏ RS13,500 (မြန်မာငွေ 2သိန်းကျော်)ဝန်ကျင်သာပါရှိတဲ့အတွက် အဆိုပါရေခဲသေတ္တာကိုဝယ်ယူဖို့ ငွေကြေးမလုံလောက်ခဲ့ပါဘူး ။ သို့ပေမဲ့လည်း သူ၏မိခင်ကိုလက်ဆောင်အဖြစ်ဝယ်ပေးချင်ခဲ့တဲ့ သူ၏ရည်ရွယ်ချက်ကိုဆိုင်ရှင်က သိရှိသွားခဲ့ပြီးနောက် ဈေးလျှော့ပေးကာ ပါလာသောငွေကြေးပမာဏကိုသာလက်ခံပြီး ရေခဲသေတ္တာကိုရောင်ပေးဖို့ သဘောတူခဲ့ပါတယ် ။

” ကျွန်တော်ဒဂါၤးတွေကို မြေအိုးထဲမှထည့်ပြီး စုဆောင်းထားခဲ့တာပါ ။ ပြီးတော့ ဒီငွေဒင်္ဂါးတွေကို ရေတွက်ဖို့ကျွန်တော်အချိန် 4နာရီလောက် ကြာမြင့်ခဲ့ပါတယ် ။ ဒါပေမဲ့ဆိုင်ရှင်က RS5 နဲ့ RS10 တန်ကြေးရှိတဲ့ဒင်္ဂါတွေကိုသာ ရေတွက်ခဲ့ပြီး ၊ ကျွန်တော့်မိခင်အပေါ်ထားရှိတဲ့ စိတ်ရင်စေတနာကို ယုံကြည်ပြီး ဒင်္ဂါးတွေကိုမရေတွက်တော့ဘူး ဆိုပြီးဆိုင်ရှင်က ကျွန်တော့်ကိုပြောခဲ့တယ် ” ဆိုပြီးRam Singh အမည်ရှိတဲ့အဆိုပါကောင်လေးက ရှင်းပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "12ႏွစ္နီးပါးစုေဆာင္းထားခဲ့တဲ့ေငြနဲ႔ မိခင္ျဖစ္သူ အလိုအပ္ဆံုးအရာကိုလက္ေဆာင္ေပးခဲ့တဲ့17ႏွစ္အရြယ္သားေလး"

Leave a comment

Your email address will not be published.


*