အိမ္ထဲ ေခၚမၾကားေအာ္မၾကားအိပ္ေပ်ာ္ေနတဲ့သားကို ေသၿပီလို႔ထင္မွတ္ကာ စိုးရိမ္တႀကီးနဲ႔အေရးေပၚကိုဖုန္းဆက္ေခၚခဲ့ရတဲ့အျဖစ္

အခုျဖစ္ရပ္ဟာ မေလးရွားႏိုင္ငံ Johor ျပည္နယ္ Bandar Baru Kangkar Pulai ရပ္ကြက္ Kenari တိုက္ခန္းအိမ္ရာမွာျဖစ္ပြါးခဲ့တာပါ။မေန႔က အသက္၂၁ ႏွစ္အ႐ြယ္ေကာင္ေလးရဲ႕မိသားစုဟာ အိမ္တံခါးကို၁နာရီအၾကာထိေခါက္ေပမဲ့ တံခါးလာမဖြင့္တဲ့အတြက္ေၾကာင့္ သူ႔ကိုေသေနၿပီလို႔ထင္ၿပီး မီးသတ္နဲ႔ကယ္ဆယ္ေရးအဖြဲ႕ကို အျမန္ဆက္သြယ္အကူအညီေတာင္းခဲ့ရပါတယ္။ေသၿပီလို႔ သကၤာမကင္းျဖစ္ခံရတဲ့ အဆိုပါေကာင္ေလးဟာ တကယ္တမ္း အိပ္ေမာက်ေနခဲ့ေပမဲ့ အျပင္ကလူေတြအတြက္ေတာ့ အျဖစ္အပ်က္အားလုံးက ေျပာင္းလဲေနခဲ့ပါတယ္။Skudai မီးေဘးႏွင့္ ကယ္ဆယ္ေရးစခန္း(BBP)သို႔ ေသဆုံးသူအား အိမ္အတြင္းမွာပိတ္မိေနေၾကာင္းကို ည ၁၀ နာရီ ၅ မိနစ္မွာ အေၾကာင္းၾကားထားေၾကာင္း Mohd Riduan Akhyar အမည္ရွိတဲ့အႀကီးတန္းလက္ေထာက္မီးသတ္ႀကီးၾကပ္ေရးမႉးက ေျပာျပခဲ့ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕၀င္ ၁၀ ဦးက ေနအိမ္သို႔ေရာက္ရွိလာၿပီး အထူးကိရိယာေတြနဲ႔သူ႔အခန္းတံခါးဖြင့္ဖို႔ ခ်က္ခ်င္းစတင္ေနခ်ိန္မွာေတာ့ အခန္းထဲမွာအိပ္ေနၿပီးအျပင္ကအေျခအေနကိုမသိေနတဲ့အဆိုပါေကာင္ေလးက ႐ုတ္တရက္တံခါးကို ဖြင့္ခ်လိုက္ပါတယ္။အဆိုပါေကာင္ေလးရဲ႕မိဘေတြနဲ႔ေမာင္ႏွမသုံးေယာက္က အိမ္အနီးအနားကဘုရားေက်ာင္းကိုတက္ၿပီး အိမ္ျပန္လာေတာ့ သူတို႔၁နာရီနီးပါးေလာက္တံခါးေခါက္ေနခဲ့ေပမယ့္လည္း ေကာင္ေလးက တံခါးထမဖြင့္ေပးလို႔ အေတာ္ေလး လန္႔သြားခဲ့ရတယ္လို႔ ဆိုထားပါတယ္။

အဆိုးဆုံးက အစိုးရိမ္လြန္ၿပီး ေကာင္ေလးကိုေသဆုံးသြားၿပီလို႔ထင္သြားခဲ့တာေၾကာင့္ မိသားစုေတြက အေရးေပၚလိုင္းကိုဖုန္းဆက္ခဲ့ေၾကာင္း Mohd Riduan က ဆိုထားၿပီး ေကာင္ေလးက ပင္ပန္းႏြမ္းနယ္ေနတဲ့အတြက္ အိမ္တံခါးေခါက္ေနတာကို မသိလိုက္ပုံရေၾကာင္း ထပ္မံေျပာျပထားပါတယ္။အစိုးရိမ္လြန္းလည္း မေကာင္းသလို အအိပ္လြန္လြန္းလည္းမေကာင္းျပန္ပါလားဗ်ာ။

Mia (Mckzone Daily)

Source :  worldofbuzz

Unicode

အခုဖြစ်ရပ်ဟာ မလေးရှားနိုင်ငံ Johor ပြည်နယ် Bandar Baru Kangkar Pulai ရပ်ကွက် Kenari တိုက်ခန်းအိမ်ရာမှာဖြစ်ပွါးခဲ့တာပါ။မနေ့က အသက်၂၁ နှစ်အရွယ်ကောင်လေးရဲ့မိသားစုဟာ အိမ်တံခါးကို၁နာရီအကြာထိခေါက်ပေမဲ့ တံခါးလာမဖွင့်တဲ့အတွက်ကြောင့် သူ့ကိုသေနေပြီလို့ထင်ပြီး မီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့ကို အမြန်ဆက်သွယ်အကူအညီတောင်းခဲ့ရပါတယ်။သေပြီလို့ သင်္ကာမကင်းဖြစ်ခံရတဲ့ အဆိုပါကောင်လေးဟာ တကယ်တမ်း အိပ်မောကျနေခဲ့ပေမဲ့ အပြင်ကလူတွေအတွက်တော့ အဖြစ်အပျက်အားလုံးက ပြောင်းလဲနေခဲ့ပါတယ်။Skudai မီးဘေးနှင့် ကယ်ဆယ်ရေးစခန်း(BBP)သို့ သေဆုံးသူအား အိမ်အတွင်းမှာပိတ်မိနေကြောင်းကို ည ၁၀ နာရီ ၅ မိနစ်မှာ အကြောင်းကြားထားကြောင်း Mohd Riduan Akhyar အမည်ရှိတဲ့အကြီးတန်းလက်ထောက်မီးသတ်ကြီးကြပ်ရေးမှူးက ပြောပြခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့၀င် ၁၀ ဦးက နေအိမ်သို့ရောက်ရှိလာပြီး အထူးကိရိယာတွေနဲ့သူ့အခန်းတံခါးဖွင့်ဖို့ ချက်ချင်းစတင်နေချိန်မှာတော့ အခန်းထဲမှာအိပ်နေပြီးအပြင်ကအခြေအနေကိုမသိနေတဲ့အဆိုပါကောင်လေးက ရုတ်တရက်တံခါးကို ဖွင့်ချလိုက်ပါတယ်။အဆိုပါကောင်လေးရဲ့မိဘတွေနဲ့မောင်နှမသုံးယောက်က အိမ်အနီးအနားကဘုရားကျောင်းကိုတက်ပြီး အိမ်ပြန်လာတော့ သူတို့၁နာရီနီးပါးလောက်တံခါးခေါက်နေခဲ့ပေမယ့်လည်း ကောင်လေးက တံခါးထမဖွင့်ပေးလို့ အတော်လေး လန့်သွားခဲ့ရတယ်လို့ ဆိုထားပါတယ်။

အဆိုးဆုံးက အစိုးရိမ်လွန်ပြီး ကောင်လေးကိုသေဆုံးသွားပြီလို့ထင်သွားခဲ့တာကြောင့် မိသားစုတွေက အရေးပေါ်လိုင်းကိုဖုန်းဆက်ခဲ့ကြောင်း Mohd Riduan က ဆိုထားပြီး ကောင်လေးက ပင်ပန်းနွမ်းနယ်နေတဲ့အတွက် အိမ်တံခါးခေါက်နေတာကို မသိလိုက်ပုံရကြောင်း ထပ်မံပြောပြထားပါတယ်။အစိုးရိမ်လွန်းလည်း မကောင်းသလို အအိပ်လွန်လွန်းလည်းမကောင်းပြန်ပါလားဗျာ။

Mia (Mckzone Daily)

  • Leave a Comment