အသားညိုတဲ့ မိန်းကလေးတွေအတွက်လုံးဝအံကိုက်ဖြစ်စေမဲ့ ထိုင်းမိတ်ကပ်လိမ်းနည်း


1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ထိုင်းနိုင်ငံရဲ့ရွာဓလေ့ ဒါမှမဟုတ် ရှေးခေတ်ဇာတ်ကားတွေကို ကြည့်ကြည့်လိုက်မယ်ဆိုရင် မိန်းကလေးတွေက ဖြူ ဖတ်လွန်းတဲ့ အပြင်အဆင် ၊ အလှအပတွေခြယ်သပြီး မင်္ဂလာပွဲကျင်းပကြတာကို မြင်ဖူးတွေ့ဖူးကြမှာပါ ။ ယခုခေတ်နောက်ပိုင်းမှာတော့ မင်္ဂလာပွဲတွေ ၊ အလှူအတန်းတွေကျင်းပမယ်ဆိုရင်တောင် မိန်းမငယ်လေးတွေဟာ ခေတ်နဲ့အညီ မိတ်ကပ်လိမ်းကျံပြု ပြင်တတ်ကြပါပြီ ။ သို့ပေမဲ့လည်း အချို့သောရွာတွေကတော့ ရိုးရာဓလေ့အတိုင်း တစ်ကိုယ်လုံးကိုဖြူ ဖပ်နေအောင် မိတ်ကပ်လိမ်းပြီး အလှပြင်ဆင်နေကြတုန်းပါပဲ ။ ဒါပေမဲ့လည်း သူတို့ရဲ့ရိုးရာဝတ်စုံနဲ့အညီ မိတ်ကပ်လိမ်းကျံထားလို့ ကြည့်ရတာတော့ အရမ်းရုပ်ဆိုးကြီးဖြစ်မနေပါဘူး ။ ထိုင်းမိတ်ကပ်လိမ်းနည်း အဆင့်ဆင့်ကို စားဖတ်သူတို့လေ့လာသုံးသပ်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော် ။

Mia (Mckzone Daily)

  • Leave a Comment