ဂိမ္းအသစ္ကို စမ္းေဆာ့ၾကည့္ႏိုင္ဖို႔အတြက္ ႐ုပ္ရွင္႐ုံတစ္ခုလုံးကို ဌားရမ္းပစ္ခဲ့တဲ့ gamerအမ်ိဳးသား

ၿပီးခဲ့တဲ့လအေစာပိုင္းက စတင္မိတ္ဆက္ခဲ့တဲ့ Xbox Series X ႏွင့္ PlayStation 5 ဂိမ္းအသစ္ကို ကိုင္တြယ္ဖို႔ခက္ယွဥ္းေပမဲ့ စင္ကာပူႏိုင္ငံရွိသူငယ္ခ်င္းအုပ္စုတစ္စုဟာ ဂိမ္းကစားနည္းအဆင့္ျမင့္တင္ရင္း ၃နာရီအၾကာ ဂိမ္းကစားဖို႔ ႐ုပ္ရွင္႐ုံတစ္စုလုံးကို ဌားရမ္းပစ္ခဲ့ၾကပါတယ္။စကၤာပူႏိုင္ငံမွာေနထိုင္တဲ့ သူတို႔ထဲက Les အမည္ရွိအမ်ိဳးသားတစ္ဦးက သူဟာ တစ္ေန႔တစ္ေန႔ ပ်င္းေနရၿပီး အေတြ႕အႀကဳံအသစ္လည္းလိုခ်င္တာေၾကာင့္ အဲ့ဒီစိတ္ကူးကို ေတြးခဲ့မိေၾကာင္းဆိုထားပါတယ္။သူက onlineတက္ေနတုန္း မေလးရွားႏိုင္ငံနဲ႔ United Kingdom မွာေတာင္ ဂိမ္းကစားဖို႔ ႐ုပ္ရွင္႐ုံကို ဌားႏိုင္တာေၾကာင့္ စကၤာပူႏိုင္ငံရဲ႕႐ုပ္ရွင္႐ုံအားလုံးနီးပါးကို အီးေမးလ္စမ္းပို႔ခဲ့တာပါ။သူ႔အစီအစဥ္မေအာင္ျမင္ေတာ့ဘူးလို႔ ထင္ခဲ့ရေပမဲ့ ႐ုပ္ရွင္႐ုံတစ္ခုက သူ႔အား ျပဇာတ္တစ္ခုမွာ ၃နာရီစာပါဝင္ၿပီး အခမဲ့ေပါက္ေပါက္အပါကို အေမရိကန္ေဒၚလာ (၄၃၀,၀၀၀ က်ပ္)နဲ႔ ဌားေပးခဲ့ပါတယ္။

ႏိုဝင္ဘာလ ၁၄ရက္မွာ သူ႔တစ္ေယာက္ထဲ ႀကီးမားတဲ့TVဖန္သားျပင္နဲ႔စမ္းကစားခဲ့ၿပီး Lesဟာ ႏိုဝင္ဘာ ၂၁မွာေတာ့ သူ႔ခ်စ္သူနဲ႔ေနာက္သူငယ္ခ်င္းႏွစ္ေယာက္နဲ႔ အတူတူ ဂိမ္းကစားခဲ့ၾကပါတယ္။Lesက Call of Duty ဒါမွမဟုတ္ Star Wars: Battlefront ဂိမ္းကို screen ႀကီးမွာကစားခ်င္ေပမဲ့ သူ႔သူငယ္ခ်င္းေတြက အၾကမ္းဖက္ဂိမ္းေတြမကစားတတ္ေတာ့ အခက္ေတြ႕ခဲ့ေၾကာင္းလည္းဆိုထားပါတယ္။စကၤာပူရဲ႕COVID-19 စည္းကမ္းအရ ႐ုပ္ရွင္႐ုံမွာ ၅ေယာက္ဘဲရွိရၿပီး သူတို႔အားလုံးက maskတပ္ထားရမယ္လို႔သတ္မွတ္ထားတာပါ။

Lesက ၿခဳံငုံၿပီးေျပာရရင္ ႐ုပ္ရွင္႐ုံscreen က အိမ္ကTVထက္ ေလးဆပိုႀကီးၿပီး ႀကီးမားတဲ့အသံျမည္စနစ္ နဲ႔ မ်က္ႏွာျပင္တို႔ေၾကာင့္ ဂိမ္းကစားရတာအရမ္းစိတ္ဝင္စားဖို႔ေကာင္းပါတယ္တဲ့။Lesက အရမ္းကို သေဘာက်တဲ့အတြက္ သူတို႔ဓာတ္ပုံေတြကို တင္ခြင့္မရွိေပမဲ့ Facebookေပၚတင္ခဲ့တာေၾကာင့္ စကၤာပူႏိုင္ငံရဲ႕ social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္မွာေတာ့ လူငယ္အခ်ိဳ႕ကလည္း အဲ့လို tryၾကည့္ခ်င္တယ္လို႔ ေျပာဆိုလာၾကပါတယ္။”COVID-19 ၿပီးရင္ ဒီအစီအစဥ္ကို အထူးသျဖင့္ screen ႀကီးႀကီးနဲ႔ကစားခ်င္သူေတြအတြက္ ဆက္လက္လုပ္သင့္တယ္လို႔ကြၽန္ေတာ္ထင္တယ္ ဒါက တကယ့္ကို အံ့ဩစရာေကာင္းတဲ့အေတြအႀကဳံပါ ကစားခ်င္ေတာ့ tryၾကည့္လိုက္ပါ”လို႔ Lesက တစ္ျခား gamerေတြအတြက္ ဆိုထားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : vice

ပြီးခဲ့တဲ့လအစောပိုင်းက စတင်မိတ်ဆက်ခဲ့တဲ့ Xbox Series X နှင့် PlayStation 5 ဂိမ်းအသစ်ကို ကိုင်တွယ်ဖို့ခက်ယှဉ်းပေမဲ့ စင်ကာပူနိုင်ငံရှိသူငယ်ချင်းအုပ်စုတစ်စုဟာ ဂိမ်းကစားနည်းအဆင့်မြင့်တင်ရင်း ၃နာရီအကြာ ဂိမ်းကစားဖို့ ရုပ်ရှင်ရုံတစ်စုလုံးကို ဌားရမ်းပစ်ခဲ့ကြပါတယ်။စင်္ကာပူနိုင်ငံမှာနေထိုင်တဲ့ သူတို့ထဲက Les အမည်ရှိအမျိုးသားတစ်ဦးက သူဟာ တစ်နေ့တစ်နေ့ ပျင်းနေရပြီး အတွေ့အကြုံအသစ်လည်းလိုချင်တာကြောင့် အဲ့ဒီစိတ်ကူးကို တွေးခဲ့မိကြောင်းဆိုထားပါတယ်။သူက onlineတက်နေတုန်း မလေးရှားနိုင်ငံနဲ့ United Kingdom မှာတောင် ဂိမ်းကစားဖို့ ရုပ်ရှင်ရုံကို ဌားနိုင်တာကြောင့် စင်္ကာပူနိုင်ငံရဲ့ရုပ်ရှင်ရုံအားလုံးနီးပါးကို အီးမေးလ်စမ်းပို့ခဲ့တာပါ။သူ့အစီအစဉ်မအောင်မြင်တော့ဘူးလို့ ထင်ခဲ့ရပေမဲ့ ရုပ်ရှင်ရုံတစ်ခုက သူ့အား ပြဇာတ်တစ်ခုမှာ ၃နာရီစာပါဝင်ပြီး အခမဲ့ပေါက်ပေါက်အပါကို အမေရိကန်ဒေါ်လာ (၄၃၀,၀၀၀ ကျပ်)နဲ့ ဌားပေးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ရက်မှာ သူ့တစ်ယောက်ထဲ ကြီးမားတဲ့TVဖန်သားပြင်နဲ့စမ်းကစားခဲ့ပြီး Lesဟာ နိုဝင်ဘာ ၂၁မှာတော့ သူ့ချစ်သူနဲ့နောက်သူငယ်ချင်းနှစ်ယောက်နဲ့ အတူတူ ဂိမ်းကစားခဲ့ကြပါတယ်။Lesက Call of Duty ဒါမှမဟုတ် Star Wars: Battlefront ဂိမ်းကို screen ကြီးမှာကစားချင်ပေမဲ့ သူ့သူငယ်ချင်းတွေက အကြမ်းဖက်ဂိမ်းတွေမကစားတတ်တော့ အခက်တွေ့ခဲ့ကြောင်းလည်းဆိုထားပါတယ်။စင်္ကာပူရဲ့COVID-19 စည်းကမ်းအရ ရုပ်ရှင်ရုံမှာ ၅ယောက်ဘဲရှိရပြီး သူတို့အားလုံးက maskတပ်ထားရမယ်လို့သတ်မှတ်ထားတာပါ။

Lesက ခြုံငုံပြီးပြောရရင် ရုပ်ရှင်ရုံscreen က အိမ်ကTVထက် လေးဆပိုကြီးပြီး ကြီးမားတဲ့အသံမြည်စနစ် နဲ့ မျက်နှာပြင်တို့ကြောင့် ဂိမ်းကစားရတာအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်တဲ့။Lesက အရမ်းကို သဘောကျတဲ့အတွက် သူတို့ဓာတ်ပုံတွေကို တင်ခွင့်မရှိပေမဲ့ Facebookပေါ်တင်ခဲ့တာကြောင့် စင်္ကာပူနိုင်ငံရဲ့ social media မှာ ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ လူငယ်အချို့ကလည်း အဲ့လို tryကြည့်ချင်တယ်လို့ ပြောဆိုလာကြပါတယ်။”COVID-19 ပြီးရင် ဒီအစီအစဉ်ကို အထူးသဖြင့် screen ကြီးကြီးနဲ့ကစားချင်သူတွေအတွက် ဆက်လက်လုပ်သင့်တယ်လို့ကျွန်တော်ထင်တယ် ဒါက တကယ့်ကို အံ့ဩစရာကောင်းတဲ့အတွေအကြုံပါ ကစားချင်တော့ tryကြည့်လိုက်ပါ”လို့ Lesက တစ်ခြား gamerတွေအတွက် ဆိုထားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment