မူလတန်းအရွယ်ကလေးငယ်တွေကို မွေးမြူ ရေးခြံသို့အလည်ခေါ်ခဲ့တဲ့ ဆရာမရဲ့ရည်ရွယ်ချက်


1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ခေတ်စနစ်အရ ကျောင်းသားတွေကို စာတွေ့ထက် ၊ လက်တွေ့အနေနဲ့ ပိုပြီးသင်ကြားပို့ချလာကြပါတယ် ။ ဒါမှ ကလေးငယ်တွေကို ကိုယ်တိုင်မြင်ရ ၊ တွေ့ရပြီး စမ်းသပ်ရလို့ တစ်သက်လုံးမမေ့နိုင်လောက်အောင် အဆိုပါသင်ခန်းစာကိုမှတ်မိနေကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ဆရာမဖြစ်သူဟာ ကလေးငယ်တွေကို ဖားမွေးမြူ ရေးခြံသို့ခေါ်ဆောင်သွားခဲ့ပြီး ဖားတွေအဆင့်ဆင့်မျိုးပွားကြီးထွားလာပုံကို လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး ၊ ကလေးငယ်တွေကိုလည်း ကိုယ်တိုင်ဖားတွေကို ကိုင်ခိုင်း ၊ ပွတ်သပ်ခိုင်းခဲ့ပါတယ် ။ နောက်ဆုံး ဆရာမဖြစ်သူ သင်ကြားပို့ချရတဲ့ရည်ရွယ်ချက်ကတော့ အဆိုပါဖားတွေကို လူတွေရဲ့အစာအနေနဲ့ စားသုံးနိုင်တယ်ဆိုတာပါပဲ ။ အစပိုင်းမှာတော့ ကလေးငယ်တွေက ဖားလေးတွေကိုချစ်ဖို့ကောင်းလို့ ပွတ်သပ်ကိုင်တွယ်နေကြပေမဲ့လည်း နောက်ဆုံးတော့ ဖားအကြွပ်ကြော်ကို အားရပါးရစားနေကြတာ ဓာတ်ပုံထဲမှာမြင်တွေ့ရမှာပါ ။ အဖြစ်အပျက်လေးကတော့ အတော်လေးရယ်မောဖွယ်ရာပါပဲ ။

Mia (Mckzone Daily)

  • Leave a Comment