ပုံထွက်လှဖို့ အသက်ပါထွက်တော့မဲ့ ကောင်မလေးရဲ့အဖြစ်


1

2

3

4

5

6

7

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

မိန်းကလေးတိုင်းကတော့ selfie ရိုက်တဲ့အချိန်တိုင်း တကယ့်မဂ္ဂဇင်းတွေထဲက မော်ဒယ်တွေလိုပုံထွက်လှချင်ကြတာပါပဲလေ ။ ဒါ့အပြင် တခြားသူတွေသာမာန်ရိုက်တဲ့ပုံစံမျိုးနဲ့လည်း ကွဲထွက်ပြီး ဓာတ်ပုံရိုက်ချင်တတ်ကြပါသေးတယ် ။ ဒီလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မျိုးတွေဆိုရင်လည်း အချို့မိန်းကလေးတွေက နေအိမ်မှာသာနေပြီး ဆန်းပြားပြီးလှပတဲ့ selfie မျိုးရိုက်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မိန်းကလေးကတော့ ရေကန်ထဲကိုလဲအိပ်လိုက်ပြီး ရေနစ်မှာကိုမကြောက်ပဲ ပုံထွက်လှအောင် အတင်း မော်ဒယ်တစ်ယောက်လိုပိုဒ့်တွေပေးပြီး ဓါတ်ပုံရိုက်နေခဲ့တာပါ ။ သူမရဲ့အဖြစ်ကို ဘေးကလူတွေက ဓာတ်ပုံတွေနဲ့ မှတ်တမ်းယူထားပြီး social media ပေါ်မှာ ပြန်လည်ဝေမျှခဲ့ကြပါတယ် ။ နဂိုကမလှတော့ ပုံထွက်လှအောင်ကြိုးစားပြီးရိုက်ယူတာတောင် လုံးဝအဆင်မပြေတဲ့ သူမရဲ့အဖြစ်ဟာ အတော်လေးရယ်မောဖွယ်ရာအဖြစ်အပျက်တစ်ခုလိုဖြစ်နေခဲ့ပါတော့တယ် ။

Mia (Mckzone Daily)

Be the first to comment on "ပုံထွက်လှဖို့ အသက်ပါထွက်တော့မဲ့ ကောင်မလေးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*