ရဲကားနဲ့မောင်းပြေးခဲ့ပြီး ရဲအရာရှိတွေကိုပါဒဏ်ရာရရှိစေခဲ့တဲ့ အလန်းစားသူခိုး (ရုပ်/သံ)





Jasmine (Mckzone Daily)

Source:Metro

Unicode

ဒီရဲ့အဖြစ်အပျက်ကတော့ မကြာသေးခင်ကမှ အင်္ဂလန်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး သူခိုးတစ်ယောက်ဟာ ရဲလက်ကနေထွက်ပြေးလွတ်မြောက်ဖို့အတွက် ရဲကားကိုခိုးပြီးအရှိန်ပြင်းပြင်းဖြင့် မောင်းပြေးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ် ။ Mubashar Hussain အမည်ရှိတဲ့ အသက် 29နှစ်အရွယ်အမျိုးသားဟာ အခင်ဖြစ်ပွားရာ Birmingham ‘s Moseley area မှာထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေစဉ် ရဲအရာရှိဝင်တစ်ဦးဖြစ်တဲ့ PC Gareth Phillips ရဲ့တင်ပါးရိုးကိုကျိုးစေခဲ့ပြီး ၊ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဦးခေါင်းကိုလည်းထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ် ။

အဖြစ်အပျက်ကတော့ Mubashar Hussain နှင့် သူ၏အပေါင်းအဖော်တစ်ယောက်ဖြစ်တဲ့ Ahsan Ghafoor တို့ဟာ ရဲတွေလာရောက်ဖမ်းဆီးတာကိုမြင်တော့ အရင်ညက ခိုးယူလာခဲ့တဲ့ Range Rover ကားပေါ်သို့တက်ပြီး မောင်ပြေးဖို့ကြံနေစဉ် ရဲကားများကရောက်ရှိလာခဲ့ပြီး ပိတ်ဖမ်းကြသောကြောင့် အပေါင်းအဖော်ဖြစ်သူ Ahsan Ghafoor မှာအဖမ်းခံခဲ့ပေမဲ့လည်းMubashar Hussain ဟာထွက်ပြေးလွတ်မြောက်ဖို့အတွက် ကားအနောက်တွင်းပိတ်ရပ်ထားသောရဲကားကိုယူပြီးမောင်းပြေးခဲ့သဖြင့် ရဲအရာရှိတွေကိုဒဏ်ရာရရှိစေခဲ့တာဖြစ်ပါတယ် ။

ထို့နောက်ရဲကားနှင့် အရှိန်ပြင်းစွာမောင်းပြေးခဲ့ပြီးနောက် ဆိုင်တစ်ဆိုင်အတွင်းသို့ပြေးဝင်ပြီး နောက်အခြားကားတစ်စီးကိုထပ်ခိုးယူပြီး မောင်းပြေးဖို့ကြိုးစားခဲ့ပေမဲ့လည်းရဲအရာရှိ အုပ်စုလိုက်ကအချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ် ။ Video ထဲမှာဖော်ပြထားခဲ့သလိုပဲ ရဲအရာရှိ 11ဦးခန့်က Mubashar Hussain ကိုဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရပါတယ် ။ ထို့နောက် Mubashar Hussain ဟာရဲအရာရှိဖြစိတဲ့ PC Phillips ကိုပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိစေမှု နှင် ရဲကင်းလှည့်ကားကိုခိုးယူပြီးမောင်းပြေးမှုတို့ကြောင့် ထောင်ဒဏ် 12 နှစ်ချမှတ်ခံခဲ့ရပါတယ် ။

အဆိုပါအဖြစ်အပျက်တစ်ခုလုံးကိုတော့ Birmingham Crown Court ရဲတပ်ဖွဲ့ဝင်များ၏ bodycam နှင့် helicopter များမှရိုက်ယူထားတဲ့ ရုပ်သံများဖြစ်ကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ရဲကားနဲ့မောင်းပြေးခဲ့ပြီး ရဲအရာရှိတွေကိုပါဒဏ်ရာရရှိစေခဲ့တဲ့ အလန်းစားသူခိုး (ရုပ်/သံ)"

Leave a comment

Your email address will not be published.


*