ေမြးရာပါ လက္ႏွစ္ဖက္မရွိေပမယ့္ အခက္အခဲအားလုံးကို ေက်ာ္ျဖတ္ရင္း တကၠသိုလ္တက္ခြင့္ရခဲ့တဲ့ အသက္၂၀အ႐ြယ္ေကာင္ေလး(႐ုပ္သံ)

Ho Huu Hanhအမည္ရွိတဲ့ အသက္ ၂၀အ႐ြယ္ ဗီယက္နမ္ေကာင္ေလးတစ္ဦးဟာ ေမြးရာပါ လက္ႏွစ္ဖက္မရွိေပမဲ့ ထူးခြၽန္ၿပီးေတာက္ပတဲ့အနာဂတ္ကို ဖန္တီးႏိုင္စြမ္းရွိေၾကာင္း သက္ေသျပေနပါတယ္။နည္းပညာအင္ဂ်င္နီယာပိုင္းေလွ်ာက္ ထားတဲ့ Hoဟာ မၾကာေသးခင္ကမွ Lac Hong တကၠသိုလ္မွာဝင္ခြင့္ရေၾကာင္းလက္ခံစာရရွိခဲ့တာပါ။ေမြးရာပါလက္ႏွစ္ဖက္မရွိတာေၾကာင့္ Hoအတြက္ ေမြးရပ္ေျမ Dong Nai ျပည္နယ္မွာႀကီးျပင္းလာဖို႔မလြယ္ကူခဲ့ရပါဘူး။အေမျဖစ္သူက Hoဟာ ကေလးဘဝကတည္းက စက္ဘီးစီးဖို႔ ႀကိဳးစားရင္းျပဳတ္က်တိုင္း ေဆး႐ုံအႀကိမ္ႀကိမ္သြားခဲ့ရတာပါတဲ့။Hoဟာ အသက္ ၅ႏွစ္အ႐ြယ္ကတည္းက စက္ဘီးစီးတတ္ေနၿပီျဖစ္သလို ေရလည္းေကာင္းေကာင္းကူးတတ္ေနပါၿပီ။

Hoဟာ ငယ္စဥ္က ေျခေထာက္ႏွစ္ေခ်ာင္းနဲ႔တူကို ဘယ္လိုကိုင္ဖို႔၊စာမ်က္ႏွာေနာက္တစ္႐ြက္လွန္တတ္ဖို႔ နဲ႔ စာေရးတတ္ဖို႔စတာေတြကို ေက်ာင္းမွာဘဲ ခက္ခက္ခဲခဲသင္ယူခဲ့ရတာပါ။ဒါ့အျပင္ သူ႔ရဲ႕ေျခေခ်ာင္းေတြနဲ႔ကြန္ပ်ဴတာစာ႐ိုက္၊ ပုံဆြဲတာေတြနဲ႔ အျခားအရာေတြကို သာမန္လူေတြလက္ကို အသုံးျပဳသလို သူလည္း ႀကိဳးစားအသုံးျပဳခဲ့ရပါတယ္။ဒုတိယတန္းမွာ သူ႔ရဲ႕သပ္ရပ္လွပတဲ့အေရးအသားအတြက္ ဆုရခဲ့ၿပီး အတန္းတိုင္းမွာလည္း ဆုေတြရရွိခဲ့ပါေသးတယ္။ေက်ာင္းတက္စဥ္ကာလတစ္ေလွ်ာက္လုံး သူ႔အတန္းေဖာ္ေတြနဲ႔ဆရာအခ်ိဳ႕က သူ႔ကို ပင္ဂြင္းလို႔ ေခၚခဲ့ၿပီး အိမ္နီးခ်င္းေတြက monsterလို႔နာမည္ေျပာင္ေပးခဲ့ပါတယ္။

အဲ့တာေတြကလည္း သူကိုယ္သူစိန္ေခၚဖို႔ နဲ႔ ပင္ဂြင္းေတြလည္း ပ်ံသန္းႏိုင္ေၾကာင္း အျခားသူေတြကို သက္ေသျပဖို႔ လႈံ႕ေဆာ္ေစတဲ့အရာတစ္ခုျဖစ္လာေစခဲ့ပါတယ္။ၿပီးခဲ့တဲ့ႏွစ္က ဗီယက္နမ္၊လာအိုႏွင့္ ကေမာၻဒီးယားတာဝန္ရွိကုမၸဏီရဲ႕ေဒသဆိုင္ရာ ဒါ႐ိုက္တာ နဲ႔ေတြ႕ဆုံခဲ့ၿပီးေနာက္ Hoဟာ တစ္ေန႔ Google မွာအလုပ္လုပ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရင္း အိမ္မက္တစ္ခုျဖစ္လာခဲ့ပါတယ္။ယုံၾကည္ေထာက္ပံ့ေပးတဲ့လူေတြတိုးမ်ားလာသေ႐ြ႕ေတာ့ ဒီပင္ဂြင္းေလး သူ႔အိမ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ အလွမ္းေဝးေနအုံးမွာမဟုတ္ပါဘူး။

1

2

3

4

5

6

7

8

Mia (Mckzone Daily)

Source : nextshark

Unicode

Ho Huu Hanhအမည်ရှိတဲ့ အသက် ၂၀အရွယ် ဗီယက်နမ်ကောင်လေးတစ်ဦးဟာ မွေးရာပါ လက်နှစ်ဖက်မရှိပေမဲ့ ထူးချွန်ပြီးတောက်ပတဲ့အနာဂတ်ကို ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြနေပါတယ်။နည်းပညာအင်ဂျင်နီယာပိုင်းလျှောက် ထားတဲ့ Hoဟာ မကြာသေးခင်ကမှ Lac Hong တက္ကသိုလ်မှာဝင်ခွင့်ရကြောင်းလက်ခံစာရရှိခဲ့တာပါ။မွေးရာပါလက်နှစ်ဖက်မရှိတာကြောင့် Hoအတွက် မွေးရပ်မြေ Dong Nai ပြည်နယ်မှာကြီးပြင်းလာဖို့မလွယ်ကူခဲ့ရပါဘူး။အမေဖြစ်သူက Hoဟာ ကလေးဘဝကတည်းက စက်ဘီးစီးဖို့ ကြိုးစားရင်းပြုတ်ကျတိုင်း ဆေးရုံအကြိမ်ကြိမ်သွားခဲ့ရတာပါတဲ့။Hoဟာ အသက် ၅နှစ်အရွယ်ကတည်းက စက်ဘီးစီးတတ်နေပြီဖြစ်သလို ရေလည်းကောင်းကောင်းကူးတတ်နေပါပြီ။

Hoဟာ ငယ်စဉ်က ခြေထောက်နှစ်ချောင်းနဲ့တူကို ဘယ်လိုကိုင်ဖို့၊စာမျက်နှာနောက်တစ်ရွက်လှန်တတ်ဖို့ နဲ့ စာရေးတတ်ဖို့စတာတွေကို ကျောင်းမှာဘဲ ခက်ခက်ခဲခဲသင်ယူခဲ့ရတာပါ။ဒါ့အပြင် သူ့ရဲ့ခြေချောင်းတွေနဲ့ကွန်ပျူတာစာရိုက်၊ ပုံဆွဲတာတွေနဲ့ အခြားအရာတွေကို သာမန်လူတွေလက်ကို အသုံးပြုသလို သူလည်း ကြိုးစားအသုံးပြုခဲ့ရပါတယ်။ဒုတိယတန်းမှာ သူ့ရဲ့သပ်ရပ်လှပတဲ့အရေးအသားအတွက် ဆုရခဲ့ပြီး အတန်းတိုင်းမှာလည်း ဆုတွေရရှိခဲ့ပါသေးတယ်။ကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး သူ့အတန်းဖော်တွေနဲ့ဆရာအချို့က သူ့ကို ပင်ဂွင်းလို့ ခေါ်ခဲ့ပြီး အိမ်နီးချင်းတွေက monsterလို့နာမည်ပြောင်ပေးခဲ့ပါတယ်။

အဲ့တာတွေကလည်း သူကိုယ်သူစိန်ခေါ်ဖို့ နဲ့ ပင်ဂွင်းတွေလည်း ပျံသန်းနိုင်ကြောင်း အခြားသူတွေကို သက်သေပြဖို့ လှုံ့ဆော်စေတဲ့အရာတစ်ခုဖြစ်လာစေခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်၊လာအိုနှင့် ကမ္ဘောဒီးယားတာဝန်ရှိကုမ္ပဏီရဲ့ဒေသဆိုင်ရာ ဒါရိုက်တာ နဲ့တွေ့ဆုံခဲ့ပြီးနောက် Hoဟာ တစ်နေ့ Google မှာအလုပ်လုပ်နိုင်ဖို့ မျှော်လင့်ရင်း အိမ်မက်တစ်ခုဖြစ်လာခဲ့ပါတယ်။ယုံကြည်ထောက်ပံ့ပေးတဲ့လူတွေတိုးများလာသရွေ့တော့ ဒီပင်ဂွင်းလေး သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ အလှမ်းဝေးနေအုံးမှာမဟုတ်ပါဘူး။

Mia (Mckzone Daily)

Be the first to comment on "ေမြးရာပါ လက္ႏွစ္ဖက္မရွိေပမယ့္ အခက္အခဲအားလုံးကို ေက်ာ္ျဖတ္ရင္း တကၠသိုလ္တက္ခြင့္ရခဲ့တဲ့ အသက္၂၀အ႐ြယ္ေကာင္ေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*