လွန်ခဲ့တဲ့၂၇နှစ်ကတည်းက အေးခဲနေတဲ့သန္ဓေသားလောင်းကနေ အောင်မြင်စွာ မွေးဖွားလာနိုင်ခဲ့တဲ့ ကလေးငယ်




1

2

Mia (Mckzone Daily)

Source : dailymail

Unicode

အမေရိကန်နိုင်ငံ Tennessee ပြည်နယ်မှာ အောက်တိုဘာ ၂၆ရက်နေ့က မွေးဖွားခဲ့တဲ့ Molly Everette Gibsonအမည်ရှိအခုကလေးမလေးကို လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ် ၂၇နှစ်အကြာသူ့သန္ဓေသားအေးခဲနေချိန်တုန်းက အသက် ၁နှစ်အရွယ်သာရှိသေးတဲ့ မိခင်ဖြစ်သူ Tina Gibson က မွေးဖွားပေးခဲ့တာပါ။Molly ရဲ့သန္ဓေသားလောင်းကို ဖေဖော်ဝါရီလမှာ အရည်ပျော်စေခဲ့ပြီး မိခင်ရဲ့သားအိမ်ထဲကို ပြောင်းရွေ့ခဲ့တာပါ။Mollyဟာ သန္ဓေသားလောင်း ၂၄နှစ်အကြာအေးခဲနေပြီး လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလမှ မွေးဖွားခဲ့တဲ့ အမဖြစ်သူ Emma Wren Gibson ရဲ့စံချိန်ကို ချိုးနိုင်ခဲ့သူပါ။

သူတို့ညီအမနှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၁၉၉၂ခုနှစ်ကတည်းက မိခင်ဗိုက်ထဲမှာ သန္ဓေသားလောင်းအတူတူအေးခဲနေခဲ့တာပါ။Molly ဟာ အောက်တိုဘာလမှာ မိခင် Tina၊ ဖခင် Ben နဲ့ အမ Emma တို့ဆီကို ၆ပေါင် ၁၃ အောင်စ ကျန်းမာတဲ့အလေးချိန်နဲ့အတူ ကမ္ဘာမြေသို့ ဝင်ရောက်လာခဲ့ပါတယ်။Molly ရဲ့သန္ဓေသားလောင်းကို National Embryo Donation Centre Labရဲ့ညွှန်ကြားရေးမှူး Carol Sommerfelt က ဒီနှစ် ဖေဖော်ဝါရီအစောပိုင်းမှာ မိခင်ရဲ့သားအိမ်ထဲထည့်ပေးဖို့ ၂ရက်အချိန်ယူခဲ့ရပါတယ်။

အခုချိန်မှာတော့ Mollyဟာ ၂၇နှစ်အကြာသန္ဓေသားလောင်းသက်တမ်းအရင့်ဆုံးဖြစ်သလို သူတို့ဆွေမျိုးတွေရဲ့ နောက်ဆုံးမျိုးဆက်လေးဖြစ်လာခဲ့ပါတယ်။အစက မိခင် Tinaက သူ့ရဲ့သန္ဓေသားလောင်းကိုလှူဒါန်းဖို့ လုပ်နေခဲ့ပေမဲ့ သူမရဲ့ဖခင်က သဘောမတူခဲ့ပါဘူး။Sommerfelt က အခုလို Molly နဲ့ Emma တို့အောင်အောင်မြင်မြင် မွေးဖွားနိုင်ရခြင်းက တိုးတက်လာတဲ့ နည်းပညာကြောင့်လို့ ဆိုထားပါသေးတယ်။အဲ့လို သန္ဓေသားအေးခဲနေတတ်တာ အခုမှဘဲ ပထမဆုံးကြားဖူးတာဗျာ။စာဖတ်သူတို့ကော ကြားဖူး၊သိဖူးပါသလား။

Mia (Mckzone Daily)

Be the first to comment on "လွန်ခဲ့တဲ့၂၇နှစ်ကတည်းက အေးခဲနေတဲ့သန္ဓေသားလောင်းကနေ အောင်မြင်စွာ မွေးဖွားလာနိုင်ခဲ့တဲ့ ကလေးငယ်"

Leave a comment

Your email address will not be published.


*