ယာဥ္ေမာင္းလိုင္စင္ရလို႔ သူငယ္ခ်င္းကိုဆိုင္ကယ္ေပၚေခၚတင္မိလိုက္ေသာအခါ

မိန္းကေလးေတြ အေတာ္မ်ားမ်ားက ဆိုင္ကယ္ကြၽမ္းက်င္စြာ စၿပီးေမာင္းႏိုင္ၿပီဆိုရင္ သူတို႔ရဲ႕မိသားစုဝင္ေတြထက္ ၊ သူငယ္ခ်င္းကို ဆိုင္ကယ္ေပၚအရင္ေခၚတင္ၿပီး အလည္ထြက္တတ္ၾကပါတယ္ ။ အဲ့လိုအခ်ိန္ေတြမွာဆိုရင္ မိသားစုဝင္ေတြထက္ သူငယ္ခ်င္းေတြက ကိုယ့္ကိုပိုၿပီးယုံၾကည္ၾကလို႔ပါပဲ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္အျဖစ္အပ်က္ကေတာ့ အေတာ္ေလးဆိုးတယ္လို႔ေျပာရမွာပါ ။ သူငယ္ခ်င္းကိုဆိုင္ကယ္ေပၚတင္ၿပီး ဆိုင္ကယ္ေမာင္းႏွင္လာတဲ့မိန္းကေလးဟာ ႐ုတ္တရက္အခ်ိန္မထိန္းႏိုင္ဘဲ လမ္းေဘးပြတ္အိုင္ထဲ ဆိုင္ကယ္တစ္စီးလုံးထိုးက်သြားခဲ့လို႔ သူငယ္ခ်င္းႏွစ္ေယာက္လုံး လူ႐ုပ္မေပၚေတာ့ေလာက္ေအာင္ စုတ္ျပတ္ေပလူးသြားခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း သူငယ္ခ်င္းျဖစ္သူက စိတ္ဆိုးေဒါသထြက္ရမဲ့အစား ၎တို႔ရဲ႕အျဖစ္ကိုၾကည့္ၿပီး စိတ္မထိန္းႏိုင္ဘဲ အားရပါးရ ရယ္ေမာေနခဲ့ပါေတာ့တယ္ ။ ၎တို႔ကို လမ္းသြားလမ္းလာေတြက ကူညီၿပီး ပြတ္အိုင္ထဲက ဆိုင္ကယ္ကိုျပန္ဆြဲထုတ္ေပးခဲ့ၾကရပါတယ္ ။ အဆိုပါ မိန္းကေလးေတြအတြက္ကေတာ့ ဘဝမွာမေမ့ႏိုင္ေတာ့တဲ့ အမွတ္တရလို႔ ေျပာရမွာပါပဲေလ ။

1

2

3

4

5

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

မိန်းကလေးတွေ အတော်များများက ဆိုင်ကယ်ကျွမ်းကျင်စွာ စပြီးမောင်းနိုင်ပြီဆိုရင် သူတို့ရဲ့မိသားစုဝင်တွေထက် ၊ သူငယ်ချင်းကို ဆိုင်ကယ်ပေါ်အရင်ခေါ်တင်ပြီး အလည်ထွက်တတ်ကြပါတယ် ။ အဲ့လိုအချိန်တွေမှာဆိုရင် မိသားစုဝင်တွေထက် သူငယ်ချင်းတွေက ကိုယ့်ကိုပိုပြီးယုံကြည်ကြလို့ပါပဲ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်အဖြစ်အပျက်ကတော့ အတော်လေးဆိုးတယ်လို့ပြောရမှာပါ ။ သူငယ်ချင်းကိုဆိုင်ကယ်ပေါ်တင်ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့မိန်းကလေးဟာ ရုတ်တရက်အချိန်မထိန်းနိုင်ဘဲ လမ်းဘေးပွတ်အိုင်ထဲ ဆိုင်ကယ်တစ်စီးလုံးထိုးကျသွားခဲ့လို့ သူငယ်ချင်းနှစ်ယောက်လုံး လူရုပ်မပေါ်တော့လောက်အောင် စုတ်ပြတ်ပေလူးသွားခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူငယ်ချင်းဖြစ်သူက စိတ်ဆိုးဒေါသထွက်ရမဲ့အစား ၎င်းတို့ရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ အားရပါးရ ရယ်မောနေခဲ့ပါတော့တယ် ။ ၎င်းတို့ကို လမ်းသွားလမ်းလာတွေက ကူညီပြီး ပွတ်အိုင်ထဲက ဆိုင်ကယ်ကိုပြန်ဆွဲထုတ်ပေးခဲ့ကြရပါတယ် ။ အဆိုပါ မိန်းကလေးတွေအတွက်ကတော့ ဘဝမှာမမေ့နိုင်တော့တဲ့ အမှတ်တရလို့ ပြောရမှာပါပဲလေ ။

Mia (Mckzone Daily)

  • Leave a Comment