ေလာင္းကစားမက္လြန္းတဲ့ မေလး႐ွားေရာက္ ျမန္မာမေလးတစ္ဦးရဲ႕အျဖစ္ဆိုး

ေခတ္ကာလအရ လူငယ္ေလးေတြဟာကိုယ့္ကိုအဆံုးစီရင္ေနၾကတာကို ေန႔စဥ္ေန႔တိုင္လိုလို ျမင္ရ ၊ ၾကားေနရမွာပါ ။ မ်ားေသာအားျဖင့္ စိတ္က်ေရာဂါေတြေၾကာင့္အဆံုးစီရင္ၾကသလို ၊ အခ်ိဳ႕က်ေတာ့လည္း ေငြေရးေၾကးေရးအေျခအေနေၾကာင့္အဆံုးစီရင္ၾကတာမ်ိဳးလည္း ႐ွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း ၿပီးခဲ့တဲ့ေအာက္တိုဘာလ 12ရက္ေန႔က မေလး႐ွာႏိုင္ငံရဲ႕ Genting Hotel တစ္ခုမွာ အသက္ 27ႏွစ္အရြယ္ျမန္မာမေလးတစ္ဦးဟာ သူမရဲ႕ေငြေရးေၾကးေရး အခက္အခဲေတြႏွင့္ သူမရဲ႕မိသားစုျပသာနာေၾကာင့္ ဟိုတယ္၏ 19လႊာမွခုန္ခ်ၿပီး အဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။

သူမ အဆံုးမစီရင္ခင္မွာ သူမ၏သူငယ္ခ်င္းမ်ားကို WeChat ကေနသူမေသဆံုးသြားခဲ့ရင္သူမရဲ႕သမီးေလးကိုဂ႐ုစိုက္ေပးဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္ ။ သူမ၏သူငယ္ခ်င္းတစ္ဦးက Wechat ကေနစကားေျပာဆိုထားပံုကို Screenshot ႐ိုက္ထားခဲ့ၿပီး ၊ သူမေသဆံုးေၾကာင္း သိ႐ွိခဲ့ခ်ိန္မွ အဆိုပါစကားေျပာဆိုထားပံုကို social media ေပၚေဝမ်ွခဲ့ပါတယ္ ။ သူမတို႔အခ်င္းခ်င္းေျပာဆိုထားပံုကိုၾကည့္ျခင္းအားျဖင့္ သူမဟာ RM 200,000 (ျမန္မာေငြ သိန္း600) လံုး ေလာင္းကစားတြင္ေဆာ့ကစားကာ ႐ႈံးသြားခဲ့၍သူမတြင္ RM1,000 (ျမန္မာေငြ 3သိန္း) သာက်န္႐ွိခဲ့ၿပီး ၊ သူမ၏ခင္ပြန္းျဖစ္သူကိုလည္း အေတာ္စိတ္ပ်က္ေနေၾကာင္း ေျပာဆိုခဲ့ပံုကိုေတြ႔႐ွိရပါတယ္ ။

” ငါ့မွာ RM 1,000 ပဲက်န္ေတာ့တယ္ ၊ ငါမၾကာခင္ျမန္မာျပည္ျပန္ေတာ့မွာ ၊ ငါ့သမီးေလးရဲ႕ Passport အဆင္သင့္ျဖစ္ရင္ေပါ့ ၊ ငါ့သမီးေလးနဲ႔ ထပ္မေတြ႔ရေတာ့မွာကို ငါေတာ္ေတာ္ေလး ေၾကာက္တယ္ ။ သူနဲ႔လက္ထပ္မိတာ ငါ့ဘဝမွာ အဆိုးဆံုးစိတ္ပ်က္စရာပဲ ၊ ငါအခု႐ွင္း႐ွင္းလင္းလင္းသိသြားၿပီ ၊ ငါသူ႔ကို လက္လြတ္လိုက္ေတာ့မယ္ ၊ ငါေနာက္ဆံုးအႀကိမ္အေနနဲ႔ သမီးကိုေတြ႔ခ်င္တယ္ ၊ သူ႔နဲ႔ထပ္မေတြ႔ရေတာ့မွာကို ငါအရမ္းေၾကာက္တယ္ ” ဆိုၿပီးေရးသားထားခဲ့ပါတယ္ ။

သူမကိုယ့္ကို အဆံုးမစီရင္ခင္မွာ သူမရဲ႕သူငယ္ခ်င္းကိုသမီးေလးရဲ႕ Video ပို႔ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ သူမဟာေဆးေသာက္ၿပီး အဆံုးစီရင္ဖို႔စီစဥ္ခဲ့ေပမဲ့လည္း ေနာက္ပိုင္းစိတ္ေျပာင္းလဲသြားခဲ့ၿပီး ဟိုတယ္ရဲ႕ 19လႊာကေန ခုန္ခ်ကာအဆံုးစီရင္ခဲ့ပါေတာ့တယ္ ။ အဆိုပါ မႈခင္းကိုေတာ့ တာဝန္႐ွိသူရဲအရာ႐ွိမ်ားက ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခေတ်ကာလအရ လူငယ်လေးတွေဟာကိုယ့်ကိုအဆုံးစီရင်နေကြတာကို နေ့စဉ်နေ့တိုင်လိုလို မြင်ရ ၊ ကြားနေရမှာပါ ။ များသောအားဖြင့် စိတ်ကျရောဂါတွေကြောင့်အဆုံးစီရင်ကြသလို ၊ အချို့ကျတော့လည်း ငွေရေးကြေးရေးအခြေအနေကြောင့်အဆုံးစီရင်ကြတာမျိုးလည်း ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း ပြီးခဲ့တဲ့အောက်တိုဘာလ 12ရက်နေ့က မလေးရှာနိုင်ငံရဲ့ Genting Hotel တစ်ခုမှာ အသက် 27နှစ်အရွယ်မြန်မာမလေးတစ်ဦးဟာ သူမရဲ့ငွေရေးကြေးရေး အခက်အခဲတွေနှင့် သူမရဲ့မိသားစုပြသာနာကြောင့် ဟိုတယ်၏ 19လွှာမှခုန်ချပြီး အဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။

သူမ အဆုံးမစီရင်ခင်မှာ သူမ၏သူငယ်ချင်းများကို WeChat ကနေသူမသေဆုံးသွားခဲ့ရင်သူမရဲ့သမီးလေးကိုဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ် ။ သူမ၏သူငယ်ချင်းတစ်ဦးက Wechat ကနေစကားပြောဆိုထားပုံကို Screenshot ရိုက်ထားခဲ့ပြီး ၊ သူမသေဆုံးကြောင်း သိရှိခဲ့ချိန်မှ အဆိုပါစကားပြောဆိုထားပုံကို social media ပေါ်ဝေမျှခဲ့ပါတယ် ။ သူမတို့အချင်းချင်းပြောဆိုထားပုံကိုကြည့်ခြင်းအားဖြင့် သူမဟာ RM 200,000 (မြန်မာငွေ သိန်း600) လုံး လောင်းကစားတွင်ဆော့ကစားကာ ရှုံးသွားခဲ့၍သူမတွင် RM1,000 (မြန်မာငွေ 3သိန်း) သာကျန်ရှိခဲ့ပြီး ၊ သူမ၏ခင်ပွန်းဖြစ်သူကိုလည်း အတော်စိတ်ပျက်နေကြောင်း ပြောဆိုခဲ့ပုံကိုတွေ့ရှိရပါတယ် ။

” ငါ့မှာ RM 1,000 ပဲကျန်တော့တယ် ၊ ငါမကြာခင်မြန်မာပြည်ပြန်တော့မှာ ၊ ငါ့သမီးလေးရဲ့ Passport အဆင်သင့်ဖြစ်ရင်ပေါ့ ၊ ငါ့သမီးလေးနဲ့ ထပ်မတွေ့ရတော့မှာကို ငါတော်တော်လေး ကြောက်တယ် ။ သူနဲ့လက်ထပ်မိတာ ငါ့ဘဝမှာ အဆိုးဆုံးစိတ်ပျက်စရာပဲ ၊ ငါအခုရှင်းရှင်းလင်းလင်းသိသွားပြီ ၊ ငါသူ့ကို လက်လွတ်လိုက်တော့မယ် ၊ ငါနောက်ဆုံးအကြိမ်အနေနဲ့ သမီးကိုတွေ့ချင်တယ် ၊ သူ့နဲ့ထပ်မတွေ့ရတော့မှာကို ငါအရမ်းကြောက်တယ် ” ဆိုပြီးရေးသားထားခဲ့ပါတယ် ။

သူမကိုယ့်ကို အဆုံးမစီရင်ခင်မှာ သူမရဲ့သူငယ်ချင်းကိုသမီးလေးရဲ့ Video ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ အစပိုင်းမှာတော့ သူမဟာဆေးသောက်ပြီး အဆုံးစီရင်ဖို့စီစဉ်ခဲ့ပေမဲ့လည်း နောက်ပိုင်းစိတ်ပြောင်းလဲသွားခဲ့ပြီး ဟိုတယ်ရဲ့ 19လွှာကနေ ခုန်ချကာအဆုံးစီရင်ခဲ့ပါတော့တယ် ။ အဆိုပါ မှုခင်းကိုတော့ တာဝန်ရှိသူရဲအရာရှိများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေလာင္းကစားမက္လြန္းတဲ့ မေလး႐ွားေရာက္ ျမန္မာမေလးတစ္ဦးရဲ႕အျဖစ္ဆိုး"

Leave a comment

Your email address will not be published.


*