သတို႔သားေလာင္းက ပြဲဖ်က္ခဲ့ေပမယ့္ တစ္ကိုယ္ေတာ္အလွဆုံးဓာတ္ပုံအျဖစ္ေျပာင္းလဲ႐ိုက္ကူးျပခဲ့တဲ့ မိန္းကေလး

အသက္ ၃၇ႏွစ္အ႐ြယ္ Shashaအမည္ရွိတဲ့စကၤာပူအမ်ိဳးသမီးတစ္ဦးဟာ ၂၀၁၇/၂၀၁၈ခုႏွစ္ထုတ္ Muzmatch ဆိုတဲ့ ဒိတ္လုပ္တဲ့ အက္ပလီေကးရွင္း တစ္ခုမွာ ဒိတ္လုပ္ၾကည့္ရင္း လက္ရွိသူမကို ထားခဲ့တဲ့သတို႔သားေဟာင္းနဲ႔ ေတြ႕သြားခဲ့ၿပီး သူတို႔ဟာခ်က္ခ်င္းဘဲ တြဲခုတ္ခဲ့ၾကပါတယ္။Shasta ဟာ သူတို႔ႏွစ္ဦးက စိတ္ခ်င္းဆက္လိုက္ဖက္တယ္လို႔ခံစားခဲ့ရၿပီး ၿပီးခဲ့တဲ့ ဩဂုတ္လမွာဘဲ သူ႔သတို႔သားေဟာင္းက ခ်စ္ခြင့္ပန္ကာ သူတို႔ ႏွစ္ဦးေစ့စပ္ေၾကာင္းလမ္းထားခဲ့ၾကပါတယ္။ဒါေပမဲ့ မဂၤလာမေဆာင္ခင္ သတို႔သားေဟာင္းဟာ ႏွစ္ဖက္ မိဘေတြ႕ဆုံပြဲကို မေရာက္လာခဲ့ပါဘူး။မဂၤေဆာင္ဖို႔ ေန႔စြဲနီးကပ္လာေတာ့လည္း သတို႔သားေဟာင္း နဲ႔ သူ႔မိသားစုေတြဟာ သူမနဲ႔ အဆက္အသြယ္ မလုပ္ခဲ့ျပန္ပါဘူး။

အဲ့ဒီေနာက္ Shasha လည္း ၎အျဖစ္ကို အျပဳသေဘာေဆာင္ရင္း အျဖစ္မွန္အျဖစ္ လက္ခံနားလည္ခဲ့ပါတယ္။သူမရဲ႕ႀကိဳးစားအားထုတ္မႈေတြကို စိတ္ပ်က္လက္ပ်က္ျဖစ္သြားရမဲ့အစား Shasha ဟာ lightviewsg ဓာတ္ပုံစတူဒီယိုနဲ႔အတူ မယုံႏိုင္ေလာက္ေအာင္ စြမ္းေဆာင္ရင္း လွပၿပီးအဓိပၸာယ္ရွိတဲ့ဓာတ္ပုံေတြကို တစ္ကိုယ္တည္း႐ိုက္ကူးပစ္ခဲ့ပါတယ္။သူမရဲ႕အေၾကာင္းနဲ႔ ဓာတ္ပုံေတြက social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး အင္တာနက္အသုံးျပဳသူေတြထံမွ”မင္းက သတၱိေကာင္းတဲ့အမ်ိဳးသမီးပါ ေကာင္းတာေတြလာေတာ့မွာ မင္းကအေကာင္းေတြနဲ႔ဘဲထိုက္တန္တယ္”၊”ဘယ္ေလာက္ေတာင္ အံ့ဩစရာေကာင္းတဲ့စိတ္ဓာတ္ပါလား ငါမင္းအတြက္ အရမ္းဂုဏ္ယူတယ္”။

“Shasha မင္းဟာ လႈံေဆာ္မႈတစ္ခုဘဲ” စတဲ့ အားတက္စရာေကာင္းတဲ့စကားလုံးေတြနဲ႔ အင္တာနက္မွာ Shashaရဲ႕သတင္းေမႊးေနခဲ့ပါတယ္။Shashaရဲ႕အျဖစ္အပ်က္နဲ႔ဓာတ္ပုံကို ၾကည့္ၿပီးေနာက္ သူမရဲ႕ခြန္အား၊ ဒဏ္ခံႏိုင္စြမ္း နဲ႔ ရဲစြမ္းသတၱိေတြဟာ ကြၽန္ေတာ္တို႔အားလုံးကို inspireျဖစ္ေစသလို ခံစားလိုက္ရၿပီး အခုအျဖစ္အပ်က္ဟာ အလားတူ ခံစားေနရတဲ့သူတိုင္းကို ကူညီေပးလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္မိပါတယ္။ဒီေတာ့ “ကိုယ့္ကိုကိုယ္ ခ်စ္တတ္ျခင္းဟာ အားလုံးရဲ႕အႀကီးျမတ္ဆုံး ခ်စ္ျခင္းေမတၱာဘဲ” ဆိုတဲ့ Whitney Houstonရဲ႕အေရးအသားလို စာဖတ္သူတို႔လည္း ဘယ္လိုအေျခအေနမွာဘဲ ေရာက္ေရာက္ ကိုယ့္ကိုကိုယ္ခ်စ္ၿပီးတန္ဖိုးထားၾကပါလို႔ ေျပာခဲ့ခ်င္ပါတယ္။

1

2

3

4

Mia (Mckzone Daily)

Source : worldofbuzz

Unicode

အသက် ၃၇နှစ်အရွယ် Shashaအမည်ရှိတဲ့စင်္ကာပူအမျိုးသမီးတစ်ဦးဟာ ၂၀၁၇/၂၀၁၈ခုနှစ်ထုတ် Muzmatch ဆိုတဲ့ ဒိတ်လုပ်တဲ့ အက်ပလီကေးရှင်း တစ်ခုမှာ ဒိတ်လုပ်ကြည့်ရင်း လက်ရှိသူမကို ထားခဲ့တဲ့သတို့သားဟောင်းနဲ့ တွေ့သွားခဲ့ပြီး သူတို့ဟာချက်ချင်းဘဲ တွဲခုတ်ခဲ့ကြပါတယ်။Shasta ဟာ သူတို့နှစ်ဦးက စိတ်ချင်းဆက်လိုက်ဖက်တယ်လို့ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ဩဂုတ်လမှာဘဲ သူ့သတို့သားဟောင်းက ချစ်ခွင့်ပန်ကာ သူတို့ နှစ်ဦးစေ့စပ်ကြောင်းလမ်းထားခဲ့ကြပါတယ်။ဒါပေမဲ့ မင်္ဂလာမဆောင်ခင် သတို့သားဟောင်းဟာ နှစ်ဖက် မိဘတွေ့ဆုံပွဲကို မရောက်လာခဲ့ပါဘူး။မင်္ဂဆောင်ဖို့ နေ့စွဲနီးကပ်လာတော့လည်း သတို့သားဟောင်း နဲ့ သူ့မိသားစုတွေဟာ သူမနဲ့ အဆက်အသွယ် မလုပ်ခဲ့ပြန်ပါဘူး။

အဲ့ဒီနောက် Shasha လည်း ၎င်းအဖြစ်ကို အပြုသဘောဆောင်ရင်း အဖြစ်မှန်အဖြစ် လက်ခံနားလည်ခဲ့ပါတယ်။သူမရဲ့ကြိုးစားအားထုတ်မှုတွေကို စိတ်ပျက်လက်ပျက်ဖြစ်သွားရမဲ့အစား Shasha ဟာ lightviewsg ဓာတ်ပုံစတူဒီယိုနဲ့အတူ မယုံနိုင်လောက်အောင် စွမ်းဆောင်ရင်း လှပပြီးအဓိပ္ပာယ်ရှိတဲ့ဓာတ်ပုံတွေကို တစ်ကိုယ်တည်းရိုက်ကူးပစ်ခဲ့ပါတယ်။သူမရဲ့အကြောင်းနဲ့ ဓာတ်ပုံတွေက social media မှာ ပျံ့နှံ့သွားခဲ့ပြီး အင်တာနက်အသုံးပြုသူတွေထံမှ”မင်းက သတ္တိကောင်းတဲ့အမျိုးသမီးပါ ကောင်းတာတွေလာတော့မှာ မင်းကအကောင်းတွေနဲ့ဘဲထိုက်တန်တယ်”၊”ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့စိတ်ဓာတ်ပါလား ငါမင်းအတွက် အရမ်းဂုဏ်ယူတယ်”။

“Shasha မင်းဟာ လှုံဆော်မှုတစ်ခုဘဲ” စတဲ့ အားတက်စရာကောင်းတဲ့စကားလုံးတွေနဲ့ အင်တာနက်မှာ Shashaရဲ့သတင်းမွှေးနေခဲ့ပါတယ်။Shashaရဲ့အဖြစ်အပျက်နဲ့ဓာတ်ပုံကို ကြည့်ပြီးနောက် သူမရဲ့ခွန်အား၊ ဒဏ်ခံနိုင်စွမ်း နဲ့ ရဲစွမ်းသတ္တိတွေဟာ ကျွန်တော်တို့အားလုံးကို inspireဖြစ်စေသလို ခံစားလိုက်ရပြီး အခုအဖြစ်အပျက်ဟာ အလားတူ ခံစားနေရတဲ့သူတိုင်းကို ကူညီပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။ဒီတော့ “ကိုယ့်ကိုကိုယ် ချစ်တတ်ခြင်းဟာ အားလုံးရဲ့အကြီးမြတ်ဆုံး ချစ်ခြင်းမေတ္တာဘဲ” ဆိုတဲ့ Whitney Houstonရဲ့အရေးအသားလို စာဖတ်သူတို့လည်း ဘယ်လိုအခြေအနေမှာဘဲ ရောက်ရောက် ကိုယ့်ကိုကိုယ်ချစ်ပြီးတန်ဖိုးထားကြပါလို့ ပြောခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "သတို႔သားေလာင္းက ပြဲဖ်က္ခဲ့ေပမယ့္ တစ္ကိုယ္ေတာ္အလွဆုံးဓာတ္ပုံအျဖစ္ေျပာင္းလဲ႐ိုက္ကူးျပခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*