တစ္ကိုယ္တည္းအထီးက်န္သမားေတြအတြက္ အထူးလူဌားရမ္းဝန္ေဆာင္မႈေတြေပးေနတဲ့ ကုမၸဏီ

ကြၽန္ေတာ္တို႔အားလုံးဟာ social media မွာ မေက်ာ္ၾကားတတ္ေပမဲ့ လူသိမ်ားေအာင္ လုပ္ခ်င္တတ္ၾကပါတယ္။သင္က တစ္ကိုယ္တည္းသမားမို႔ အင္တာနက္မွာ မိသားစု စုံစုံလင္လင္နဲ႔ ဒါမွမဟုတ္ ခ်စ္သူေကာင္ေလး၊ေကာင္မေလးေတြနဲ႔ တြဲ႐ိုက္ထားတဲ့ဓာတ္ပုံေတြတင္ခ်င္ပါသလား။မပူပါနဲ႔ အဲ့ျပႆနာကို ေျဖရွင္းေပးမယ့္ Family Romance ဆိုတဲ့ဂ်ပန္ကုမၸဏီတစ္ခု ရွိပါတယ္။၎က သင္တို႔ရဲ႕social accေတြကို ၾကည့္ေကာင္းသြားေအာင္ လုပ္ေပးပါလိမ့္မယ္။အဆိုပါကုမၸဏီရဲ႕ဝန္ေဆာင္မႈတစ္ခုျဖစ္တဲ့ Real Appeal က သင္တို႔ရဲ႕ Online ပုံရိပ္ေတြကို ျမင့္တင္ေပးၿပီး ၂နာရီအၾကာ ဝန္ေဆာင္မႈကို အသုံးျပဳခ်င္ရင္ေတာ့ ကုမၸဏီက သင့္ဓာတ္ပုံထဲပါဝင္ႏိုင္တဲ့ သူငယ္ခ်င္းအတုအေယာင္ေတြေပးပါလိမ့္မယ္။

အဆိုပါ အတုအေယာင္ေတြကလည္း လက္ေတြ႕ဘဝမွာ တကယ့္အစစ္အမွန္ရင္းႏွီးေနသလို ခံစားေစပါလိမ့္မယ္။Japan Informer သတင္းအရ ဝန္ေဆာင္မႈမွာ သင္ သူငယ္ခ်င္းဘယ္ေလာက္ဌားဌား ကန္႔သတ္ထားျခင္းမရွိသလို တစ္ေယာက္ဌားရင္ ယန္း၈,၀၀၀(၁၀၂,၀၀၀က်ပ္ )က်သင့္ၿပီး အဲ့ဒီထဲ သင္သြားခ်င္ စားခ်င္တဲ့ ေနရာစရိတ္ေတြမပါေသးပါဘူး။အသက္၊ က်ား၊မ ဒါမွမဟုတ္ သင္သေဘာက်တဲ့လူေတြကိုေတာ့ စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္ပါတယ္။လူတစ္ေယာက္ကို ( ၁၀၂,၀၀၀က်ပ္)ဆိုေတာ့ အကယ္လို႔ သင္က မိသားစုငါးေယာက္ပုံတြဲ႐ိုက္ခ်င္ရင္ ေနာက္ထပ္ ေလးေယာက္စာ စရိတ္ကုန္က်မွာျဖစ္တာမို႔ ဓာတ္ပုံေတြ႐ိုက္ဖို႔အတြက္ဘဲဆို အေတာ္ေလး ေစ်းႀကီးေနမွာပါ။

ဒါေပမဲ့လည္း Real Appeal က ဂ်ပန္ႏိုင္ငံရဲ႕ ေနာက္ဆုံးေပၚဝန္ေဆာက္မႈတစ္ခုပါ။မိဘေတြအျဖစ္ သ႐ုပ္ေဆာင္ႏိုင္ဖို႔ လူတစ္ေယာက္ကို ယန္း၂၀,၀၀၀( ၂၅၅,၀၀၀က်ပ္)နဲ႔ဌားရမ္းႏိုင္ၿပီး ဒါမွမဟုတ္ သင့္ရဲ႕မဂၤလာေဆာင္ပြဲမွာ ပြဲစည္ေနဖို႔အတြက္လည္း လူအုပ္ေတြကိုလည္းဌားရမ္းႏိုင္ပါေသးတယ္။ဒီဝန္ေဆာင္မႈက တစ္ကိုယ္တည္းသမားေတြအတြက္ အထူးအဆင္ေျပေနေပမဲ့ ၂နာရီစာအတြက္ ဌားရမ္းခေတြက အေတာ္ေလးေစ်းမ်ားလြန္းေနပါတယ္။သင္တို႔ေကာ ဒီဝန္ေဆာင္မႈကို ဘယ္လိုသေဘာရပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကျွန်တော်တို့အားလုံးဟာ social media မှာ မကျော်ကြားတတ်ပေမဲ့ လူသိများအောင် လုပ်ချင်တတ်ကြပါတယ်။သင်က တစ်ကိုယ်တည်းသမားမို့ အင်တာနက်မှာ မိသားစု စုံစုံလင်လင်နဲ့ ဒါမှမဟုတ် ချစ်သူကောင်လေး၊ကောင်မလေးတွေနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေတင်ချင်ပါသလား။မပူပါနဲ့ အဲ့ပြဿနာကို ဖြေရှင်းပေးမယ့် Family Romance ဆိုတဲ့ဂျပန်ကုမ္ပဏီတစ်ခု ရှိပါတယ်။၎င်းက သင်တို့ရဲ့social accတွေကို ကြည့်ကောင်းသွားအောင် လုပ်ပေးပါလိမ့်မယ်။အဆိုပါကုမ္ပဏီရဲ့ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Real Appeal က သင်တို့ရဲ့ Online ပုံရိပ်တွေကို မြင့်တင်ပေးပြီး ၂နာရီအကြာ ဝန်ဆောင်မှုကို အသုံးပြုချင်ရင်တော့ ကုမ္ပဏီက သင့်ဓာတ်ပုံထဲပါဝင်နိုင်တဲ့ သူငယ်ချင်းအတုအယောင်တွေပေးပါလိမ့်မယ်။

အဆိုပါ အတုအယောင်တွေကလည်း လက်တွေ့ဘဝမှာ တကယ့်အစစ်အမှန်ရင်းနှီးနေသလို ခံစားစေပါလိမ့်မယ်။Japan Informer သတင်းအရ ဝန်ဆောင်မှုမှာ သင် သူငယ်ချင်းဘယ်လောက်ဌားဌား ကန့်သတ်ထားခြင်းမရှိသလို တစ်ယောက်ဌားရင် ယန်း၈,၀၀၀(၁၀၂,၀၀၀ကျပ် )ကျသင့်ပြီး အဲ့ဒီထဲ သင်သွားချင် စားချင်တဲ့ နေရာစရိတ်တွေမပါသေးပါဘူး။အသက်၊ ကျား၊မ ဒါမှမဟုတ် သင်သဘောကျတဲ့လူတွေကိုတော့ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။လူတစ်ယောက်ကို ( ၁၀၂,၀၀၀ကျပ်)ဆိုတော့ အကယ်လို့ သင်က မိသားစုငါးယောက်ပုံတွဲရိုက်ချင်ရင် နောက်ထပ် လေးယောက်စာ စရိတ်ကုန်ကျမှာဖြစ်တာမို့ ဓာတ်ပုံတွေရိုက်ဖို့အတွက်ဘဲဆို အတော်လေး စျေးကြီးနေမှာပါ။

ဒါပေမဲ့လည်း Real Appeal က ဂျပန်နိုင်ငံရဲ့ နောက်ဆုံးပေါ်ဝန်ဆောက်မှုတစ်ခုပါ။မိဘတွေအဖြစ် သရုပ်ဆောင်နိုင်ဖို့ လူတစ်ယောက်ကို ယန်း၂၀,၀၀၀( ၂၅၅,၀၀၀ကျပ်)နဲ့ဌားရမ်းနိုင်ပြီး ဒါမှမဟုတ် သင့်ရဲ့မင်္ဂလာဆောင်ပွဲမှာ ပွဲစည်နေဖို့အတွက်လည်း လူအုပ်တွေကိုလည်းဌားရမ်းနိုင်ပါသေးတယ်။ဒီဝန်ဆောင်မှုက တစ်ကိုယ်တည်းသမားတွေအတွက် အထူးအဆင်ပြေနေပေမဲ့ ၂နာရီစာအတွက် ဌားရမ်းခတွေက အတော်လေးစျေးများလွန်းနေပါတယ်။သင်တို့ကော ဒီဝန်ဆောင်မှုကို ဘယ်လိုသဘောရပါသလဲ။

Mia (Mckzone Daily)

Be the first to comment on "တစ္ကိုယ္တည္းအထီးက်န္သမားေတြအတြက္ အထူးလူဌားရမ္းဝန္ေဆာင္မႈေတြေပးေနတဲ့ ကုမၸဏီ"

Leave a comment

Your email address will not be published.


*