၁၈ ေပရွည္လ်ားတဲ့ျမန္မာ့စပါးအုံးေႁမြေတြနဲ႔အတူ ခႏၶာကိုယ္အႏွိပ္ခံခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)

ေၾကာက္႐ြံ႕ျခင္းဟာ အလားအလာရွိတဲ့ၿခိမ္းေျခာက္မႈေတြအေပၚ စိတ္ရဲ႕တုံ႔ျပန္မႈပါ။လူေတြအားလုံးမွာ အျမင့္ေၾကာက္၊ေရေၾကာက္ ၊ သရဲေၾကာက္စတဲ့ ေၾကာက္႐ြံ႕မႈကိုယ္စီရွိေနတတ္ၾကပါတယ္။ေၾကာက္႐ြံ႕ျခင္းကို ေအာင္ႏိုင္တဲ့နည္းလမ္းတစ္ခုက ၎ကို ထိပ္တိုက္ရင္ဆိုင္ဖို႔ဘဲလို႔ ကုထုံးပညာရွင္အမ်ားစုက ဆိုထားၾကပါတယ္။အသက္ ၁၉ႏွစ္အ႐ြယ္ Sunshineအမည္ရွိတဲ့ ဒီဖိလစ္ပိုင္အမ်ိဳးသမီးလုပ္သလိုေပါ့။သူမဟာ ေျမကို ေသေလာက္တဲ့အထိ ေၾကာက္႐ြံ႕သူတစ္ဦးပါ။

ထိုေၾကာက္႐ြံ႕မႈကို ေက်ာ္လႊားပစ္ရန္ သူမရဲ႕မစ္ရွင္ျဖစ္တဲ့ ေႁမြနဲ႔ခႏၶာကိုယ္အႏွိပ္ခံဖို႔ သေဘာတူခဲ့ပါတယ္။သူမဟာ ဖိလစ္ပိုင္ႏိုင္ငံ Cebu City တိရိစာၦန္႐ုံမွာ ေႁမြေတြနဲ႔ အႏွိပ္ခံေနေၾကာင္းကို ဓာတ္ပုံဆရာ Ian MacLean က ႐ိုက္ကူးေပးထားခဲ့တာပါ။အႏွိပ္မခံခင္ ၁၈ေပ ရွည္တဲ့ျမန္မာ့စပါးအုံး ၄ေကာင္ကို တစ္ေကာင္စီ ၾကက္ ၁၀ေကာင္စီေကြၽးထားတာေၾကာင့္ သူမအတြက္ ဘယ္လိုအေတြးမွမေတြးမိေစခဲ့ပါဘူး။အႏွိပ္ခံဖို႔ စတင္လာခ်ိန္မွာေတာ့ Sunshine ဟာ တုန္လႈပ္ၿပီး ႐ုပ္မလွမပျဖစ္ေနခဲ့ရပါတယ္။

ဒါေပမဲ့ မၾကာခင္မွာဘဲ သူမရဲ႕ေၾကာက္႐ြံ႕စိတ္နည္းလာၿပီး ေႁမြေတြကို အိမ္ေမြးတိရိစာၦန္ေတြလို သေဘာက်တဲ့အထိ ျဖစ္သြားခဲ့ရပါတယ္။ထို႔ေနာက္ Sunshine ဟာ သူမရဲ႕ေၾကာက္႐ြံ႕မႈကို ေက်ာ္လႊားေအာင္ႏိုင္သြားခဲ့ပါတယ္။သူမက သူငယ္ခ်င္းေတြနဲ႔အတူတူ အႏွိပ္ခံခ်င္ေသးတယ္လို႔ဆိုထားပါေသးတယ္။စာဖတ္သူတို႔ေကာ အဲ့ေလာက္ႀကီးတဲ့ ျမန္မာ့စပါးအုံးေတြနဲ႔ အႏွိပ္ခံခ်င္ပါသလား။ကြၽန္ေတာ္ေတာ့ မလုပ္ရဲဘူးဗ်ာ။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

ကြောက်ရွံ့ခြင်းဟာ အလားအလာရှိတဲ့ခြိမ်းခြောက်မှုတွေအပေါ် စိတ်ရဲ့တုံ့ပြန်မှုပါ။လူတွေအားလုံးမှာ အမြင့်ကြောက်၊ရေကြောက် ၊ သရဲကြောက်စတဲ့ ကြောက်ရွံ့မှုကိုယ်စီရှိနေတတ်ကြပါတယ်။ကြောက်ရွံ့ခြင်းကို အောင်နိုင်တဲ့နည်းလမ်းတစ်ခုက ၎င်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ဘဲလို့ ကုထုံးပညာရှင်အများစုက ဆိုထားကြပါတယ်။အသက် ၁၉နှစ်အရွယ် Sunshineအမည်ရှိတဲ့ ဒီဖိလစ်ပိုင်အမျိုးသမီးလုပ်သလိုပေါ့။သူမဟာ မြေကို သေလောက်တဲ့အထိ ကြောက်ရွံ့သူတစ်ဦးပါ။

ထိုကြောက်ရွံ့မှုကို ကျော်လွှားပစ်ရန် သူမရဲ့မစ်ရှင်ဖြစ်တဲ့ မြွေနဲ့ခန္ဓာကိုယ်အနှိပ်ခံဖို့ သဘောတူခဲ့ပါတယ်။သူမဟာ ဖိလစ်ပိုင်နိုင်ငံ Cebu City တိရိစ္ဆာန်ရုံမှာ မြွေတွေနဲ့ အနှိပ်ခံနေကြောင်းကို ဓာတ်ပုံဆရာ Ian MacLean က ရိုက်ကူးပေးထားခဲ့တာပါ။အနှိပ်မခံခင် ၁၈ပေ ရှည်တဲ့မြန်မာ့စပါးအုံး ၄ကောင်ကို တစ်ကောင်စီ ကြက် ၁၀ကောင်စီကျွေးထားတာကြောင့် သူမအတွက် ဘယ်လိုအတွေးမှမတွေးမိစေခဲ့ပါဘူး။အနှိပ်ခံဖို့ စတင်လာချိန်မှာတော့ Sunshine ဟာ တုန်လှုပ်ပြီး ရုပ်မလှမပဖြစ်နေခဲ့ရပါတယ်။

ဒါပေမဲ့ မကြာခင်မှာဘဲ သူမရဲ့ကြောက်ရွံ့စိတ်နည်းလာပြီး မြွေတွေကို အိမ်မွေးတိရိစ္ဆာန်တွေလို သဘောကျတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ထို့နောက် Sunshine ဟာ သူမရဲ့ကြောက်ရွံ့မှုကို ကျော်လွှားအောင်နိုင်သွားခဲ့ပါတယ်။သူမက သူငယ်ချင်းတွေနဲ့အတူတူ အနှိပ်ခံချင်သေးတယ်လို့ဆိုထားပါသေးတယ်။စာဖတ်သူတို့ကော အဲ့လောက်ကြီးတဲ့ မြန်မာ့စပါးအုံးတွေနဲ့ အနှိပ်ခံချင်ပါသလား။ကျွန်တော်တော့ မလုပ်ရဲဘူးဗျာ။

Mia (Mckzone Daily)

Be the first to comment on "၁၈ ေပရွည္လ်ားတဲ့ျမန္မာ့စပါးအုံးေႁမြေတြနဲ႔အတူ ခႏၶာကိုယ္အႏွိပ္ခံခဲ့တဲ့ မိန္းကေလး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*