ကားထဲကလွမ္းႏႈတ္ဆက္ေနတဲ့ဧည့္သည္ကို လက္ေလးေျမႇာက္ရင္းျပန္ႏႈတ္ဆက္ျပခဲ့တဲ့ ၿခံေမြးဝက္ဝံ(႐ုပ္သံ)

ဝက္ဝံေတြကို အႏၲရာယ္ရွိတဲ့ေတာ႐ိုင္းတိရိစာၦန္လို႔ဘဲ လူသိမ်ားၾကတာပါ။အထူးသျဖင့္ ဝက္ဝံဟာ ဆာေလာင္မြတ္သိပ္တဲ့အခ်ိန္ သို႔မဟုတ္ သူတို႔ရဲ႕ကေလးေတြကို ကာကြယ္ေပးတဲ့အခ်ိန္ေတြမွာ ပိုၿပီးအႏၲရာယ္ရွိတဲ့တိရိစာၦန္အျဖစ္ေျပာင္းသြားတတ္ပါတယ္။ဒါေပမဲ့ လူေတြအေပၚ ဝက္ဝံေတြရဲ႕တုန႔္ျပန္မႈအခ်ိဳ႕က လူတိုင္းကို အံ့အားသင့္သြားေစႏိုင္ပါတယ္။အထူးသျဖင့္ အေမရိကန္ႏိုင္ငံ Washington ၿမိဳ႕ရဲ႕အိုလံပစ္ဂိမ္းၿခံက ဝက္ဝံတစ္ေကာင္ရဲ႕မေမွ်ာ္လင့္ဘဲလုပ္လိုက္တဲ့အရာေၾကာင့္ လာေရာက္လည္ပတ္တဲ့ဧည့္သည္တစ္ဦးကို အံ့အားသင့္သြားေစခဲ့ပါတယ္။

ရႈခင္းေတြလည္ပတ္ၾကည့္ရႈေနတဲ့ကားထဲကအမ်ိဳးသမီးတစ္ဦးဟာ ဝါယာႀကိဳးၿခံစည္း႐ိုးေနာက္ကြယ္မွာ ေအးေဆးထိုင္ေနတဲ့ အေမြးၾကမ္းဝက္ဝံႀကီးတစ္ေကာင္ကို ၾကည့္ဖို႔ ကားရပ္လိုက္ၿပီး ႐ႊင္လန္းတက္ႂကြစြာလက္နဲ႔ေဝွ႔ယမ္းႏႈတ္ဆက္ျပၿပီးေနာက္မွာေတာ့ အဆိုပါဝက္ဝံဟာ လွည့္ၾကည့္႐ုံသာမက မထင္ထားရေလာက္ေအာင္ သူ႔ရဲ႕လက္ကေလးေျမႇာက္ျပေပးခဲ့ပါေသးတယ္။သူ႔အတြက္ ဧည့္သည္ေတြကို ပုံမွန္လုပ္ျပတတ္တဲ့အမူအရာတစ္ခုလို ျဖစ္ပုံပါဘဲ။တစ္ကယ္တမ္း ဝက္ဝံေတြဟာ စိတ္လႈပ္ရွားျမန္ၿပီး ရန္လိုတတ္ၾကေပမဲ့လည္း လူသားေတြနဲ႔ အေနမ်ားရင္ေတာ့ အျပဳအမူအခ်ိဳ႕ေတြကို လိုက္ၿပီးတုပႏိုင္ၾကပါတယ္။

အခုအျဖစ္အပ်က္ေလးက အရမ္းကို ခ်စ္စရာေကာင္းေနပါတယ္။ဒါေပမဲ့ တစ္ခါတစ္ရံမွာ ဝက္ဝံရဲ႕လုပ္ရပ္ေတြက ခ်စ္စရာေကာင္းေပမဲ့လည္း ဒီေတာ႐ိုင္းတိရိစာၦန္ေတြဟာ မထင္ရင္မထင္သလို ရက္စက္စြာျပဳမူတတ္တဲ့အတြက္ ဝက္ဝံပတ္ပတ္လည္မွာ သတိထားေနသင့္ေၾကာင္း ေတာ႐ိုင္းတိရိစာၦန္ဆိုင္ရာတာဝန္ရွိသူေတြက သတိေပးခဲ့ပါတယ္။အခုလို ဝက္ဝံတစ္ေကာင္ လက္ေဝွ႔ယမ္းျပတဲ့ပုံက ျမင္မိတဲ့သူတိုင္းကို သေဘာက်ႏွစ္သက္ေစမွာပါ။

Mia (Mckzone Daily)

Source : elitereaders

Unicode

ဝက်ဝံတွေကို အန္တရာယ်ရှိတဲ့တောရိုင်းတိရိစ္ဆာန်လို့ဘဲ လူသိများကြတာပါ။အထူးသဖြင့် ဝက်ဝံဟာ ဆာလောင်မွတ်သိပ်တဲ့အချိန် သို့မဟုတ် သူတို့ရဲ့ကလေးတွေကို ကာကွယ်ပေးတဲ့အချိန်တွေမှာ ပိုပြီးအန္တရာယ်ရှိတဲ့တိရိစ္ဆာန်အဖြစ်ပြောင်းသွားတတ်ပါတယ်။ဒါပေမဲ့ လူတွေအပေါ် ဝက်ဝံတွေရဲ့တုန့်ပြန်မှုအချို့က လူတိုင်းကို အံ့အားသင့်သွားစေနိုင်ပါတယ်။အထူးသဖြင့် အမေရိကန်နိုင်ငံ Washington မြို့ရဲ့အိုလံပစ်ဂိမ်းခြံက ဝက်ဝံတစ်ကောင်ရဲ့မမျှော်လင့်ဘဲလုပ်လိုက်တဲ့အရာကြောင့် လာရောက်လည်ပတ်တဲ့ဧည့်သည်တစ်ဦးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ရှုခင်းတွေလည်ပတ်ကြည့်ရှုနေတဲ့ကားထဲကအမျိုးသမီးတစ်ဦးဟာ ဝါယာကြိုးခြံစည်းရိုးနောက်ကွယ်မှာ အေးဆေးထိုင်နေတဲ့ အမွေးကြမ်းဝက်ဝံကြီးတစ်ကောင်ကို ကြည့်ဖို့ ကားရပ်လိုက်ပြီး ရွှင်လန်းတက်ကြွစွာလက်နဲ့ဝှေ့ယမ်းနှုတ်ဆက်ပြပြီးနောက်မှာတော့ အဆိုပါဝက်ဝံဟာ လှည့်ကြည့်ရုံသာမက မထင်ထားရလောက်အောင် သူ့ရဲ့လက်ကလေးမြှောက်ပြပေးခဲ့ပါသေးတယ်။သူ့အတွက် ဧည့်သည်တွေကို ပုံမှန်လုပ်ပြတတ်တဲ့အမူအရာတစ်ခုလို ဖြစ်ပုံပါဘဲ။တစ်ကယ်တမ်း ဝက်ဝံတွေဟာ စိတ်လှုပ်ရှားမြန်ပြီး ရန်လိုတတ်ကြပေမဲ့လည်း လူသားတွေနဲ့ အနေများရင်တော့ အပြုအမူအချို့တွေကို လိုက်ပြီးတုပနိုင်ကြပါတယ်။

အခုအဖြစ်အပျက်လေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်။ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဝက်ဝံရဲ့လုပ်ရပ်တွေက ချစ်စရာကောင်းပေမဲ့လည်း ဒီတောရိုင်းတိရိစ္ဆာန်တွေဟာ မထင်ရင်မထင်သလို ရက်စက်စွာပြုမူတတ်တဲ့အတွက် ဝက်ဝံပတ်ပတ်လည်မှာ သတိထားနေသင့်ကြောင်း တောရိုင်းတိရိစ္ဆာန်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။အခုလို ဝက်ဝံတစ်ကောင် လက်ဝှေ့ယမ်းပြတဲ့ပုံက မြင်မိတဲ့သူတိုင်းကို သဘောကျနှစ်သက်စေမှာပါ။

Mia (Mckzone Daily)

  • Leave a Comment