ဆံပင္ပုံစံေၾကာင့္ သိပၸံပညာရွင္ အိုင္းစတိုင္းနဲ႔တူလြန္းလို႔ လူခ်စ္လူခင္မ်ားေနတဲ့ မိန္းကေလး(႐ုပ္သံ)

ဩစေၾတးလ်ႏိုင္ငံ Melbourne ၿမိဳ႕က အသက္ ၁၀ႏွစ္အ႐ြယ္ Shilah Madison Calvert Yin အမည္ရွိတဲ့ကေလးမေလးဟာ သူမရဲ႕အေပၚေထာင္တက္ေနတဲ့ဆံပင္ေတြေၾကာင့္ အိုင္းစတိုင္းနဲ႔ တူေၾကာင္း ႏႈိင္းယွဥ္ခံထားရပါတယ္။ကေလးေလးဘဝကတည္းက အေလွာင္ေျပာင္ခံခဲ့ရတဲ့ Shilahဟာ သြားမေကာင္းသလို ဆံသားပ႐ိုတိန္းဓာတ္လည္းေလ်ာ့နည္းေနတာေၾကာင့္ သူမဆံပင္ေတြက အသည္းပုံ ပုံစံလိုျဖစ္ေနပါတယ္။အေမျဖစ္သူ Celeste က သူမရဲ႕ဓာတ္ပုံေတြကို social media မွာ လူခ်င္းအတူတူကို ဘာလို႔ခြဲျခားၾကတာလဲ ဆိုတဲ့Captionနဲ႔အတူ ေဝမွ်ေပးလိုက္ေတာ့ လူအမ်ားရဲ႕ခ်စ္ျခင္းေတြကို ခံလိုက္ရၿပီးေနာက္ ငယ္စဥ္ကတည္းက စိတ္႐ုပ္စရာေကာင္းတဲ့ဆံပင္ကို ရွည္တိုင္းညႇပ္ပစ္ခဲ့ေပမဲ့ အခုခ်ိန္မွာေတာ့ Shilahဟာ သူမဆံပင္ကို အေတာ္ေလးသေဘာက်ေနပါၿပီ။

သူမက ေက်ာင္းမွာ အေစာ္ကားခံခဲ့ရေပမဲ့ အခုအခ်ိန္မွာေတာ့ အရမ္းသေဘာက်ေနၿပီ ေလတိုက္ရင္ မႀကိဳက္တာတစ္ခုဘဲပါတဲ့။Shilahရဲ႕ဆံပင္ေတြက ၾကည့္ရတာ လူမည္းဆံပင္ေတြလို လုံးၿပီးၾကမ္းပုံထင္ရေပမဲ့ တစ္ကယ္တမ္း ဆံသားေတြက ေပ်ာ့ေျပာင္းေနတာပါ။ဆံပင္ေတြက ဓာတ္လိုက္ထားသလိုဘဲ ျဖစ္ေနတာပါ။ဆံပင္ျပဳျပင္သမားေတြက သူမဆံပင္ကို ဘယ္လိုလုပ္လို႔ဘယ္လိုကိုင္ရမွန္းမသိခဲ့ၾကပါဘူး။Shilah ဟာ အသက္၇ႏွစ္မတိုင္မီ သြားဆရာဝန္ဆီမသြားခင္အထိ သူမဆံပင္ျပႆနာအေၾကာင္း ေသခ်ာမသိခဲ့ပါဘူး။

မ်ိဳး႐ိုးဗီဇမူမမွန္မႈအေၾကာင္းေတြစစ္ေဆးတဲ့ဆရာဝန္က သူမသြားေတြ အားနည္းလို႔ ဆံသားေတြကိုသြားထိခိုက္ေစတဲ့ေရာဂါျဖစ္ေနေၾကာင္း ေျပာျပခဲ့ၿပီးေနာက္ စစ္ေဆးၾကည့္လိုက္ေတာ့ အေျဖမွန္သြားခဲ့ရပါတယ္။အေမျဖစ္သူက ကြၽန္မ တုန္လႈပ္သြားၿပီး မ်က္ရည္ေတာင္က်ခဲ့ရတယ္ သူႏွစ္တိုင္း ရင္ဆိုင္ေနရတဲ့အခက္အခဲကို ေက်ာ္လႊားႏိုင္ေတာ့မယ္ အခုေတာ့ ကြၽန္မ သူ႔ရဲ႕သြားေတြကို အထူးဂ႐ုစိုက္ေပးေနပါၿပီ လို႔ ဆိုထားပါတယ္။ဒါေပမဲ့ Shilah ရဲ႕ဆံပင္ပုံစံက အိုင္းစတိုင္းနဲ႔အေတာ္ေလးတူသလို အဲ့ဆံပင္ပုံစံေလးကဘဲ သူ႔ကိုပိုခ်စ္ဖို႔ေကာင္းသြားေအာင္ လုပ္ေပးေနတာကို ေတြ႕ၾကမွာပါ။သူ႔နဲ႔အေတာ္ေလး လိုက္ဖက္ေနတာပါေနာ္။

1

2

3

4

Mia (Mckzone Daily)

Source : ladbible

Unicode

ဩစတြေးလျနိုင်ငံ Melbourne မြို့က အသက် ၁၀နှစ်အရွယ် Shilah Madison Calvert Yin အမည်ရှိတဲ့ကလေးမလေးဟာ သူမရဲ့အပေါ်ထောင်တက်နေတဲ့ဆံပင်တွေကြောင့် အိုင်းစတိုင်းနဲ့ တူကြောင်း နှိုင်းယှဉ်ခံထားရပါတယ်။ကလေးလေးဘဝကတည်းက အလှောင်ပြောင်ခံခဲ့ရတဲ့ Shilahဟာ သွားမကောင်းသလို ဆံသားပရိုတိန်းဓာတ်လည်းလျော့နည်းနေတာကြောင့် သူမဆံပင်တွေက အသည်းပုံ ပုံစံလိုဖြစ်နေပါတယ်။အမေဖြစ်သူ Celeste က သူမရဲ့ဓာတ်ပုံတွေကို social media မှာ လူချင်းအတူတူကို ဘာလို့ခွဲခြားကြတာလဲ ဆိုတဲ့Captionနဲ့အတူ ဝေမျှပေးလိုက်တော့ လူအများရဲ့ချစ်ခြင်းတွေကို ခံလိုက်ရပြီးနောက် ငယ်စဉ်ကတည်းက စိတ်ရုပ်စရာကောင်းတဲ့ဆံပင်ကို ရှည်တိုင်းညှပ်ပစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ Shilahဟာ သူမဆံပင်ကို အတော်လေးသဘောကျနေပါပြီ။


သူမက ကျောင်းမှာ အစော်ကားခံခဲ့ရပေမဲ့ အခုအချိန်မှာတော့ အရမ်းသဘောကျနေပြီ လေတိုက်ရင် မကြိုက်တာတစ်ခုဘဲပါတဲ့။Shilahရဲ့ဆံပင်တွေက ကြည့်ရတာ လူမည်းဆံပင်တွေလို လုံးပြီးကြမ်းပုံထင်ရပေမဲ့ တစ်ကယ်တမ်း ဆံသားတွေက ပျော့ပြောင်းနေတာပါ။ဆံပင်တွေက ဓာတ်လိုက်ထားသလိုဘဲ ဖြစ်နေတာပါ။ဆံပင်ပြုပြင်သမားတွေက သူမဆံပင်ကို ဘယ်လိုလုပ်လို့ဘယ်လိုကိုင်ရမှန်းမသိခဲ့ကြပါဘူး။Shilah ဟာ အသက်၇နှစ်မတိုင်မီ သွားဆရာဝန်ဆီမသွားခင်အထိ သူမဆံပင်ပြဿနာအကြောင်း သေချာမသိခဲ့ပါဘူး။

မျိုးရိုးဗီဇမူမမှန်မှုအကြောင်းတွေစစ်ဆေးတဲ့ဆရာဝန်က သူမသွားတွေ အားနည်းလို့ ဆံသားတွေကိုသွားထိခိုက်စေတဲ့ရောဂါဖြစ်နေကြောင်း ပြောပြခဲ့ပြီးနောက် စစ်ဆေးကြည့်လိုက်တော့ အဖြေမှန်သွားခဲ့ရပါတယ်။အမေဖြစ်သူက ကျွန်မ တုန်လှုပ်သွားပြီး မျက်ရည်တောင်ကျခဲ့ရတယ် သူနှစ်တိုင်း ရင်ဆိုင်နေရတဲ့အခက်အခဲကို ကျော်လွှားနိုင်တော့မယ် အခုတော့ ကျွန်မ သူ့ရဲ့သွားတွေကို အထူးဂရုစိုက်ပေးနေပါပြီ လို့ ဆိုထားပါတယ်။ဒါပေမဲ့ Shilah ရဲ့ဆံပင်ပုံစံက အိုင်းစတိုင်းနဲ့အတော်လေးတူသလို အဲ့ဆံပင်ပုံစံလေးကဘဲ သူ့ကိုပိုချစ်ဖို့ကောင်းသွားအောင် လုပ်ပေးနေတာကို တွေ့ကြမှာပါ။သူ့နဲ့အတော်လေး လိုက်ဖက်နေတာပါနော်။

Mia (Mckzone Daily)

  • Leave a Comment