အေမြရထားတဲ့အိမ္မို႔ ေခတ္မီကြန္ဒိုတိုက္ေဆာက္သမားေတြကို ေနရာဖယ္ေရာင္းခ်ေပးဖို႔ ျငင္းဆန္ခဲ့တဲ့ အိမ္ပိုင္ရွင္

ကမာၻႀကီးဟာ ေတာက္ပတဲ့အသစ္ေသာေနရာဆီသို႔ တျဖည္းျဖည္းေျပာင္းလဲလာတာပါ။ဒါေပမဲ့ လူတိုင္းက ၎နဲ႔လိုက္ေလ်ာညီေထြသြားေအာင္ ေနထိုင္ရမယ္လို႔မဆိုလိုပါဘူး။စကၤာပူႏိုင္ငံရဲ႕ Geylang လမ္းသြယ္တစ္ခုမွ အိမ္ပိုင္ရွင္ႏွစ္ဦးက သူတို႔ရဲ႕ႏွစ္လုံးခ်င္းအိမ္ေတြကို ကြန္ဒ္ုမီနီယံတိုက္ေဆာက္သူေတြအား မေရာင္းခ်ေပးခဲ့ပါဘူး။ Shin Min Daily News အရ ေဘးပတ္လည္အိမ္နီးခ်င္းေတြက အိမ္ေရာင္းလိုက္ၾကတာေၾကာင့္ ေဆာက္လုပ္ေရးသမားေတြက အိမ္ေတြကို ၿဖိဳခ်လိုက္ေပမဲ့ အဆိုပါ အိမ္ပိုင္ရွင္ႏွစ္ဦးကေတာ့ အတင္းအက်ပ္ျငင္းဆန္ခဲ့ၿပီး သူတို႔အိမ္ေတြကိုသာ ထားခဲ့ၿပီးဘဲ တိုက္ေဆာက္ဖို႔ ဆိုခဲ့ၾကပါတယ္။

အိမ္တစ္လုံးကိုပိုင္ဆိုင္တဲ့ အသက္ ၆၀ အ႐ြယ္ Mr.Wu ဟာ အိမ္ကအေမျဖစ္သူရဲ႕ေနာက္ဆုံးေပးလိုက္တဲ့အေမြမို႔ မေရာင္းပစ္ဘဲ ညီမျဖစ္သူနဲ႔အဆိုပါအိမ္မွာ ေနထိုင္ေနၿပီး “ငါ့အိမ္ေရွ႕မွာ ပန္းပင္ေတြစိုက္ထားတယ္ ဌက္ကေလးေတြေကာ ေမြးထားတယ္ တစ္ခါတစ္ေလ မနက္ခင္း ငါေအးေဆးထိုင္ၿပီး ၿမိဳ႕ျပႀကီးဘယ္လိုႏိုးထလာတာကို ၾကည့္ခ်င္တာ”လို႔ဆိုထားပါတယ္။Mr.Wu ဟာ ဘယ္ေလာက္ေငြတန္ဖိုးမ်ားမ်ား ကမ္းလွမ္းေနပါေစ မေရာင္းဘူးလို႔လည္း ဆိုထားပါေသးတယ္။

တစ္ျခားအိမ္ကေတာ့ ဗုဒၶဘာသာခန္းမဖြင့္လွစ္ထားတဲ့ အမ်ိဳးသမီးတစ္ဦးကပိုင္တာပါ။အဆိုပါခန္းမကို မိတ္ေဆြနဲ႔ ေဆြမ်ိဳးေတြအတြက္ဖြင့္ထားၿပီး သူ႔အိမ္က ကြန္ဒိုတိုက္ရဲ႕ အဝင္အထြက္ကို မထိခိုက္ေစတာေၾကာင့္ သူမလည္း မေရာင္းခ်ခဲ့ပါဘူး။အခုလို ေငြအေျမာက္အမ်ားနဲ႔လဲလွယ္ပစ္လို႔ရေပမဲ့ သူတို႔ရဲ႕ေနအိမ္ေလးေတြကို တန္ဖိုးထားတတ္တဲ့လူေတြရွိေနေသးတာကို ျမင္ရျခင္းက ဝမ္းသာစရာပါဘဲ။လူတိုင္းက ၿမိဳ႕ျပျဖစ္ထြန္းမႈေတြမွာ မပါဝင္ခ်င္တတ္ၾကပါဘူး။အဆိုပါအိမ္ပိုင္ရွင္ႏွစ္ဦးက ကြၽန္ေတာ္တို႔ရဲ႕အရင္းအျမစ္ကို တန္ဖိုးထားဖို႔ သတိေပးေနသလိုပါဘဲ။စာဖတ္တို႔အေနနဲ႔ေကာ သူတို႔ေနရာမွာ ကိုယ္သာဆို ဘယ္လိုလုပ္ပစ္ဖို႔ စဥ္းစားမိၾကပါသလဲ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ကမ္ဘာကြီးဟာ တောက်ပတဲ့အသစ်သောနေရာဆီသို့ တဖြည်းဖြည်းပြောင်းလဲလာတာပါ။ဒါပေမဲ့ လူတိုင်းက ၎င်းနဲ့လိုက်လျောညီထွေသွားအောင် နေထိုင်ရမယ်လို့မဆိုလိုပါဘူး။စင်္ကာပူနိုင်ငံရဲ့ Geylang လမ်းသွယ်တစ်ခုမှ အိမ်ပိုင်ရှင်နှစ်ဦးက သူတို့ရဲ့နှစ်လုံးချင်းအိမ်တွေကို ကွန်ဒ်ုမီနီယံတိုက်ဆောက်သူတွေအား မရောင်းချပေးခဲ့ပါဘူး။ Shin Min Daily News အရ ဘေးပတ်လည်အိမ်နီးချင်းတွေက အိမ်ရောင်းလိုက်ကြတာကြောင့် ဆောက်လုပ်ရေးသမားတွေက အိမ်တွေကို ဖြိုချလိုက်ပေမဲ့ အဆိုပါ အိမ်ပိုင်ရှင်နှစ်ဦးကတော့ အတင်းအကျပ်ငြင်းဆန်ခဲ့ပြီး သူတို့အိမ်တွေကိုသာ ထားခဲ့ပြီးဘဲ တိုက်ဆောက်ဖို့ ဆိုခဲ့ကြပါတယ်။

အိမ်တစ်လုံးကိုပိုင်ဆိုင်တဲ့ အသက် ၆၀ အရွယ် Mr.Wu ဟာ အိမ်ကအမေဖြစ်သူရဲ့နောက်ဆုံးပေးလိုက်တဲ့အမွေမို့ မရောင်းပစ်ဘဲ ညီမဖြစ်သူနဲ့အဆိုပါအိမ်မှာ နေထိုင်နေပြီး “ငါ့အိမ်ရှေ့မှာ ပန်းပင်တွေစိုက်ထားတယ် ဌက်ကလေးတွေကော မွေးထားတယ် တစ်ခါတစ်လေ မနက်ခင်း ငါအေးဆေးထိုင်ပြီး မြို့ပြကြီးဘယ်လိုနိုးထလာတာကို ကြည့်ချင်တာ”လို့ဆိုထားပါတယ်။Mr.Wu ဟာ ဘယ်လောက်ငွေတန်ဖိုးများများ ကမ်းလှမ်းနေပါစေ မရောင်းဘူးလို့လည်း ဆိုထားပါသေးတယ်။

တစ်ခြားအိမ်ကတော့ ဗုဒ္ဓဘာသာခန်းမဖွင့်လှစ်ထားတဲ့ အမျိုးသမီးတစ်ဦးကပိုင်တာပါ။အဆိုပါခန်းမကို မိတ်ဆွေနဲ့ ဆွေမျိုးတွေအတွက်ဖွင့်ထားပြီး သူ့အိမ်က ကွန်ဒိုတိုက်ရဲ့ အဝင်အထွက်ကို မထိခိုက်စေတာကြောင့် သူမလည်း မရောင်းချခဲ့ပါဘူး။အခုလို ငွေအမြောက်အများနဲ့လဲလှယ်ပစ်လို့ရပေမဲ့ သူတို့ရဲ့နေအိမ်လေးတွေကို တန်ဖိုးထားတတ်တဲ့လူတွေရှိနေသေးတာကို မြင်ရခြင်းက ဝမ်းသာစရာပါဘဲ။လူတိုင်းက မြို့ပြဖြစ်ထွန်းမှုတွေမှာ မပါဝင်ချင်တတ်ကြပါဘူး။အဆိုပါအိမ်ပိုင်ရှင်နှစ်ဦးက ကျွန်တော်တို့ရဲ့အရင်းအမြစ်ကို တန်ဖိုးထားဖို့ သတိပေးနေသလိုပါဘဲ။စာဖတ်တို့အနေနဲ့ကော သူတို့နေရာမှာ ကိုယ်သာဆို ဘယ်လိုလုပ်ပစ်ဖို့ စဉ်းစားမိကြပါသလဲ။

Mia (Mckzone Daily)

  • Leave a Comment