ပီဇာပထမဆုံးအႀကိမ္စားၾကည့္ဖို႔ အေႂကြေစ့ေတြနဲ႔ပိုက္ဆံရွင္းတဲ့ေဖာက္သည္ေလးကို အလကားဝယ္ေကြၽးခဲ့တဲ့ FoodPanda အမ်ိဳးသား

တစ္ခါတစ္ရံ ၾကင္နာမႈေသးေသးေလးေတြကလည္း သံေယာဇဥ္ရွည္လ်ားေနတတ္ပါတယ္။ဒီ FoodPanda အမ်ိဳးသားရဲ႕ ေဖာက္သည္ငယ္ေလးေပၚထားရွိတဲ့ၾကင္နာမႈဟာ သင္တို႔ႏွလုံးသားကို က်ိန္းေသထိမိသြားေစမွာပါ။Twitter အသုံးျပဳသူ Uzair က သူငယ္ခ်င္းျဖစ္သူ Faiz Rosman နဲ႔ ပိုက္ဆံေပးေခ်ဖို႔မလုံေလာက္တဲ့ သူ႔ရဲ႕ေဖာက္သည္ငယ္ေလးအေၾကာင္းကို မွ်ေဝေပးခဲ့တာပါ။Faiz ဟာ ရင္းဂစ္ ၂၉( ၉,၀၀၀က်ပ္)တန္ပီဇာ အမွာစာရၿပီး သြားပို႔လိုက္ေတာ့ သူ႔ေဖာက္သည္ေကာင္ေလးက အေႂကြေစ့ထုပ္ဆြဲၿပီး အလ်င္အျမန္ အိမ္ေရွ႕ကိုေရာက္လာခဲ့ပါတယ္။

မနက္ခင္း ဘူတာ႐ုံသြားခဲ့တာေၾကာင့္ ေကာင္ေလးရဲ႕ အေႂကြေစ့ဟာ ရင္းဂစ္ ၁၈( ၆,၀၀၀က်ပ္)ဘဲ က်န္တာမို႔ Faizက မျပည့္ရင္ တိုင္ၾကားမႈေတြလုပ္မယ္လို႔ ေနာက္ေျပာင္လိုက္ပါတယ္။ေကာင္ေလးရဲ႕အေဖ့ ဖုန္းနံပါတ္ေပးလို႔ ေျပာေတာ့ ေကာင္ေလးက သူမသိဘူးလို႔ လိမ္ေျပာခဲ့ၿပီး “ကြၽန္ေတာ္ အေဖ့ကို ေျပာျပရမွာေၾကာက္တယ္ ကြၽန္ေတာ္က ပထမဆုံးအႀကိမ္ ပီဇာဘဲ စားၾကည့္ခ်င္႐ုံပါ”လို႔ ဆိုၿပီး ပိုက္ဆံမေလာက္ရင္ ေနာက္တစ္ေခါက္မွ ထပ္ေပါင္းေပးလို႔ရမလားလို႔ ျပန္ေျပာခဲ့ပါတယ္။

အဲ့တာနဲ႔ Faiz က ေကာင္ေလးရဲ႕ပိုက္ဆံေတြကို မယူေတာ့ဘဲ သူ႔အသုံးလိုတဲ့ေနရာမွာသုံးဖို႔ နဲ႔ ေနာက္ပိုင္း ဘယ္သူ႔ကိုမွ မလိမ္ဖို႔ မွာခဲ့ေတာ့ ေကာင္ေလးက မယုံၾကည္ျဖစ္ခဲ့ရၿပီး သူ႔အမွားေတြကို ျပန္ေတာင္းပန္ေပးခဲ့ပါတယ္။Faizအား netizenေတြက သူ႔ရဲ႕ရက္ေရာမႈအတြက္ ခ်ီးမြမ္းခဲ့ၾကပါတယ္။ကမာၻတစ္ဝွမ္းလုံး ပရမ္းပတာျဖစ္ေနတဲ့အခုလိုအခ်ိန္မွာ လူတိုင္းကို ၾကင္နာမႈေတြျပဖို႔ အေကာင္းဆုံးအခ်ိန္ပါ။Faiz ရဲ႕ ရက္ေရာမႈကလည္း လူတိုင္းရင္ကို ေႏြးေထြးေစမွာပါ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တစ်ခါတစ်ရံ ကြင်နာမှုသေးသေးလေးတွေကလည်း သံယောဇဉ်ရှည်လျားနေတတ်ပါတယ်။ဒီ FoodPanda အမျိုးသားရဲ့ ဖောက်သည်ငယ်လေးပေါ်ထားရှိတဲ့ကြင်နာမှုဟာ သင်တို့နှလုံးသားကို ကျိန်းသေထိမိသွားစေမှာပါ။Twitter အသုံးပြုသူ Uzair က သူငယ်ချင်းဖြစ်သူ Faiz Rosman နဲ့ ပိုက်ဆံပေးချေဖို့မလုံလောက်တဲ့ သူ့ရဲ့ဖောက်သည်ငယ်လေးအကြောင်းကို မျှဝေပေးခဲ့တာပါ။Faiz ဟာ ရင်းဂစ် ၂၉( ၉,၀၀၀ကျပ်)တန်ပီဇာ အမှာစာရပြီး သွားပို့လိုက်တော့ သူ့ဖောက်သည်ကောင်လေးက အကြွေစေ့ထုပ်ဆွဲပြီး အလျင်အမြန် အိမ်ရှေ့ကိုရောက်လာခဲ့ပါတယ်။

မနက်ခင်း ဘူတာရုံသွားခဲ့တာကြောင့် ကောင်လေးရဲ့ အကြွေစေ့ဟာ ရင်းဂစ် ၁၈( ၆,၀၀၀ကျပ်)ဘဲ ကျန်တာမို့ Faizက မပြည့်ရင် တိုင်ကြားမှုတွေလုပ်မယ်လို့ နောက်ပြောင်လိုက်ပါတယ်။ကောင်လေးရဲ့အဖေ့ ဖုန်းနံပါတ်ပေးလို့ ပြောတော့ ကောင်လေးက သူမသိဘူးလို့ လိမ်ပြောခဲ့ပြီး “ကျွန်တော် အဖေ့ကို ပြောပြရမှာကြောက်တယ် ကျွန်တော်က ပထမဆုံးအကြိမ် ပီဇာဘဲ စားကြည့်ချင်ရုံပါ”လို့ ဆိုပြီး ပိုက်ဆံမလောက်ရင် နောက်တစ်ခေါက်မှ ထပ်ပေါင်းပေးလို့ရမလားလို့ ပြန်ပြောခဲ့ပါတယ်။

Pizza seafood and cheese from Piza shop Thailand

အဲ့တာနဲ့ Faiz က ကောင်လေးရဲ့ပိုက်ဆံတွေကို မယူတော့ဘဲ သူ့အသုံးလိုတဲ့နေရာမှာသုံးဖို့ နဲ့ နောက်ပိုင်း ဘယ်သူ့ကိုမှ မလိမ်ဖို့ မှာခဲ့တော့ ကောင်လေးက မယုံကြည်ဖြစ်ခဲ့ရပြီး သူ့အမှားတွေကို ပြန်တောင်းပန်ပေးခဲ့ပါတယ်။Faizအား netizenတွေက သူ့ရဲ့ရက်ရောမှုအတွက် ချီးမွမ်းခဲ့ကြပါတယ်။ကမ္ဘာတစ်ဝှမ်းလုံး ပရမ်းပတာဖြစ်နေတဲ့အခုလိုအချိန်မှာ လူတိုင်းကို ကြင်နာမှုတွေပြဖို့ အကောင်းဆုံးအချိန်ပါ။Faiz ရဲ့ ရက်ရောမှုကလည်း လူတိုင်းရင်ကို နွေးထွေးစေမှာပါ။

Mia (Mckzone Daily)

  • Leave a Comment