ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းကို ပညာသားပါပါအဖြေပြန်ပေးခဲ့တဲ့ Rihanna




Jasmine (Mckzone Daily)

Source:Metro

Unicode

အသက် 31 နှစ်ရှိပြီဖြစ်တဲ့ Rihanna ဟာ သူမမှာကိုယ်ဝန်ရှိနေပြီဆိုတဲ့ မဟုတ်မမှန်တဲ့အတင်းအဖျင်းတွေကို သူမရဲ့ Instagram မှာတင်ထားတဲ့ Slow motion video ကနေတစ်ဆင့်ပညာသားပါပါ တုန့်ပြန်ခဲ့ပါတယ် ။ Video ထဲမှာသူမရဲ့ လှပသွယ်လျလွန်းပြီးပြားချပ်နေခဲ့တဲ့ သူမရဲ့ဝမ်းဗိုက်ကို အမဲရောင် Bikini ဝတ်ပြီးဖော်ပြခဲ့တဲ့အပြင် ၊ စွဲမက်ဖွယ်ကောင်းလွန်လှတဲ့ အတွင်းသားတွေကိုအကုန်မြင်ရတဲ့အမဲရောင်အပေါ်ဝတ်ရုံကိုဝတ်ဆင်ပြီး ခြေဗလာဖြင့် လမ်းလျှောက်ပြခဲ့ပါတယ် ။ ပိုပြီးသိသိသာသာဖြစ်အောင် အတင်းအဖျင်းကိုတုန့်ပြန်လိုက်ပုံကတော့ သူမဟာ လမ်းလျှောက်နေစဉ် ဆေးလိပ်ကိုပါသောက်ပြနေခဲ့တာပါ ။

နေကာမျက်မှန်လေးနဲ့ အိတ်လေးကိုကိုင်ဆွဲထားပြီး ဆေးလိပ်သောက်လျက်ဖြင့် Camera ကိုလှမ်းကြည့်ခဲ့ပုံကတော့ လုံးဝကို Boss တစ်ယောက်လိုပါပဲ ။ အဆိုပါ အတင်းအဖျင်ကတော့ အင်တာဗျူ းတစ်ခုမှာ Anna Winter ကသူမကို ” မကြာခင် ကလေးယူတော့ဖို့ စဉ်းစားထားလား ” ဆိုပြီးမေးခဲ့တာပါ ။ အဲ့ချိန်မှာ Rihanna ကတော့ ” ကျွန်မအဲ့လိုမျိုးတော့ မစဉ်းစားထားပါဘူး ၊ ဒါပေမဲ့လည်း မသိသေးပါဘူး ၊ ဘုရားသခင်ရဲ့ အလိုတော်တိုင်းပါပဲ ” ဆိုပြီးသူမက ပြန်လည်ဖြေကြားခဲ့ပါတယ် ။

” မိန်းကလေးတွေ အတော်များများကတော့ အတော်လေးဖုံးဖုံးဖိဖိရှိကြတယ် ၊ဒါက ကိုယ်ရေးကိုယ်သာ ကိစ္စပါ ၊ ဒါက ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပဲလေ ၊ ပြီးတော့ ကျွန်မတို့ရဲ့အချိန်ပဲ ပြီးတော့ လူတိုင်းမိခင်ဖြစ်ဖို့ကြီးကိုပဲ အိမ်မက်မက်နေစရာမလိုပါဘူး ၊ အဲ့ကြောင့် ကျွန်မကတော့ ကိစ္စမရှိပါဘူး ” ဆိုပြီးထပ်လောင်းဖြေကြေးခဲ့ပါတယ် ။ ထို့ကြောင့် အဆိုပါအင်တာဗျူ းဖြေပြီးနောက်မှာတော့ လူတွေက Rihanna ကို ကိုယ်ဝန်ရှိနေပြီဆိုပြီး သံသယဖြစ်ခဲ့ကြတာပါ ။ သူမဟာ လက်ရှိမှာချစ်သူဖြစ်တဲ့ Saudi ရဲ့ ဘီလီယံနာတစ်ဦးဖြစ်တဲ့ Hassan Jameel နဲ့အတူ ပျော်ရွှင်ပြီးတည်မြဲတဲ့ Relationship တစ်ခုကိုပိုင်ဆထုင်ထားတာပါ ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းကို ပညာသားပါပါအဖြေပြန်ပေးခဲ့တဲ့ Rihanna"

Leave a comment

Your email address will not be published.


*