ကိုဗစ်မကူးစေဖို့ တက်ညီလက်ညီ social distancing လုပ်နေကြတဲ့ တိရိစ္ဆာန်လေးများ


1

2

3

4

5

6

7

8

9

10

Mia (Mckzone Daily)

Source : earthwonders

Unicode

အခုလိုရောဂါကာလမှာ ကမ္ဘာတစ်ဝှမ်းလုံးရဲ့ လူတွေအားလုံးက ဘယ်သွားသွား social distancing လုပ်ရပြီး ဖြစ်နိုင်ရင် အိမ်ပြင်တောင် မထွက်ကြရပါဘူး။လူတွေရဲ့အဲ့လိုလုပ်ရပ်တွေကိုကြည့်ရင်း ဒီလူတွေဘာလုပ်နေပါလိမ့်ဆိုပြီး တိရိစ္ဆာန်လေးတွေကလည်း ခိုးကြည့်ရင်း ထပ်တူစည်းကမ်းလိုက်နာချင်ကြပုံပါဘဲ။အခုလည်း ဖိလစ်ပိုင်နိုင်ငံက ကုန်စိမ်းဆိုင်တစ်ဆိုင်ရဲ့ရှေ့က social distancing အတွက် လုပ်ထားတဲ့နေရာမှာ ကြောင်လေးတွေက စည်းကမ်းရှိရှိနဲ့ တစ်ကောင်ချင်းစီ စက်ဝိုင်းထဲ ရုပ်တည်နဲ့ အတိအကျကို ထိုင်နေကြပါတယ်။သူတို့တွေအပြင် ကမ္ဘာတစ်ဝှမ်းက တိရိစ္ဆာန်လေးတွေကလည်း social distancing လုပ်နေကြပါသေးတယ်။ဆိုင်ရှေ့မှာ တန်းစီပြီးစောင့်နေတဲ့ ကြောင်တွေ၊ လူတွေရဲ့ကြားက အစဉ်လိုက်တန်းစီနေတဲ့ခွေးလေး စတာတွေကို မြင်တွေ့ရမှာပါ။ဒါဆို လူသားတွေလို တက်ညီလက်ညီ လိုက်တုပတတ်တဲ့တိရိစ္ဆာန်လေးတို့ရဲ့ social distancing လုပ်နေတဲ့ပုံတွေကို စာဖတ်သူတို့အဖို့ ဝေမျှပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment