ရႈသြင္းလိုက္တဲ့ေလကို သန္႔စင္ေပးသလို ဖက္ရွင္လည္းက်ေစမယ့္ 2020ခုႏွစ္ထုတ္ ပါဝါရိမ္းဂ်ားမ်က္ႏွာဖုံး

အခုလိုေရာဂါကာလမွာ ေလေကာင္းေလသန္႔အျပည့္အဝမရတဲ့အတြက္ေၾကာင့္ တီထြင္ဖန္တီးရွင္ေတြကေတာ့ သင္တို႔ ရႈရႈိက္လိုက္တဲ့ေလကို သန္႔စင္ေပးတဲ့မ်က္ႏွာဖုံးတစ္မ်ိဳးကို တီထြင္ဖန္တီးေပးလိုက္ျပန္ပါၿပီ။အေမရိကန္ႏိုင္ငံသားေတြရဲ႕တီထြင္မႈတစ္ခုျဖစ္တဲ့ BLANC လို႔ေခၚတဲ့အဆိုပါမ်က္ႏွာဖုံးမွာ တစ္ခုခ်င္းစီကို ႏွစ္ပတ္အၾကာ စြမ္းေဆာင္ႏိုင္ၿပီး ျပန္လည္အသုံးျပဳႏိုင္တဲ့ HEPA filter ႏွစ္ခုပါဝင္ပါတယ္။မ်က္ႏွာဖုံးရဲ႕ပုံစံက ေဘးႏွစ္ဖက္ကို သံလိုက္ျပားနဲ႔ဆက္ထားၿပီး အေရာင္ကိုေတာ့ အျဖဴ နဲ႔ အနက္ႏွစ္ေရာင္တည္းသာ ထုတ္လုပ္ထားပါေသးတယ္။အဆိုပါမ်က္ႏွာဖုံးကိုေတာ့ ေဒၚလာ ၇၉.၀၆ မွစတင္ၿပီး Kickstarter ဝက္ဆိုက္မွာ ႀကိဳတင္မွာယူထားႏိုင္ပါေသးတယ္။

အေျပာင္းအလဲျဖစ္သြားေစဖို႔ ရည္႐ြယ္ဖန္တီးခဲ့တာျဖစ္ၿပီး ဘက္တီးရီးယား ပိုးမႊား နဲ႔ ဗိုင္းရပ္စ္ေတြထံမွ အျမင့္မားဆုံးကာကြယ္ေပးႏိုင္သလို BLANC ဟာ PPE တစ္ခုမွ်သာမဟုတ္ဘဲ ဖက္ရွင္ဒီဇိုင္းေတြ ပါဝင္ေၾကာင္း တီထြင္ဖန္တီးရွင္ေတြက ဆိုထားပါတယ္။ဒီဇိုင္နာရဲ႕အဆိုအရ မ်က္ႏွာဖုံးမွာ အသားတင္အမွတ္တံဆိပ္လည္း ပါဝင္ေနပါတယ္။အဆိုပါ မ်က္ႏွာဖုံးဟာ မ်က္ႏွာနဲ႔အံဝင္ခြင္က်ျဖစ္ေအာင္ ျပဳလုပ္ထားၿပီး နား႐ြက္ကို ထိခိုက္တာ မ်က္ႏွာကို ညစ္ေနတာစတဲ့ အေနခက္ေစမဲ့ျပႆနာေတြမျဖစ္ေစပါဘူး။

HEPA filter ေတြမွတဆင့္ ရႈရႈိက္လိုက္တဲ့ေလကို ေသခ်ာစြာ စစ္ထုတ္ေပး႐ုံသာမက COVID-19 ေရာဂါကိုလည္း အလုံၿခဳံဆုံး ကာကြယ္ေပးႏိုင္တယ္လို႔ အဖြဲ႕ဝင္ေတြက ဆိုထားပါတယ္။ထို႔အျပင္ ကိုယ့္မ်က္ႏွာကို မၾကာခဏထိေတြ႕တတ္တဲ့ လူေတြအတြက္ ကူးစက္ေရာဂါအႏၲရာယ္ကို ကာကြယ္ဖို႔ အထူးအသုံးဝင္ေၾကာင္းလည္း ဆိုထားပါေသးတယ္။တီထြင္သူေတြက ဆန္းတထပ္ဆန္းေအာင္ တီထြင္ေနၾကအုံးမွာပါ။ကြၽန္ေတာ္ကေတာ့ ဒီပါဝါရိမ္းဂ်ား မ်က္ႏွာဖုံးကို အေတာ္ေလး စိတ္ဝင္စားေနပါၿပီ။

1

2

3

4

Mia (Mckzone Daily)

Source : dailymail

Unicode

အခုလိုရောဂါကာလမှာ လေကောင်းလေသန့်အပြည့်အဝမရတဲ့အတွက်ကြောင့် တီထွင်ဖန်တီးရှင်တွေကတော့ သင်တို့ ရှုရှိုက်လိုက်တဲ့လေကို သန့်စင်ပေးတဲ့မျက်နှာဖုံးတစ်မျိုးကို တီထွင်ဖန်တီးပေးလိုက်ပြန်ပါပြီ။အမေရိကန်နိုင်ငံသားတွေရဲ့တီထွင်မှုတစ်ခုဖြစ်တဲ့ BLANC လို့ခေါ်တဲ့အဆိုပါမျက်နှာဖုံးမှာ တစ်ခုချင်းစီကို နှစ်ပတ်အကြာ စွမ်းဆောင်နိုင်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ HEPA filter နှစ်ခုပါဝင်ပါတယ်။မျက်နှာဖုံးရဲ့ပုံစံက ဘေးနှစ်ဖက်ကို သံလိုက်ပြားနဲ့ဆက်ထားပြီး အရောင်ကိုတော့ အဖြူ နဲ့ အနက်နှစ်ရောင်တည်းသာ ထုတ်လုပ်ထားပါသေးတယ်။အဆိုပါမျက်နှာဖုံးကိုတော့ ဒေါ်လာ ၇၉.၀၆ မှစတင်ပြီး Kickstarter ဝက်ဆိုက်မှာ ကြိုတင်မှာယူထားနိုင်ပါသေးတယ်။

အပြောင်းအလဲဖြစ်သွားစေဖို့ ရည်ရွယ်ဖန်တီးခဲ့တာဖြစ်ပြီး ဘက်တီးရီးယား ပိုးမွှား နဲ့ ဗိုင်းရပ်စ်တွေထံမှ အမြင့်မားဆုံးကာကွယ်ပေးနိုင်သလို BLANC ဟာ PPE တစ်ခုမျှသာမဟုတ်ဘဲ ဖက်ရှင်ဒီဇိုင်းတွေ ပါဝင်ကြောင်း တီထွင်ဖန်တီးရှင်တွေက ဆိုထားပါတယ်။ဒီဇိုင်နာရဲ့အဆိုအရ မျက်နှာဖုံးမှာ အသားတင်အမှတ်တံဆိပ်လည်း ပါဝင်နေပါတယ်။အဆိုပါ မျက်နှာဖုံးဟာ မျက်နှာနဲ့အံဝင်ခွင်ကျဖြစ်အောင် ပြုလုပ်ထားပြီး နားရွက်ကို ထိခိုက်တာ မျက်နှာကို ညစ်နေတာစတဲ့ အနေခက်စေမဲ့ပြဿနာတွေမဖြစ်စေပါဘူး။

HEPA filter တွေမှတဆင့် ရှုရှိုက်လိုက်တဲ့လေကို သေချာစွာ စစ်ထုတ်ပေးရုံသာမက COVID-19 ရောဂါကိုလည်း အလုံခြုံဆုံး ကာကွယ်ပေးနိုင်တယ်လို့ အဖွဲ့ဝင်တွေက ဆိုထားပါတယ်။ထို့အပြင် ကိုယ့်မျက်နှာကို မကြာခဏထိတွေ့တတ်တဲ့ လူတွေအတွက် ကူးစက်ရောဂါအန္တရာယ်ကို ကာကွယ်ဖို့ အထူးအသုံးဝင်ကြောင်းလည်း ဆိုထားပါသေးတယ်။တီထွင်သူတွေက ဆန်းတထပ်ဆန်းအောင် တီထွင်နေကြအုံးမှာပါ။ကျွန်တော်ကတော့ ဒီပါဝါရိမ်းဂျား မျက်နှာဖုံးကို အတော်လေး စိတ်ဝင်စားနေပါပြီ။

Mia (Mckzone Daily)

  • Leave a Comment