မိဘတိုင္းဟာ ကေလးငယ္ေလးေတြ သူတို႔ရဲ႕ပထမဆုံးေျခလွမ္းဘယ္လိုသင္ယူၾကတာကိုၾကည့္ရင္း အၿမဲစိတ္ၾကည္ႏူးေနတတ္ၾကပါတယ္။ဇနီးေမာင္ႏွံေတြျဖစ္တဲ့ Zachary အမည္ရွိအမ်ိဳးသား ႏွင့္ Katie Henderson အမည္ရွိအမ်ိဳးသမီး တို႔ရဲ႕ ၁၄ လ အ႐ြယ္သာရွိတဲ့သမီးေလးSloan ဟာ ႏွင္းေလွ်ာစကိတ္ေပၚ ကိုယ့္ကိုကိုယ္ ဘယ္လိုဟန္ခ်က္ညီေအာင္လုပ္ရမွာကို ေကာင္းေကာင္းသိေနခဲ့ပါတယ္။သူမရဲ႕ပထမဆုံးေျခလွမ္းအတြက္ မိဘႏွစ္ပါးက အရမ္းကို ဂုဏ္ယူၿပီး ေဘးကေန ေထာက္ပံ့မႈေတြလည္း အမ်ားႀကီးေပးေနခဲ့ပါတယ္။Sloan ဟာ ဘယ္လိုလမ္းေလွ်ာက္ရမယ္ဆိုတာကို ေကာင္းေကာင္း ေလ့လာသင္ယူၿပီးတဲ့ေနာက္ မၾကာခင္မွာပဲ သူမႏွင္းေလွ်ာစီးတတ္သြားခဲ့ပါတယ္။
မိဘႏွစ္ပါးစလုံးက ေရလႊာေလွ်ာစီးျခင္း ၊wakeboard ကစားျခင္း ႏွင့္အျခားအားကစားအမ်ိဳးမ်ိဳးကို ကစားတတ္တဲ့သူေတြမို႔ Sloanေလး ဟန္ခ်က္ညီေအာင္ထိန္းႏိုင္စြမ္းက ဘယ္ကေနလာတာကို သိၾကမွာပါ။Zachary ႏွင့္ Katie တို႔ဟာ သမီးေလးကို အေမရိကန္ျပည္ေထာင္စု Utah ျပည္နယ္ရွိ Park City Mountain Resort သို႔ အလည္ေခၚသြားၿပီးေနာက္ သူမရဲ႕ကြၽမ္းက်င္မႈကိုေတြ႕ရွိသြားခဲ့ၾကပါတယ္။ငယ္ေသးတဲ့Sloan ဟာ အားထုတ္ႀကိဳးပမ္းမႈေတြသိပ္မပါဘဲ ေတာင္ေစာင္းငယ္တစ္ခုမွာ သူမရဲ႕ခႏၶာကိုယ္အေနအထားကို ဟန္ခ်က္ညီေအာင္ထိန္းထားႏိုင္ခဲ့ပါတယ္။Sloan ရဲ႕ႏွင္းေလွ်ာစီးေနတဲ့ဗီဒီယိုကခ်က္ခ်င္း ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူအမ်ားရဲ႕အာ႐ုံစိုက္မႈေတြခံခဲ့ရတဲ့အျပင္ အျခားမိဘရွင္ေတြကလည္း Sloan ရဲ႕ပထမဆုံးေျခလွမ္းကို ဂုဏ္ယူအားရေနခဲ့ၾကပါတယ္။
“ကြၽန္မတို႔က သူ႔အတြက္ သိပ္ဂုဏ္ယူခဲ့ၾကရတယ္ အခုေတာ့ သူ ႏွင္းေလွ်ာစီးရတာကို အရမ္းသေဘာက်ေနၿပီ” လို႔ Katieက ဆိုထားပါတယ္။Katie က သမီးေလးႀကိဳက္တဲ့အားကစားကိုျမန္ျမန္ သိခြင့္မရခဲ့လို႔ မနာလိုျဖစ္ရၿပီး ဟန္ခ်က္ညီတဲ့စြမ္းရည္က သူ႔အေဖဆီက အေမြဆက္ခံရတာျဖစ္ေၾကာင္း ထပ္မံေျပာဆိုခဲ့ပါတယ္။Sloan ေလးက ႏွင္းေလွ်ာစီးၿပိဳင္ပြဲမွာ တရားဝင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ဖို႔ ႏွစ္ေပါင္းမ်ားစြာ အခ်ိန္ယူရဦးမွာမို႔ ခုခ်ိန္မွာေတာ့ အ႐ြယ္ေရာက္လာမဲ့ Sloan ေလးရဲ႕လႈပ္ရွားမႈေတြကိုသာ တျဖည္းျဖည္းခ်င္း ေစာင့္ၾကည့္ေန႐ုံဘဲရွိအုံးမယ္ လို႔ အေဖျဖစ္သူ Zachary က ဆိုထားပါေသးတယ္။
1
2
Mia (Mckzone Daily)
Source : elitereaders
Unicode
မိဘတိုင်းဟာ ကလေးငယ်လေးတွေ သူတို့ရဲ့ပထမဆုံးခြေလှမ်းဘယ်လိုသင်ယူကြတာကိုကြည့်ရင်း အမြဲစိတ်ကြည်နူးနေတတ်ကြပါတယ်။ဇနီးမောင်နှံတွေဖြစ်တဲ့ Zachary အမည်ရှိအမျိုးသား နှင့် Katie Henderson အမည်ရှိအမျိုးသမီး တို့ရဲ့ ၁၄ လ အရွယ်သာရှိတဲ့သမီးလေးSloan ဟာ နှင်းလျှောစကိတ်ပေါ် ကိုယ့်ကိုကိုယ် ဘယ်လိုဟန်ချက်ညီအောင်လုပ်ရမှာကို ကောင်းကောင်းသိနေခဲ့ပါတယ်။သူမရဲ့ပထမဆုံးခြေလှမ်းအတွက် မိဘနှစ်ပါးက အရမ်းကို ဂုဏ်ယူပြီး ဘေးကနေ ထောက်ပံ့မှုတွေလည်း အများကြီးပေးနေခဲ့ပါတယ်။Sloan ဟာ ဘယ်လိုလမ်းလျှောက်ရမယ်ဆိုတာကို ကောင်းကောင်း လေ့လာသင်ယူပြီးတဲ့နောက် မကြာခင်မှာပဲ သူမနှင်းလျှောစီးတတ်သွားခဲ့ပါတယ်။
မိဘနှစ်ပါးစလုံးက ရေလွှာလျှောစီးခြင်း ၊wakeboard ကစားခြင်း နှင့်အခြားအားကစားအမျိုးမျိုးကို ကစားတတ်တဲ့သူတွေမို့ Sloanလေး ဟန်ချက်ညီအောင်ထိန်းနိုင်စွမ်းက ဘယ်ကနေလာတာကို သိကြမှာပါ။Zachary နှင့် Katie တို့ဟာ သမီးလေးကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ်ရှိ Park City Mountain Resort သို့ အလည်ခေါ်သွားပြီးနောက် သူမရဲ့ကျွမ်းကျင်မှုကိုတွေ့ရှိသွားခဲ့ကြပါတယ်။ငယ်သေးတဲ့Sloan ဟာ အားထုတ်ကြိုးပမ်းမှုတွေသိပ်မပါဘဲ တောင်စောင်းငယ်တစ်ခုမှာ သူမရဲ့ခန္ဓာကိုယ်အနေအထားကို ဟန်ချက်ညီအောင်ထိန်းထားနိုင်ခဲ့ပါတယ်။Sloan ရဲ့နှင်းလျှောစီးနေတဲ့ဗီဒီယိုကချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး လူအများရဲ့အာရုံစိုက်မှုတွေခံခဲ့ရတဲ့အပြင် အခြားမိဘရှင်တွေကလည်း Sloan ရဲ့ပထမဆုံးခြေလှမ်းကို ဂုဏ်ယူအားရနေခဲ့ကြပါတယ်။
“ကျွန်မတို့က သူ့အတွက် သိပ်ဂုဏ်ယူခဲ့ကြရတယ် အခုတော့ သူ နှင်းလျှောစီးရတာကို အရမ်းသဘောကျနေပြီ” လို့ Katieက ဆိုထားပါတယ်။Katie က သမီးလေးကြိုက်တဲ့အားကစားကိုမြန်မြန် သိခွင့်မရခဲ့လို့ မနာလိုဖြစ်ရပြီး ဟန်ချက်ညီတဲ့စွမ်းရည်က သူ့အဖေဆီက အမွေဆက်ခံရတာဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။Sloan လေးက နှင်းလျှောစီးပြိုင်ပွဲမှာ တရားဝင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရဦးမှာမို့ ခုချိန်မှာတော့ အရွယ်ရောက်လာမဲ့ Sloan လေးရဲ့လှုပ်ရှားမှုတွေကိုသာ တဖြည်းဖြည်းချင်း စောင့်ကြည့်နေရုံဘဲရှိအုံးမယ် လို့ အဖေဖြစ်သူ Zachary က ဆိုထားပါသေးတယ်။
Mia (Mckzone Daily)
Be the first to comment on "အကူအညီမလိုဘဲ ကိုယ္ခႏၶာအေနအထားဟန္ခ်က္ညီညီနဲ႔ ႏွင္းေလွ်ာစီးႏိုင္ေနၿပီျဖစ္တဲ့ ၁၄ လသားအ႐ြယ္ကေလးမေလး (႐ုပ္သံ)"