‘အဘြားဆီက ပိုက္ဆံမလိုခ်င္ဘူး’ဆိုၿပီးႏွစ္သိမ့္ကာ ဆိုင္႐ွင္အမ်ိဳးသားကိုသာဓားျပတိုက္ခဲ့သူ (႐ုပ္သံ)

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 15ရက္ေန႔က ဘရာဇီးအေ႐ွ႕ေျမာက္ဖက္ပိုင္းမွာ႐ွိတဲ့ ကုန္စံုဆိုင္တစ္ဆိုင္မွာ လူငယ္ႏွစ္ေယာက္ဟာေသနတ္မ်ားကိုင္ေဆာင္ထားၿပီး ဓားျပတိုက္မႈျဖစ္ပြားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအျဖစ္အပ်က္မွာအတာ္ေလးကို ထူးဆန္းေစခဲ့တဲ့အရာကေတာ့ ဆိုင္ထဲတြင္႐ွိေနခဲ့တဲ့ ဆိုင္႐ွင္အမ်ိဳးသား ႏွင့္ အဘြားအိုတစ္ဦး ကို ဓားျပေတြက ဆက္ဆံခဲ့ပံုပါ ။ CCTV မွ မွတ္တမ္းရယူခဲ့တာျဖစ္ၿပီး video ထဲမွာေတာ့ ဓားျပေတြဟာ ဆိုင္႐ွင္ရဲ႕ခႏၶာကိုယ္ကို စစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ ဒူးေထာက္ခိုင္ခဲ့ပါတယ္ ။ ဆိုင္႐ွင္၏အမည္မွာ Samuel Almeida ျဖစ္ၿပီး သူ၏ေျပာျပခ်က္အရ ဓားျပေတြဟာဆိုင္ထဲဝင္လာၿပီးေနာက္ ပိုက္ဆံအကုန္ေပးဖို႔ေတာင္းဆိုခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္ ။

ေနာက္ထပ္ ဓားျပတစ္ေယာက္၏လက္ထဲတြင္လည္း Pistol ေသနတ္ကိုင္ေဆာင္ထားၿပီး ၊ သူ၏အနီးတြင္႐ွိေနေသာ အဘြားအိုမွာလည္း သူမ၏ပိုက္ဆံကိုလည္း ယူဖို႔ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေသနတ္ကိုင္ေဆာင္ထားခဲ့တဲ့ဓားျပက အဘြားအိုရဲ႕ပုခံုးကိုပုတ္ကာ ႏွစ္သိမ့္ေပးၿပီး အဘြားရဲ႕နဖူးကိုလည္းအနမ္းေပးျပီးဆိုင္ကိုသာ ဓားျပတိုက္ခဲ့ပါတယ္ ။

” မဟုတ္ဘူး.. အဘြား…တိတ္တိတ္ေန ကြၽန္ေတာ္အဘြားရဲ႕ပိုက္ဆံမလိုခ်င္ဘူး ” ဆိုၿပီးေျပာသြားခဲ့ပါေသးတယ္ ။ အဆိုပါဓားျပေတြဟာ $240 ႏွင့္ အျခားကုန္ပစၥည္းမ်ားယူေဆာင္သြားကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ လက္႐ွိမွာေတာ့ ရဲအရာ႐ွိမ်ားကလည္း စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလ 15ရက်နေ့က ဘရာဇီးအရှေ့မြောက်ဖက်ပိုင်းမှာရှိတဲ့ ကုန်စုံဆိုင်တစ်ဆိုင်မှာ လူငယ်နှစ်ယောက်ဟာသေနတ်များကိုင်ဆောင်ထားပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအဖြစ်အပျက်မှာအတာ်လေးကို ထူးဆန်းစေခဲ့တဲ့အရာကတော့ ဆိုင်ထဲတွင်ရှိနေခဲ့တဲ့ ဆိုင်ရှင်အမျိုးသား နှင့် အဘွားအိုတစ်ဦး ကို ဓားပြတွေက ဆက်ဆံခဲ့ပုံပါ ။ CCTV မှ မှတ်တမ်းရယူခဲ့တာဖြစ်ပြီး video ထဲမှာတော့ ဓားပြတွေဟာ ဆိုင်ရှင်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးမှုပြုလုပ်ပြီးနောက် ဒူးထောက်ခိုင်ခဲ့ပါတယ် ။ ဆိုင်ရှင်၏အမည်မှာ Samuel Almeida ဖြစ်ပြီး သူ၏ပြောပြချက်အရ ဓားပြတွေဟာဆိုင်ထဲဝင်လာပြီးနောက် ပိုက်ဆံအကုန်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

နောက်ထပ် ဓားပြတစ်ယောက်၏လက်ထဲတွင်လည်း Pistol သေနတ်ကိုင်ဆောင်ထားပြီး ၊ သူ၏အနီးတွင်ရှိနေသော အဘွားအိုမှာလည်း သူမ၏ပိုက်ဆံကိုလည်း ယူဖို့ကြောက်ကြောက်လန့်လန့်ဖြင့်ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း သေနတ်ကိုင်ဆောင်ထားခဲ့တဲ့ဓားပြက အဘွားအိုရဲ့ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးပြီး အဘွားရဲ့နဖူးကိုလည်းအနမ်းပေးပြီးဆိုင်ကိုသာ ဓားပြတိုက်ခဲ့ပါတယ် ။

” မဟုတ်ဘူး.. အဘွား…တိတ်တိတ်နေ ကျွန်တော်အဘွားရဲ့ပိုက်ဆံမလိုချင်ဘူး ” ဆိုပြီးပြောသွားခဲ့ပါသေးတယ် ။ အဆိုပါဓားပြတွေဟာ $240 နှင့် အခြားကုန်ပစ္စည်းများယူဆောင်သွားကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရှိရပါတယ် ။ လက်ရှိမှာတော့ ရဲအရာရှိများကလည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment