Gymသို႔တစ္ခါမွမသြားဖူးဘဲ က်န္းမာေတာင့္တင္းတဲ့ခႏၶာကိုယ္တစ္စုံ ပိုင္ဆိုင္ထားတဲ့ အသက္ ၆၇ႏွစ္အ႐ြယ္ အဖိုး

ၿဗိတိန္ႏိုင္ငံရွိ အသက္ ၆၇ႏွစ္အ႐ြယ္ Mike Millen အမည္ရွိတဲ့အဖိုးတစ္ဦးဟာ ျမင္သူတိုင္းႀကိဳက္မဲ့ ေတာင့္တင္းတဲ့ခႏၶာကိုယ္ပိုင္ဆိုင္ထားလို႔ လူသိမ်ားေက်ာ္ၾကားေနပါတယ္။ Mike ဟာ မယုံႏိုင္ေလာက္တဲ့ six pack ေတြနဲ႔ စူထြက္ေနတဲ့ႂကြက္သားဗီဒီယိုေတြကို မၾကာခဏတင္ေလ့ရွိပါတယ္။ၾကင္ေဖာ္မဲ့တဲ့အဖိုးဟာ လြန္ခဲ့တဲ့ႏွစ္ ၂၀ ကတည္းက ကိုယ္တိုင္ေလ့က်င့္ၿပီး တစ္ပတ္ကို တစ္ရက္ဘဲနားသလို ေရကူးျခင္း၊ ေတာင္တက္ျခင္း သို႔မဟုတ္ ကမ္းေျခတစ္ေလွ်ာက္ေျပးျခင္း စတာေတြနဲ႔ပါ ေလ့က်င့္တတ္သူတစ္ဦးပါ။အသက္၈ ႏွစ္ႏွင့္ ၁၀ႏွစ္အ႐ြယ္ ေျမးႏွစ္ေယာက္ပိုင္ဆိုင္ထားတဲ့ Mikeက အျပင္မွာေလ့က်င့္ျခင္းက သဘာဝတရားေၾကာင့္ ခႏၶာကိုယ္ကိုသာမက စိတ္အတြက္ပါမ်ားစြာအက်ိဳးျပဳၿပီး ခႏၶာကိုယ္ႀကံ့ခိုင္ေရးက သူ႔အတြက္အရမ္းအေရးႀကီးတာေၾကာင့္ ေန႔တိုင္း ေလ့က်င့္ရင္း ထူးဆန္းတဲ့သူ႔လုပ္ရပ္အခ်ိဳ႕ကို မိသားစုက စိတ္ပူေနၾကေပမဲ့လည္း သူ႔ရဲ႕လုပ္ေဆာင္ခ်က္ကို တိတ္တဆိတ္ဂုဏ္ယူေနဆဲလို႔ ဆိုထားပါတယ္။

သူဟာ Iceland ကမ္းေျခရွိ အပူခ်ိန္ -12C ဝန္းက်င္မွာလည္း အေပၚပိုင္းအဝတ္ဗလာနဲ႔ အေျပးေလ့က်င့္ခဲ့ဖူးသလို ရာသီဥတုသုံးပါးမေရွာင္ဘဲ အားကစားကို တစ္စိုက္မတ္မတ္ႀကိဳးစားေလ့က်င့္ခဲ့ပါတယ္။အိပ္စက္ျခင္းက ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစသလို ​​အျပဳသေဘာေဆာင္တဲ့အေတြးအေခၚေတြရရွိေစၿပီး ကိုယ့္ကိုယ္ကို စိန္ေခၚတတ္ဖို႔လည္း ကူညီေပးေၾကာင္း Mike က ဆိုထားပါတယ္။Mike ဟာ လက္ရွိ UK မွာ အေျခစိုက္တဲ့ LiveNOW Fitness အစီအစဥ္မွတဆင့္ ကိုယ္လက္လႈပ္ရွားမႈ​ အားကစားေလ့က်င့္ခန္းေတြကို သင္ၾကားေပးေနပါတယ္။Mikeက “ခႏၶာကိုယ္ႀကံ့ခိုင္ေရးစနစ္ကို စတင္ဖို႔ ေနာက္က်တယ္ဆိုတာမရွိပါဘူး၊ ဘယ္ေလာက္ အသက္အ႐ြယ္ဘဲျဖစ္ေနပါေစ လူတိုင္းအတြက္ မွန္ကန္တဲ့အစီအစဥ္တစ္ခုရွိပါတယ္”လို႔ ဆိုကာ သဘာဝရဲ႕ေလေကာင္းေလသန႔္ကို႐ူၿပီး သက္ေတာင့္သက္သာရွိတဲ့ဖိနပ္တစ္ရံရွိ႐ုံနဲ႔ လုပ္ႏိုင္တဲ့ လမ္းေလွ်ာက္ျခင္းေလက်င့္ခန္းလုပ္ဖို႔ အထူးအႀကံေပးခဲ့ပါေသးတယ္။

Mike ဟာ သူ႔ရဲ႕ပုံပန္းသဏၭာန္ကိုထိန္းသိမ္းဖို႔ တစ္ေန႔ကို အနည္းဆုံး ၂ နာရီအၾကာေလ့က်င့္ခန္းလုပ္ပါတယ္။Mike ကို ခႏၶာကိုယ္ႀကံ့ခိုင္ေရးေလာကမွ အနားယူဖို႔ အစီအစဥ္ရွိလား လို႔ေမးေတာ့ လူတိုင္းလိုဘဲ အသက္အ႐ြယ္ႀကီးရင့္လာတာႏွင့္အမွ် ငါလုပ္ႏိုင္မယ့္ ခႏၶာကိုယ္ႀကံ့ခိုင္ေရး နဲ႔ လႈပ္ရွားမႈအခ်ိဳ႕ကိုေတာ့ ရွာေဖြေနဦးမွာပါ၊ ငါ့ရဲ႕ ရည္႐ြယ္ခ်က္ကို မရပ္တန႔္ ႏိုင္ေသးဘူး လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။သာမန္ ၆၀-၇၀ အ႐ြယ္အဖိုးအဖြားေတြဆို က်န္းမာေရးေၾကာင့္ ထုံထိုင္းေလးလံေနတတ္ၾကေပမဲ့ ဒီအဖိုးကေတာ့ ဆန္႔က်င္ဘက္ပါဘဲ။သင္တို႔လည္း အဖိုးအဖြားျဖစ္လာတဲ့အခ်ိန္က်႕ရင္ အခုလို တက္ႂကြလန္းဆန္းၿပီးၾကည့္ေကာင္းခ်င္ေနေသးရင္ေတာ့ အားကစားကို မျဖစ္မေနလိုက္စားၾကပါလို႔ အႀကံေပးခဲ့ခ်င္ပါတယ္။

1

2

3

4

5

Mia (Mckzone Daily)

Source : dailymail

Unicode

ဗြိတိန်နိုင်ငံရှိ အသက် ၆၇နှစ်အရွယ် Mike Millen အမည်ရှိတဲ့အဖိုးတစ်ဦးဟာ မြင်သူတိုင်းကြိုက်မဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားလို့ လူသိများကျော်ကြားနေပါတယ်။ Mike ဟာ မယုံနိုင်လောက်တဲ့ six pack တွေနဲ့ စူထွက်နေတဲ့ကြွက်သားဗီဒီယိုတွေကို မကြာခဏတင်လေ့ရှိပါတယ်။ကြင်ဖော်မဲ့တဲ့အဖိုးဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက ကိုယ်တိုင်လေ့ကျင့်ပြီး တစ်ပတ်ကို တစ်ရက်ဘဲနားသလို ရေကူးခြင်း၊ တောင်တက်ခြင်း သို့မဟုတ် ကမ်းခြေတစ်လျှောက်ပြေးခြင်း စတာတွေနဲ့ပါ လေ့ကျင့်တတ်သူတစ်ဦးပါ။အသက်၈ နှစ်နှင့် ၁၀နှစ်အရွယ် မြေးနှစ်ယောက်ပိုင်ဆိုင်ထားတဲ့ Mikeက အပြင်မှာလေ့ကျင့်ခြင်းက သဘာဝတရားကြောင့် ခန္ဓာကိုယ်ကိုသာမက စိတ်အတွက်ပါများစွာအကျိုးပြုပြီး ခန္ဓာကိုယ်ကြံ့ခိုင်ရေးက သူ့အတွက်အရမ်းအရေးကြီးတာကြောင့် နေ့တိုင်း လေ့ကျင့်ရင်း ထူးဆန်းတဲ့သူ့လုပ်ရပ်အချို့ကို မိသားစုက စိတ်ပူနေကြပေမဲ့လည်း သူ့ရဲ့လုပ်ဆောင်ချက်ကို တိတ်တဆိတ်ဂုဏ်ယူနေဆဲလို့ ဆိုထားပါတယ်။

သူဟာ Iceland ကမ်းခြေရှိ အပူချိန် -12C ဝန်းကျင်မှာလည်း အပေါ်ပိုင်းအဝတ်ဗလာနဲ့ အပြေးလေ့ကျင့်ခဲ့ဖူးသလို ရာသီဥတုသုံးပါးမရှောင်ဘဲ အားကစားကို တစ်စိုက်မတ်မတ်ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။အိပ်စက်ခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေသလို ​​အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေရရှိစေပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်တတ်ဖို့လည်း ကူညီပေးကြောင်း Mike က ဆိုထားပါတယ်။Mike ဟာ လက်ရှိ UK မှာ အခြေစိုက်တဲ့ LiveNOW Fitness အစီအစဉ်မှတဆင့် ကိုယ်လက်လှုပ်ရှားမှု​ အားကစားလေ့ကျင့်ခန်းတွေကို သင်ကြားပေးနေပါတယ်။Mikeက “ခန္ဓာကိုယ်ကြံ့ခိုင်ရေးစနစ်ကို စတင်ဖို့ နောက်ကျတယ်ဆိုတာမရှိပါဘူး၊ ဘယ်လောက် အသက်အရွယ်ဘဲဖြစ်နေပါစေ လူတိုင်းအတွက် မှန်ကန်တဲ့အစီအစဉ်တစ်ခုရှိပါတယ်”လို့ ဆိုကာ သဘာဝရဲ့လေကောင်းလေသန့်ကိုရူပြီး သက်တောင့်သက်သာရှိတဲ့ဖိနပ်တစ်ရံရှိရုံနဲ့ လုပ်နိုင်တဲ့ လမ်းလျှောက်ခြင်းလေကျင့်ခန်းလုပ်ဖို့ အထူးအကြံပေးခဲ့ပါသေးတယ်။

Mike ဟာ သူ့ရဲ့ပုံပန်းသဏ္ဌာန်ကိုထိန်းသိမ်းဖို့ တစ်နေ့ကို အနည်းဆုံး ၂ နာရီအကြာလေ့ကျင့်ခန်းလုပ်ပါတယ်။Mike ကို ခန္ဓာကိုယ်ကြံ့ခိုင်ရေးလောကမှ အနားယူဖို့ အစီအစဉ်ရှိလား လို့မေးတော့ လူတိုင်းလိုဘဲ အသက်အရွယ်ကြီးရင့်လာတာနှင့်အမျှ ငါလုပ်နိုင်မယ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး နဲ့ လှုပ်ရှားမှုအချို့ကိုတော့ ရှာဖွေနေဦးမှာပါ၊ ငါ့ရဲ့ ရည်ရွယ်ချက်ကို မရပ်တန့် နိုင်သေးဘူး လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။သာမန် ၆၀-၇၀ အရွယ်အဖိုးအဖွားတွေဆို ကျန်းမာရေးကြောင့် ထုံထိုင်းလေးလံနေတတ်ကြပေမဲ့ ဒီအဖိုးကတော့ ဆန့်ကျင်ဘက်ပါဘဲ။သင်တို့လည်း အဖိုးအဖွားဖြစ်လာတဲ့အချိန်ကျ့ရင် အခုလို တက်ကြွလန်းဆန်းပြီးကြည့်ကောင်းချင်နေသေးရင်တော့ အားကစားကို မဖြစ်မနေလိုက်စားကြပါလို့ အကြံပေးခဲ့ချင်ပါတယ်။

Mia (Mckzone Daily)

Be the first to comment on "Gymသို႔တစ္ခါမွမသြားဖူးဘဲ က်န္းမာေတာင့္တင္းတဲ့ခႏၶာကိုယ္တစ္စုံ ပိုင္ဆိုင္ထားတဲ့ အသက္ ၆၇ႏွစ္အ႐ြယ္ အဖိုး"

Leave a comment

Your email address will not be published.


*