ေပါင္ ၁၀၀ အေလးခ်ိန္ရွိတဲ့ turbanကိုေဆာင္းဖို႔ ေန႔တိုင္း၆နာရီခန္႔အခ်ိန္ယူျပင္ဆင္ရတဲ့ အမ်ိဳးသား(႐ုပ္သံ)

အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြကမနက္အိပ္ရာထလို႔ အျပင္အဆင္ၾကာရင္ အၿမဲတမ္းညည္းညဴေနတတ္ၾကၿပီး ၁နာရီၾကာေအာင္ မိတ္ကပ္လိမ္းတတ္တဲ့အမ်ိဳးသမီးအခ်ိဳ႕လည္း ရွိေနတတ္ပါတယ္။။သို႔ေပမဲ့လည္း သူ႔ရဲ႕turban ကို ေဆာင္းဖို႔ ၆နာရီခန္႔အခ်ိန္ေပးရတဲ့အိႏၵိယႏိုင္ငံက ဒီအမ်ိဳးသားနဲ႔ ႏႈိင္းယွဥ္ရင္ေတာ့ မဆိုစေလာက္ေလးပါဘဲ။၆နာရီဆိုေတာ့ ကမာၻ႔အၾကာဆုံး မိတ္ကပ္လိမ္းတတ္တဲ့အမ်ိဳးသမီးေတြေတာင္ ရႈံးေလာက္ပါတယ္။အိႏၵိယႏိုင္ငံ Punjabျပည္နယ္မွ Avtar Singh Mauni အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ turban မပါရင္ တစ္ေန႔တာ မျပည့္စုံဘူးလို႔ ခံစားေနရသူပါ။သို႔ေပမဲ့ သူ႔ရဲ႕ turban က သာမန္မဟုတ္ဘဲ ေပါင္ ၁၀၀ အေလးခ်ိန္ရွိၿပီး ၆၄၅ မီတာအရွည္ပါဝင္တဲ့ ခ်ည္ထည္ေတြနဲ႔ ျပဳလုပ္ထားတာပါ။

Avtar ဟာ ေပါင္ ၁၀၀ ရွိတဲ့ သူ႔turbanကို ဝန္ထုပ္ဝန္ပိုးလို႔ မျမင္တဲ့အျပင္ ၎ကို ေဆာင္းထားတဲ့အခ်ိန္တိုင္းစိတ္ခ်မ္းသာေပ်ာ္႐ႊင္ရၿပီး အကယ္လို႔ မေဆာင္းထားရတဲ့ေန႔ဆို ကိုယ့္ကိုကိုယ္ မလုံၿခဳံသလို တစ္ခုခုေပ်ာက္ေနသလို ခံစားေနရပါေသးတယ္။Avtarဟာ ေလးလံတဲ့turban နဲ႔ မလုံေလာက္တဲ့အျပင္ ၇၈ ေပါင္ခန္႔ရွိတဲ့ ဓား နဲ႔ ေလးလံတဲ့အထုပ္ေတြကိုလည္း ေန႔တိုင္းသယ္ေဆာင္ထားတတ္ပါေသးတယ္။အ႐ြယ္အစားႀကီးလြန္းတဲ့turbanေၾကာင့္ ကားထဲဝင္လို႔မရတဲ့အတြက္ေၾကာင့္ Avtar ဟာ သြားလာေရးအတြက္ ကိုယ္တိုင္ ဆိုင္ကယ္ေမာင္းရပါတယ္။ဒါေၾကာင့္ သူသြားခဲ့တဲ့ ေနရာတိုင္းက သူ႔ကို အာ႐ုံစိုက္မိသြားၾကတာကလည္း အဆန္းမဟုတ္ေနေတာ့ပါဘူး။

“ငါ အျပင္ထြက္တိုင္း လူအုပ္ႀကီးက ငါ့ကို ဝိုင္းၾကည့္ၾကတယ္ တစ္ခ်ိဳ႕က အိုး မင္းဒီေလာက္ႀကီးတဲ့ turbanကို ေဆာင္းလို႔ စြမ္းအား အမ်ားႀကီးနဲ႔ ေကာင္းခ်ီးေပးခံရလိမ့္မယ္လို႔ ေျပာၾကတယ္”လို႔ Avtarက ေျပာျပထားပါတယ္။တစ္ခါတစ္ရံ လူေတြက ဓာတ္ပုံ႐ိုက္ခ်င္ၾကတယ္ ငါ့မွာေတာ့ ဒီturban ကို ေဆာင္းဖို႔ အခ်ိန္အမ်ားႀကီးယူရလို႔ သူတို႔ကို မ႐ိုက္ဖို႔ေအာ္လြတ္ပစ္ရတယ္ လို႔လည္း Avtarက ထပ္မံေျပာျပထားပါေသးတယ္။ေပါင္ ၁၀၀ အေလးခ်ိန္ကို တစ္ေနကုန္ ေခါင္းေပၚေဆာင္းထားႏိုင္တာကိုေတာ့ မခ်ီးက်ဴးဘဲ မေနႏိုင္ေတာ့ပါဘူးဗ်ာ။

1

2

3

4

5

6

7

Mia (Mckzone Daily)

Source : elitereaders

Unicode

အမျိုးသားတွေဟာ အမျိုးသမီးတွေကမနက်အိပ်ရာထလို့ အပြင်အဆင်ကြာရင် အမြဲတမ်းညည်းညူနေတတ်ကြပြီး ၁နာရီကြာအောင် မိတ်ကပ်လိမ်းတတ်တဲ့အမျိုးသမီးအချို့လည်း ရှိနေတတ်ပါတယ်။။သို့ပေမဲ့လည်း သူ့ရဲ့turban ကို ဆောင်းဖို့ ၆နာရီခန့်အချိန်ပေးရတဲ့အိန္ဒိယနိုင်ငံက ဒီအမျိုးသားနဲ့ နှိုင်းယှဉ်ရင်တော့ မဆိုစလောက်လေးပါဘဲ။၆နာရီဆိုတော့ ကမ္ဘာ့အကြာဆုံး မိတ်ကပ်လိမ်းတတ်တဲ့အမျိုးသမီးတွေတောင် ရှုံးလောက်ပါတယ်။အိန္ဒိယနိုင်ငံ Punjabပြည်နယ်မှ Avtar Singh Mauni အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့ turban မပါရင် တစ်နေ့တာ မပြည့်စုံဘူးလို့ ခံစားနေရသူပါ။သို့ပေမဲ့ သူ့ရဲ့ turban က သာမန်မဟုတ်ဘဲ ပေါင် ၁၀၀ အလေးချိန်ရှိပြီး ၆၄၅ မီတာအရှည်ပါဝင်တဲ့ ချည်ထည်တွေနဲ့ ပြုလုပ်ထားတာပါ။

Avtar ဟာ ပေါင် ၁၀၀ ရှိတဲ့ သူ့turbanကို ဝန်ထုပ်ဝန်ပိုးလို့ မမြင်တဲ့အပြင် ၎င်းကို ဆောင်းထားတဲ့အချိန်တိုင်းစိတ်ချမ်းသာပျော်ရွှင်ရပြီး အကယ်လို့ မဆောင်းထားရတဲ့နေ့ဆို ကိုယ့်ကိုကိုယ် မလုံခြုံသလို တစ်ခုခုပျောက်နေသလို ခံစားနေရပါသေးတယ်။Avtarဟာ လေးလံတဲ့turban နဲ့ မလုံလောက်တဲ့အပြင် ၇၈ ပေါင်ခန့်ရှိတဲ့ ဓား နဲ့ လေးလံတဲ့အထုပ်တွေကိုလည်း နေ့တိုင်းသယ်ဆောင်ထားတတ်ပါသေးတယ်။အရွယ်အစားကြီးလွန်းတဲ့turbanကြောင့် ကားထဲဝင်လို့မရတဲ့အတွက်ကြောင့် Avtar ဟာ သွားလာရေးအတွက် ကိုယ်တိုင် ဆိုင်ကယ်မောင်းရပါတယ်။ဒါကြောင့် သူသွားခဲ့တဲ့ နေရာတိုင်းက သူ့ကို အာရုံစိုက်မိသွားကြတာကလည်း အဆန်းမဟုတ်နေတော့ပါဘူး။

“ငါ အပြင်ထွက်တိုင်း လူအုပ်ကြီးက ငါ့ကို ဝိုင်းကြည့်ကြတယ် တစ်ချို့က အိုး မင်းဒီလောက်ကြီးတဲ့ turbanကို ဆောင်းလို့ စွမ်းအား အများကြီးနဲ့ ကောင်းချီးပေးခံရလိမ့်မယ်လို့ ပြောကြတယ်”လို့ Avtarက ပြောပြထားပါတယ်။တစ်ခါတစ်ရံ လူတွေက ဓာတ်ပုံရိုက်ချင်ကြတယ် ငါ့မှာတော့ ဒီturban ကို ဆောင်းဖို့ အချိန်အများကြီးယူရလို့ သူတို့ကို မရိုက်ဖို့အော်လွတ်ပစ်ရတယ် လို့လည်း Avtarက ထပ်မံပြောပြထားပါသေးတယ်။ပေါင် ၁၀၀ အလေးချိန်ကို တစ်နေကုန် ခေါင်းပေါ်ဆောင်းထားနိုင်တာကိုတော့ မချီးကျူးဘဲ မနေနိုင်တော့ပါဘူးဗျာ။

Mia (Mckzone Daily)

  • Leave a Comment