ေမြးစားခံရဖို႔ ေလွာင္အိမ္ေရွ႕ျဖတ္သြားတဲ့သူတိုင္းကို သြားအကုန္ေပၚေအာင္ ၿပဳံးျပေနခဲ့တဲ့ ေခြးေလး(႐ုပ္သံ)

အခ်ိဳ႕ေခြးေတြဟာ ေဟာင္သံ သို႔မဟုတ္ သူတို႔ရဲ႕အေကာင္းဆုံးအျပဳအမူအေပၚ မူတည္ၿပီး ေမြးစားမယ့္လူေတြရဲ႕အာ႐ုံကိုဖမ္းစားတတ္ၾကပါတယ္။သို႔ေပမဲ့ Burreaux အမည္ရွိတဲ့ဒီအနက္ေရာင္ေခြးတစ္ေကာင္ကေတာ့ သူ႔ေလွာင္အိမ္ေရွ႕ ျဖတ္ေလွ်ာက္သြားတဲ့လူတိုင္းကို ၿပဳံးျပေနခဲ့ပါတယ္။အနက္ေရာင္ Labrador ေခြးအမ်ိဳးအစားျဖစ္တဲ့ ၈ ပတ္သားအ႐ြယ္ Burreaux ကို သူ႔ရဲ႕ေမာင္ႏွမျဖစ္တဲ့ Joe ႏွင့္ O လို႔ေခၚတဲ့ေခြးႏွစ္ေကာင္ႏွင့္အတူ ေဒသခံတိရိစာၦန္ထိန္းခ်ဳပ္ေရးေဂဟာသို႔ ေခၚလာခဲ့ၾကတာပါ။ Courtney Wingate အမည္ရွိတဲ့အမ်ိဳးသမီးတစ္ဦးဟာ အဆိုပါေခြးေပါက္ေလးေတြကို ျမင္ၿပီးေနာက္ အထူးသျဖင့္ သူတို႔ထဲမွ ေခြးေလးတစ္ေကာင္က သူမအား မ်က္လုံးအဝိုင္းသားနဲ႔ ႏွစ္လိုဖြယ္ေကာင္းတဲ့အၿပဳံးနဲ႔ ၿပဳံးျပေနခဲ့တဲ့ဗိဒီယိုကို မွ်ေဝခဲ့ပါတယ္။

Sarrah Walton အမည္ရွိ Louisiana ျပည္နယ္တကၠသိုလ္ေဘာလုံးအားကစားသမားတစ္ဦးက ေသးငယ္ၿပီး ခ်ိနဲ႔ေနတဲ့ Burreaux ၊ O ႏွင့္ Joe သုံးေကာင္ကို လမ္းေဘးတစ္ေနရာမွာ ေတြ႕ခဲ့ၿပီး အဆိုပါေဂဟာသို႔ ပို႔ထားခဲ့တာပါ။အဲ့ဒီေနာက္ စစ္ေဆးမႈေတြျပဳလုပ္ဖို႔ တိရိစာၦန္ေဆးကုဆရာဝန္ဆီသို႔ ေခၚသြားေတာ့ Burreaux တစ္ေကာင္တည္း ဖ်ားနာေနခဲ့တာပါ။မၾကာဘဲ နာလန္ျပန္ထူလာႏိုင္တဲ့ Burreauxဟာ သူ႔ရဲ႕ထာဝရေနအိမ္ရွာႏိုင္ဖို႔ ေဂဟာမွာ ေခြးလာၾကည့္တဲ့လူတိုင္းကို မ်က္လုံးအဝိုင္းသားနဲ႔ သြားအကုန္ေပၚေအာင္ ၿပဳံးျပေနခဲ့တာပါ။

ေခြးေလးေတြရဲ႕ထာဝရေနႏိုင္မယ့္အိမ္ေတြကို ရွာေပးဖို႔အတြက္ ေဂဟာဝန္ထမ္းေတြဟာ သူတို႔ရဲ႕social media page မွာ ေခြးေလးတို႔ရဲ႕အထူးစြမ္းရည္ကိုျပသေလ့ရွိပါတယ္။သ႐ုပ္ေဆာင္ေကာင္းတဲ့Joe ကေတာ့ သူ႔ကြၽမ္းက်င္မႈေၾကာင့္ အလ်င္အျမန္ေမြးစားခံလိုက္ရပါတယ္။O ႏွင့္ Berreuax ရဲ႕ဗီဒီယိုအတြက္ ၀န္ထမ္းေတြက Berreuax ေလးရဲ႕ခ်စ္ဖို႔ေကာင္းတဲ့အၿပဳံးဗီဒီယိုကို မွ်ေဝေပးဖို႔ဆုံးျဖတ္ခဲ့ၾကၿပီး Burreaux ရဲ႕ခ်စ္ခ်င္ဖြယ္အၿပဳံးေၾကာင့္ သူႏွင့္သူ႔အစ္မအား မၾကာခင္မွာဘဲ ၿပီးျပည့္စုံတဲ့ထာဝရေနအိမ္တစ္ခုရွာေတြ႕သြားဖို႔လည္း အထူးေမွ်ာ္လင့္ေနၾကပါတယ္။

1

2

Mia (Mckzone Daily)

Source : woofwoof

Unicode

အချို့ခွေးတွေဟာ ဟောင်သံ သို့မဟုတ် သူတို့ရဲ့အကောင်းဆုံးအပြုအမူအပေါ် မူတည်ပြီး မွေးစားမယ့်လူတွေရဲ့အာရုံကိုဖမ်းစားတတ်ကြပါတယ်။သို့ပေမဲ့ Burreaux အမည်ရှိတဲ့ဒီအနက်ရောင်ခွေးတစ်ကောင်ကတော့ သူ့လှောင်အိမ်ရှေ့ ဖြတ်လျှောက်သွားတဲ့လူတိုင်းကို ပြုံးပြနေခဲ့ပါတယ်။အနက်ရောင် Labrador ခွေးအမျိုးအစားဖြစ်တဲ့ ၈ ပတ်သားအရွယ် Burreaux ကို သူ့ရဲ့မောင်နှမဖြစ်တဲ့ Joe နှင့် O လို့ခေါ်တဲ့ခွေးနှစ်ကောင်နှင့်အတူ ဒေသခံတိရိစ္ဆာန်ထိန်းချုပ်ရေးဂေဟာသို့ ခေါ်လာခဲ့ကြတာပါ။ Courtney Wingate အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ အဆိုပါခွေးပေါက်လေးတွေကို မြင်ပြီးနောက် အထူးသဖြင့် သူတို့ထဲမှ ခွေးလေးတစ်ကောင်က သူမအား မျက်လုံးအဝိုင်းသားနဲ့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးနဲ့ ပြုံးပြနေခဲ့တဲ့ဗိဒီယိုကို မျှဝေခဲ့ပါတယ်။

Sarrah Walton အမည်ရှိ Louisiana ပြည်နယ်တက္ကသိုလ်ဘောလုံးအားကစားသမားတစ်ဦးက သေးငယ်ပြီး ချိနဲ့နေတဲ့ Burreaux ၊ O နှင့် Joe သုံးကောင်ကို လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ပြီး အဆိုပါဂေဟာသို့ ပို့ထားခဲ့တာပါ။အဲ့ဒီနောက် စစ်ဆေးမှုတွေပြုလုပ်ဖို့ တိရိစ္ဆာန်ဆေးကုဆရာဝန်ဆီသို့ ခေါ်သွားတော့ Burreaux တစ်ကောင်တည်း ဖျားနာနေခဲ့တာပါ။မကြာဘဲ နာလန်ပြန်ထူလာနိုင်တဲ့ Burreauxဟာ သူ့ရဲ့ထာဝရနေအိမ်ရှာနိုင်ဖို့ ဂေဟာမှာ ခွေးလာကြည့်တဲ့လူတိုင်းကို မျက်လုံးအဝိုင်းသားနဲ့ သွားအကုန်ပေါ်အောင် ပြုံးပြနေခဲ့တာပါ။

ခွေးလေးတွေရဲ့ထာဝရနေနိုင်မယ့်အိမ်တွေကို ရှာပေးဖို့အတွက် ဂေဟာဝန်ထမ်းတွေဟာ သူတို့ရဲ့social media page မှာ ခွေးလေးတို့ရဲ့အထူးစွမ်းရည်ကိုပြသလေ့ရှိပါတယ်။သရုပ်ဆောင်ကောင်းတဲ့Joe ကတော့ သူ့ကျွမ်းကျင်မှုကြောင့် အလျင်အမြန်မွေးစားခံလိုက်ရပါတယ်။O နှင့် Berreuax ရဲ့ဗီဒီယိုအတွက် ၀န်ထမ်းတွေက Berreuax လေးရဲ့ချစ်ဖို့ကောင်းတဲ့အပြုံးဗီဒီယိုကို မျှဝေပေးဖို့ဆုံးဖြတ်ခဲ့ကြပြီး Burreaux ရဲ့ချစ်ချင်ဖွယ်အပြုံးကြောင့် သူနှင့်သူ့အစ်မအား မကြာခင်မှာဘဲ ပြီးပြည့်စုံတဲ့ထာဝရနေအိမ်တစ်ခုရှာတွေ့သွားဖို့လည်း အထူးမျှော်လင့်နေကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment