အိမ္ေျခမဲ့အိမ္ေမြးတိရိစာၦန္မ်ားအတြက္ ေႏြးေထြးၿပီးသက္ေသာင့္သက္သာရွိေစမယ့္ တာယာေမြ႕ယာခင္းမ်ားျပဳလုပ္ေပးခဲ့တဲ့ အမ်ိဳးသား

Amarildo Silva Filho အမည္ရွိ၂၃ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ တိရိစာၦန္ကိုခ်စ္ျမတ္ႏိုးတဲ့လက္မႈပညာရွင္တစ္ဦးပါ။Filho ဟာ လက္လီအေရာင္းဆိုင္အလုပ္မွ ႏုတ္ထြက္ၿပီးေနာက္ အိမ္ေျခမဲ့တိရိစာၦန္ေလးမ်ားအတြက္ စြန႔္ပစ္ထားတဲ့တာယာေဟာင္းမ်ားကိုျပန္လည္အသုံးျပဳကာ သူတို႔အတြက္ သက္ေသာင့္သက္သာရွိေစၿပီးေႏြးေထြးတဲ့အိပ္ရာအျဖစ္ ေျပာင္းလဲေပးခဲ့ပါတယ္။တာယာအိပ္ရာတစ္ခုျဖစ္ဖို႔ Filhoဟာ တာယာေတြကိုေသေသခ်ာခ်ာျဖတ္ေတာက္လိုက္ၿပီး ေဆးသုတ္ျခင္း ျပဳလုပ္လိုက္သလို တစ္ခါတစ္ရံ ကိုယ့္စိတ္ႀကိဳက္ကြဲျပားတဲ့အေရာင္ေတြနဲ႔လည္း အလွဆင္ထားလိုက္ပါေသးတယ္။ေႏြးေထြးၿပီးသက္ေသာင့္သက္သာရွိတဲ့ ေမြ႕ယာအခ်ိဳ႕ကိုလည္း Filho ကိုယ္တိုင္ခ်ဳပ္ေပးခဲ့တာပါ။

ကိန္းဂဏန္းမ်ားအရ အေမရိကန္ျပည္ေထာင္စု တစ္ခုတည္းမွာပင္ ေၾကာင္ႏွင့္ေခြးအိမ္ေမြးတိရိစာၦန္ သန္း ၇၀ ခန႔္ရွိပါတယ္။ဒီသန္း ၇၀ အနက္ ၇ သန္းခန႔္က အိုးမဲ့အိမ္မဲ့မ်ားျဖစ္ၾကၿပီး ႏွစ္စဥ္ အိမ္ေျခမဲ့အိမ္ေမြးတိရိစာၦန္မ်ား ၃,၅၀၀ ခန္႔ တိုးပြါးေလ့ရွိၿပီး ရာသီဥတုအလြန္ဆိုး႐ြားျခင္း ႏွင့္ ဖ်ားနာျခင္းေၾကာင့္ ႏွစ္စဥ္အိမ္ေျခမဲ့အိမ္ေမြးတိရိစာၦန္ ၂.၇ သန္းခန႔္ ေသဆုံးၾကပါတယ္။အမိုးအကာမရွိျခင္း ႏွင့္ အစားအစာမလုံေလာက္ျခင္းတို႔ေၾကာင့္ ၎တို႔ရဲ႕အသက္ေတြကို အလကားသတ္သတ္ဆုံးရႈံးေစခဲ့ပါတယ္။Filho ဟာ သူ႔ရဲ႕ခ်စ္ျခင္းေမတၱာႏွင့္သနားၾကင္နာမႈတို႔ေၾကာင့္ ေလလြင့္ေနတဲ့အိမ္ေျခမဲ့အိမ္ေမြးတိရိစာၦန္မ်ားကိုကယ္တင္ရန္ ဒီမစ္ရွင္ကို စတင္ဦးေဆာင္ခဲ့တာပါ။

Filho ဟာ ထိုအခ်ိန္မွစၿပီး တာဟာေမြ႕ယာအလုံးေပါင္း ၆၀၀၀ ေက်ာ္ကိုျပဳလုပ္ႏိုင္ခဲ့ၿပီး ေလလြင့္ေနတဲ့အိမ္ေမြးတိရိစာၦန္ေပါင္း ၆၀၀၀ ေက်ာ္ကိုကူညီေပးခဲ့ပါတယ္။သူ႔ရဲ႕ တီထြင္ဖန္တီးမႈေတြကို ကမာၻတစ္ဝွမ္းကအသိအမွတ္ျပဳၾကၿပီး ယခုအခါအိမ္ေမြးတိရိစာၦန္ပိုင္ရွင္မ်ားထံမွ အမွာစာမ်ားစြာကိုလည္း လက္ခံရရွိေနပါၿပီ။Filhoက တာယာကိုအျခားအိမ္တြင္းကိရိယာအျဖစ္လည္း ျပဳလုပ္ေရာင္းခ်ပါေသးတယ္။စာဖတ္သူတို႔လည္း ကိုယ္တိုင္ကအိမ္ေမြးတိရိစာၦန္ပိုင္ရွင္မဟုတ္ရင္ေတာင္မွ ရပ္ကြက္ထဲကေလလြင့္ေနတဲ့ေခြး၊ေၾကာင္ေလးေတြကို အခုလို႔နည္းလမ္းေလးနဲ႔ ကူညီေပးႏိုင္ပါတယ္။သူ႔တာယာအိပ္ရာေလးေတြက size စုံသလို ခ်စ္ဖို႔​လည္းအရမ္းေကာင္းေနပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : earthwonders

Unicode

Amarildo Silva Filho အမည်ရှိ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ တိရိစ္ဆာန်ကိုချစ်မြတ်နိုးတဲ့လက်မှုပညာရှင်တစ်ဦးပါ။Filho ဟာ လက်လီအရောင်းဆိုင်အလုပ်မှ နုတ်ထွက်ပြီးနောက် အိမ်ခြေမဲ့တိရိစ္ဆာန်လေးများအတွက် စွန့်ပစ်ထားတဲ့တာယာဟောင်းများကိုပြန်လည်အသုံးပြုကာ သူတို့အတွက် သက်သောင့်သက်သာရှိစေပြီးနွေးထွေးတဲ့အိပ်ရာအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။တာယာအိပ်ရာတစ်ခုဖြစ်ဖို့ Filhoဟာ တာယာတွေကိုသေသေချာချာဖြတ်တောက်လိုက်ပြီး ဆေးသုတ်ခြင်း ပြုလုပ်လိုက်သလို တစ်ခါတစ်ရံ ကိုယ့်စိတ်ကြိုက်ကွဲပြားတဲ့အရောင်တွေနဲ့လည်း အလှဆင်ထားလိုက်ပါသေးတယ်။နွေးထွေးပြီးသက်သောင့်သက်သာရှိတဲ့ မွေ့ယာအချို့ကိုလည်း Filho ကိုယ်တိုင်ချုပ်ပေးခဲ့တာပါ။

ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ကြောင်နှင့်ခွေးအိမ်မွေးတိရိစ္ဆာန် သန်း ၇၀ ခန့်ရှိပါတယ်။ဒီသန်း ၇၀ အနက် ၇ သန်းခန့်က အိုးမဲ့အိမ်မဲ့များဖြစ်ကြပြီး နှစ်စဉ် အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များ ၃,၅၀၀ ခန့် တိုးပွါးလေ့ရှိပြီး ရာသီဥတုအလွန်ဆိုးရွားခြင်း နှင့် ဖျားနာခြင်းကြောင့် နှစ်စဉ်အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန် ၂.၇ သန်းခန့် သေဆုံးကြပါတယ်။အမိုးအကာမရှိခြင်း နှင့် အစားအစာမလုံလောက်ခြင်းတို့ကြောင့် ၎င်းတို့ရဲ့အသက်တွေကို အလကားသတ်သတ်ဆုံးရှုံးစေခဲ့ပါတယ်။Filho ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို့ကြောင့် လေလွင့်နေတဲ့အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များကိုကယ်တင်ရန် ဒီမစ်ရှင်ကို စတင်ဦးဆောင်ခဲ့တာပါ။

Filho ဟာ ထိုအချိန်မှစပြီး တာဟာမွေ့ယာအလုံးပေါင်း ၆၀၀၀ ကျော်ကိုပြုလုပ်နိုင်ခဲ့ပြီး လေလွင့်နေတဲ့အိမ်မွေးတိရိစ္ဆာန်ပေါင်း ၆၀၀၀ ကျော်ကိုကူညီပေးခဲ့ပါတယ်။သူ့ရဲ့ တီထွင်ဖန်တီးမှုတွေကို ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုကြပြီး ယခုအခါအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များထံမှ အမှာစာများစွာကိုလည်း လက်ခံရရှိနေပါပြီ။Filhoက တာယာကိုအခြားအိမ်တွင်းကိရိယာအဖြစ်လည်း ပြုလုပ်ရောင်းချပါသေးတယ်။စာဖတ်သူတို့လည်း ကိုယ်တိုင်ကအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်မဟုတ်ရင်တောင်မှ ရပ်ကွက်ထဲကလေလွင့်နေတဲ့ခွေး၊ကြောင်လေးတွေကို အခုလို့နည်းလမ်းလေးနဲ့ ကူညီပေးနိုင်ပါတယ်။သူ့တာယာအိပ်ရာလေးတွေက size စုံသလို ချစ်ဖို့​လည်းအရမ်းကောင်းနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "အိမ္ေျခမဲ့အိမ္ေမြးတိရိစာၦန္မ်ားအတြက္ ေႏြးေထြးၿပီးသက္ေသာင့္သက္သာရွိေစမယ့္ တာယာေမြ႕ယာခင္းမ်ားျပဳလုပ္ေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*