လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၂,၅၀၀ခန္႔ကေရးဆြဲထားခဲ့တဲ့ေက်ာက္ေဆာင္ပန္းခ်ီကားေတြကို အေမဇုန္ေတာမွာ ရွာေဖြေတြ႕ရွိခဲ့

လူတိုင္းဟာ မိမိေနထိုင္တဲ့ကမာၻႀကီးအေၾကာင္းကို ေကာင္းေကာင္းသိၿပီး အံ့ဩစရာေကာင္းတဲ့အရာ အနည္းငယ္သာရွိတယ္လို႔ ခံစားလာရတဲ့အခါ သမိုင္း ႏွင့္ သဘာဝအံ့ဖြယ္အမႈေတြက ကြၽန္ေတာ္တို႔အား မွားေနေၾကာင္း သက္ေသျပေနတတ္ပါတယ္။မၾကာေသးခင္က José Iriarte အမည္ရွိအမ်ိဳးသားဦးေဆာင္တဲ့ ၿဗိတိသွ်-ကိုလံဘီယာ သုေတသနအဖြဲ႕ဟာ ကမာၻေပၚကလူသားအားလုံးကို အံ့အားသင့္သြားေစမယ့္ သတင္းတစ္ခုေၾကာျငာေပးခဲ့ပါတယ္။လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂,၅၀၀ ခန္႔ကဖန္တီးေရးဆြဲခဲ့တဲ့ ေထာင္ေပါင္းမ်ားစြာေသာ ဂူပန္းခ်ီကားေတြကို ေဝးလံေခါင္သီတဲ့ အေမဇုန္မိုးသစ္ေတာမွာ ေတြ႕ရွိခဲ့ၾကပါတယ္။အဆိုပါ ပန္းခ်ီကားေတြဟာ ၈မိုင္ခန္႔ရွည္လ်ားတဲ့ ေက်ာက္ေဆာင္ေပၚေတြမွာ အျပည့္ေရးျခယ္ထားၿပီး ေမ်ာက္၊လိပ္၊ ေႁမြ နဲ႔ မိေက်ာင္းေတြ ၊Ice Age ကားတြန္းထဲက ဆင္ေတြနဲ႔ မ်ိဳးသုန္းသြားၿပီျဖစ္တဲ့ ဇာတိတိရိစာၦန္ေပါင္းမ်ားစြာ ပါဝင္ေနပါတယ္။

သိပၸံပညာရွင္ေတြက အဆိုပါပန္းခ်ီကားေတြကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၁,၈၀၀ မွ ၁၂,၅၀၀ ဝန္းက်င္အတြင္းမွာ ေရးဆြဲထားေၾကာင္းဆိုထားပါတယ္။ထူးျခားတာက ပန္းခ်ီကားအားလုံးဟာ ေကာင္းမြန္စြာ ထိန္းသိမ္းထားခဲ့ၿပီး မယုံႏိုင္ေလာက္ေအာင္လည္း အေသးစိတ္က်ေနပါတယ္။”ဒီပုံေတြက သဘာဝက်ၿပီး ေကာင္းမြန္စြာ ဖန္တီးထားတာပါ၊ ဥပမာ ကြၽန္ေတာ္တို႔ ျမင္းတစ္ေကာင္ဆိုတာကို တန္းၿပီး သိႏိုင္တယ္ သူ႔ဆံပင္ေတြ မ်က္ႏွာေပါက္ေတြကို အေသးစိတ္ဆြဲျပထားသလိုေပါ့”လို႔ အဖြဲ႕ဝင္တစ္ဦးက ဆိုထားပါတယ္။

José Iriarte က အဆိုပါ ပန္းခ်ီကားေတြက ေရွးေခတ္လူသားတို႔ရဲ႕ ေျမယာကို ဘယ္လိုျပန္လည္တည္ေဆာက္ခဲ့ပုံ၊ ၎တို႔ရဲ႕ေနထိုင္မႈပုံစံ နဲ႔ ဘယ္လိုအမဲလိုက္က်က္စားခဲ့ၾကပုံ တို႔ကို ေဖာ္ျပေနၿပီး “အႏုပညာဟာ ယဥ္ေက်းမႈရဲ႕ အားေကာင္းတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး လူေတြကို လူမႈေရးအရ ဆက္သြယ္ႏိုင္တဲ့အရာ တစ္ခုျဖစ္တာေၾကာင့္ အခုေက်ာက္ေဆာင္ပန္းခ်ီကားေတြက ေနာင္လာမယ့္လူသားေတြကို ျပသဖို႔ သူတို႔ေတြေရးဆြဲထားခဲ့ပုံဘဲ”လို႔ လည္း ဆိုထားပါေသးတယ္။ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ၿပီဆိုေပမယ့္ အခုထိ မပ်က္စီးေသးတဲ့အဆိုပါပန္းခ်ီကားေတြက အေတာ္ေလးစိတ္ဝင္စားစရာေကာင္းေနပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : boredpanda

Unicode

လူတိုင်းဟာ မိမိနေထိုင်တဲ့ကမ္ဘာကြီးအကြောင်းကို ကောင်းကောင်းသိပြီး အံ့ဩစရာကောင်းတဲ့အရာ အနည်းငယ်သာရှိတယ်လို့ ခံစားလာရတဲ့အခါ သမိုင်း နှင့် သဘာဝအံ့ဖွယ်အမှုတွေက ကျွန်တော်တို့အား မှားနေကြောင်း သက်သေပြနေတတ်ပါတယ်။မကြာသေးခင်က José Iriarte အမည်ရှိအမျိုးသားဦးဆောင်တဲ့ ဗြိတိသျှ-ကိုလံဘီယာ သုတေသနအဖွဲ့ဟာ ကမ္ဘာပေါ်ကလူသားအားလုံးကို အံ့အားသင့်သွားစေမယ့် သတင်းတစ်ခုကြောငြာပေးခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂,၅၀၀ ခန့်ကဖန်တီးရေးဆွဲခဲ့တဲ့ ထောင်ပေါင်းများစွာသော ဂူပန်းချီကားတွေကို ဝေးလံခေါင်သီတဲ့ အမေဇုန်မိုးသစ်တောမှာ တွေ့ရှိခဲ့ကြပါတယ်။အဆိုပါ ပန်းချီကားတွေဟာ ၈မိုင်ခန့်ရှည်လျားတဲ့ ကျောက်ဆောင်ပေါ်တွေမှာ အပြည့်ရေးခြယ်ထားပြီး မျောက်၊လိပ်၊ မြွေ နဲ့ မိကျောင်းတွေ ၊Ice Age ကားတွန်းထဲက ဆင်တွေနဲ့ မျိုးသုန်းသွားပြီဖြစ်တဲ့ ဇာတိတိရိစ္ဆာန်ပေါင်းများစွာ ပါဝင်နေပါတယ်။

သိပ္ပံပညာရှင်တွေက အဆိုပါပန်းချီကားတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁,၈၀၀ မှ ၁၂,၅၀၀ ဝန်းကျင်အတွင်းမှာ ရေးဆွဲထားကြောင်းဆိုထားပါတယ်။ထူးခြားတာက ပန်းချီကားအားလုံးဟာ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့ပြီး မယုံနိုင်လောက်အောင်လည်း အသေးစိတ်ကျနေပါတယ်။”ဒီပုံတွေက သဘာဝကျပြီး ကောင်းမွန်စွာ ဖန်တီးထားတာပါ၊ ဥပမာ ကျွန်တော်တို့ မြင်းတစ်ကောင်ဆိုတာကို တန်းပြီး သိနိုင်တယ် သူ့ဆံပင်တွေ မျက်နှာပေါက်တွေကို အသေးစိတ်ဆွဲပြထားသလိုပေါ့”လို့ အဖွဲ့ဝင်တစ်ဦးက ဆိုထားပါတယ်။

José Iriarte က အဆိုပါ ပန်းချီကားတွေက ရှေးခေတ်လူသားတို့ရဲ့ မြေယာကို ဘယ်လိုပြန်လည်တည်ဆောက်ခဲ့ပုံ၊ ၎င်းတို့ရဲ့နေထိုင်မှုပုံစံ နဲ့ ဘယ်လိုအမဲလိုက်ကျက်စားခဲ့ကြပုံ တို့ကို ဖော်ပြနေပြီး “အနုပညာဟာ ယဉ်ကျေးမှုရဲ့ အားကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတွေကို လူမှုရေးအရ ဆက်သွယ်နိုင်တဲ့အရာ တစ်ခုဖြစ်တာကြောင့် အခုကျောက်ဆောင်ပန်းချီကားတွေက နောင်လာမယ့်လူသားတွေကို ပြသဖို့ သူတို့တွေရေးဆွဲထားခဲ့ပုံဘဲ”လို့ လည်း ဆိုထားပါသေးတယ်။နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမယ့် အခုထိ မပျက်စီးသေးတဲ့အဆိုပါပန်းချီကားတွေက အတော်လေးစိတ်ဝင်စားစရာကောင်းနေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment