ၿမိဳ႕လည္ေခါင္ကားလမ္းမႀကီးေပၚမွာ အဘိုးအိုတစ္ေယာက္ လုယက္ခံေနရေပမဲ့ တစ္ကိုယ္ေကာင္းဆန္စြာရပ္ၾကည့္ေနၾကသူမ်ား(႐ုပ္သံ)

ဒီရဲ႕ video ကိုေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 16ရက္ေန႔က Facebook ေပၚမွာေဝမ်ွထားခဲ့တာျဖစ္ၿပီး ၊ မေလး႐ွားႏိုင္ငံ လူသြားလူလာထူထပ္လြန္းတဲ့ Cheras ကလမ္းမႀကီးတစ္ေနရာမွာျဖစ္ပ်က္ခဲ့တာပါ ။ Video ထဲမွာေတာ့ မီးပြိဳင့္မိၿပီး ကားေတြေျဖးေျဖးေလးသာေမာင္းႏွင္ေနခဲ့တဲ့ လမ္းမႀကီးေပၚမွာ အဘိုးအိုတစ္ေယာက္က လဲွအိပ္ေနၿပီး လုယက္သူႏွစ္ေယာက္က အဘိုးအိုရဲ႕အိတ္ကိုအတင္းဆြဲလုေနခဲ့ပါတယ္ ။ အဆိုပါအဘိုးအိုဟာ မေလး႐ွားဘာသာစကားျဖင့္ “ကယ္ၾကပါအံုး ” လို႔ေအာ္ေနခဲ့ၿပီးေနာက္ တ႐ုတ္ဘာသာလို ” သူခိုးေတြ ” ဆိုၿပီး ေအာ္ဟစ္ေနခဲ့ေပမဲ့ ေဘးပတ္ဝန္းက်င္႐ွိ 5ေယာက္ခန္႔႐ွိေနခဲ့ၾကတဲ့ အမ်ိဳးသားမ်ားက ဘားမွဝင္မကူဘဲ ဒီအတိုင္းသာရပ္ၾကည့္ေနၾကပါတယ္ ။

အဘိုးအိုေအာ္ဟစ္ေနပံုကို ၾကည့္ခ်င္အားျဖင့္ လုယက္ခံေနရမွန္းသိသားလြန္းလွပါတယ္ ။ ရပ္ၾကည့္ေနၾကသူေတြက အလြယ္တကူျဖင့္ဝင္ကူႏိုင္မွန္း သိေနလ်က္ႏွင့္ video ႐ိုက္ေနေသာကင္မရာသမား အပါအဝင္ အကုန္လံုးကရပ္ၾကည့္ေနၾကပါတယ္ ။ 30 စကၠန္႔ေလာက္ ႐ုန္းရင္းဆန္ခက္ျဖစ္ၿပီးေနာက္ ဓားျပႏွစ္ေယာက္ဟာ အဘိုးအိုထံမွအိတ္ကိုဆြဲလုယူႏိုင္ခဲ့ၿပီးေနာက္ ထြက္ေျပးတိမ္ေ႐ွာင္သြားခဲ့ပါတယ္ ။ ထိုအခ်ိန္က်မွ ေဘးပတ္ဝန္းက်င္မွ လူအမ်ားက အဘိုးအိုကိုလာေရာက္ မထူေပးခဲ့ၾကပါတယ္ ။

အဆိုပါ အျဖစ္အပ်က္ Video ကိုၾကည့္ၿပီးေနာက္ လူအေတာ္အမ်ားက ဝင္မကူဘဲရပ္ၾကည့္ေနၾကသူေတြရဲ႕တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့လုပ္ရပ္ကို အေတာ္ေလးအံ့ျသခဲ့ၾကပါတယ္ ။ ထို႔အျပင္ ေခတ္ကာလကအေတာ္ေလးကိုပ်က္စီးလာခဲ့ၿပီး လူေ႐ွ႕သူေ႐ွ႕တြင္လည္း လုယက္မႈမ်ားျပဳလုပ္လာၾကကာ ၊ ေဘးပတ္ဝန္းက်င္က လူေတြကလည္းအရင္ကဲ့သို႔ ကူညီခ်င္စိတ္မ်ိဳးမ႐ွိၾကေတာ့ဘဲ ကိုယ့္အတြက္သာကိုယ္ၾကည့္ၾကေသာ တစ္ကိုယ္ေကာင္ဆန္လြန္းတဲ့သူေတြ အေတာ္မ်ားလာခဲ့ၾကပါၿပီ ။ ယခုအျဖစ္အပ်က္ေၾကာင့္ မေလး႐ွားႏိုင္ငံရဲ႕ လူ႔အဖြဲ႔အစည္းစိတ္ဓာတ္ကို အေတာ္မ်ားမ်ားက ေဝဖန္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီရဲ့ video ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 16ရက်နေ့က Facebook ပေါ်မှာဝေမျှထားခဲ့တာဖြစ်ပြီး ၊ မလေးရှားနိုင်ငံ လူသွားလူလာထူထပ်လွန်းတဲ့ Cheras ကလမ်းမကြီးတစ်နေရာမှာဖြစ်ပျက်ခဲ့တာပါ ။ Video ထဲမှာတော့ မီးပွိုင့်မိပြီး ကားတွေဖြေးဖြေးလေးသာမောင်းနှင်နေခဲ့တဲ့ လမ်းမကြီးပေါ်မှာ အဘိုးအိုတစ်ယောက်က လဲှအိပ်နေပြီး လုယက်သူနှစ်ယောက်က အဘိုးအိုရဲ့အိတ်ကိုအတင်းဆွဲလုနေခဲ့ပါတယ် ။ အဆိုပါအဘိုးအိုဟာ မလေးရှားဘာသာစကားဖြင့် “ကယ်ကြပါအုံး ” လို့အော်နေခဲ့ပြီးနောက် တရုတ်ဘာသာလို ” သူခိုးတွေ ” ဆိုပြီး အော်ဟစ်နေခဲ့ပေမဲ့ ဘေးပတ်ဝန်းကျင်ရှိ 5ယောက်ခန့်ရှိနေခဲ့ကြတဲ့ အမျိုးသားများက ဘားမှဝင်မကူဘဲ ဒီအတိုင်းသာရပ်ကြည့်နေကြပါတယ် ။

အဘိုးအိုအော်ဟစ်နေပုံကို ကြည့်ချင်အားဖြင့် လုယက်ခံနေရမှန်းသိသားလွန်းလှပါတယ် ။ ရပ်ကြည့်နေကြသူတွေက အလွယ်တကူဖြင့်ဝင်ကူနိုင်မှန်း သိနေလျက်နှင့် video ရိုက်နေသောကင်မရာသမား အပါအဝင် အကုန်လုံးကရပ်ကြည့်နေကြပါတယ် ။ 30 စက္ကန့်လောက် ရုန်းရင်းဆန်ခက်ဖြစ်ပြီးနောက် ဓားပြနှစ်ယောက်ဟာ အဘိုးအိုထံမှအိတ်ကိုဆွဲလုယူနိုင်ခဲ့ပြီးနောက် ထွက်ပြေးတိမ်ရှောင်သွားခဲ့ပါတယ် ။ ထိုအချိန်ကျမှ ဘေးပတ်ဝန်းကျင်မှ လူအများက အဘိုးအိုကိုလာရောက် မထူပေးခဲ့ကြပါတယ် ။

အဆိုပါ အဖြစ်အပျက် Video ကိုကြည့်ပြီးနောက် လူအတော်အများက ဝင်မကူဘဲရပ်ကြည့်နေကြသူတွေရဲ့တစ်ကိုယ်ကောင်းဆန်လွန်းတဲ့လုပ်ရပ်ကို အတော်လေးအံ့သြခဲ့ကြပါတယ် ။ ထို့အပြင် ခေတ်ကာလကအတော်လေးကိုပျက်စီးလာခဲ့ပြီး လူရှေ့သူရှေ့တွင်လည်း လုယက်မှုများပြုလုပ်လာကြကာ ၊ ဘေးပတ်ဝန်းကျင်က လူတွေကလည်းအရင်ကဲ့သို့ ကူညီချင်စိတ်မျိုးမရှိကြတော့ဘဲ ကိုယ့်အတွက်သာကိုယ်ကြည့်ကြသော တစ်ကိုယ်ကောင်ဆန်လွန်းတဲ့သူတွေ အတော်များလာခဲ့ကြပါပြီ ။ ယခုအဖြစ်အပျက်ကြောင့် မလေးရှားနိုင်ငံရဲ့ လူ့အဖွဲ့အစည်းစိတ်ဓာတ်ကို အတော်များများက ဝေဖန်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ၿမိဳ႕လည္ေခါင္ကားလမ္းမႀကီးေပၚမွာ အဘိုးအိုတစ္ေယာက္ လုယက္ခံေနရေပမဲ့ တစ္ကိုယ္ေကာင္းဆန္စြာရပ္ၾကည့္ေနၾကသူမ်ား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*