မိုးႀကီးေရလႊမ္းေနေပမယ့္ ေၾကာင္ေလးေတြကိုမထားခဲ့ႏိုင္လို႔ အိမ္မွမခြါဘဲေနခဲ့ၾကတဲ့ ေမာင္ႏွမႏွစ္ဦး

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃ ရက္ေန႔မွာ မေလးရွားႏိုင္ငံ Terengganu ျပည္နယ္မွာ ေရႀကီးမႈေတြျဖစ္ပြါးခဲ့ေပမဲ့လည္း Kampung Bukit Kecil ရပ္ကြက္မွာေနထိုင္တဲ့ ေမာင္ႏွမႏွစ္ဦးဟာ သူတို႔ရဲ႕ခ်စ္ရတဲ့အိမ္ေမြးတိရိစာၦန္ေၾကာင္ ၃၂ ေကာင္ ကို မခ်န္ထားခဲ့ႏိုင္တဲ့အတြက္ သူတို႔ဟာ ေရေတြလႊမ္းေနတဲ့အိမ္မွာဘဲ ေနေနဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။Azila Omar အမည္ရွိအမ်ိဳးသမီး ႏွင့္ Azmi အမည္ရွိ သူမရဲ႕ေမာင္ျဖစ္သူတို႔ဟာ ေရႀကီးေနခ်ိန္မွာ သူတို႔ရဲ႕ေၾကာင္ေတြကို စြန႔္ခြါသြားရန္စိတ္လုံးဝမရွိေၾကာင္း ႏွင့္ သူတို႔အိမ္ေရလႊမ္းမိုးမႈက ၀.၅ မီတာအထိျမင့္တက္လာတဲ့အခါ ေၾကာင္ေလးေတြရဲ႕လုံၿခဳံမႈကိုသာ စိုးရိမ္လာေၾကာင္းေျပာၾကားခဲ့ပါတယ္။

“ကြၽန္မတို႔ထြက္သြားၿပီး ေရက်လာမဲ့အခ်ိန္ထိေစာင့္ဆိုင္းေနႏိုင္ေပမယ့္ ဒီေၾကာင္ေတြကိုေတာ့ ဒီအတိုင္းမထားခဲ့ႏိုင္လို႔ ကြၽန္မေမာင္ေလးနဲ႔ကြၽန္မက ေရလႊမ္းမိုးေနတဲ့ဒီအိမ္မွာဘဲ ေနေနဖို႔ဆုံးျဖတ္ခဲ့တယ္ ” ဟု Azila က ဆိုထားပါတယ္။သူတို႔ဟာ မ်က္မျမင္ ၊နားမၾကား မသန္မစြမ္းျဖစ္ေနတဲ့ေၾကာင္ေလးေတြ ေရထဲက်သြားမွာကိုဘဲ ပိုစိုးရိမ္ေနခဲ့ၾကပါတယ္။ေရႀကီးမႈက သူမအိမ္မွာတစ္ေယာက္တည္းရွိေနခ်ိန္ ည ၁၀ နာရီအခ်ိန္ခန္႔မွာျဖစ္ပြါးခဲ့ၿပီး ေမာင္ေလးျဖစ္သူAzmi က အိမ္နားကေဈးဆိုင္တစ္ခုမွာေရာက္ေနခဲ့ပါတယ္။

ေရလႊမ္းမိုးမႈအရွိန္က လ်င္ျမန္စြာျမင့္တက္လာတဲ့အတြက္ေၾကာင့္ ပိုင္ဆိုင္မႈအားလုံးကိုလုံၿခဳံတဲ့ေနရာတစ္ခုဆီသို႔ ေ႐ႊ႕ေျပာင္းဖို႔အခ်ိန္မေပးႏိုင္ခဲ့ပါဘူး။ ကံမေကာင္းစြာနဲ႔ သူတို႔ပိုင္ဆိုင္မႈအားလုံးရဲ႕ ၉၅ ရာခိုင္ႏႈန္းကို ေရလႊမ္းမိုးမႈေဘးမွ မကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း Azila ကေျပာၾကားခဲ့ပါတယ္။အဆိုပါအျဖစ္အပ်က္ေၾကာင့္ ပိုင္ဆိုင္မႈ ရင္းဂစ္ ၁၀,၀၀၀ ( ၃၂သိန္းေက်ာ္) ဆုံးရႈံးခဲ့ရေၾကာင္း Azmi က ေျပာျပထားပါေသးတယ္။သူတို႔ရဲ႕တိရိစာၦန္ေလးေတြကို ခ်စ္ျမတ္ႏိုးတတ္တဲ့စိတ္ထားေၾကာင့္ အက်ိဳးထူးၿပီး ကူညီေထာက္ပံ့မႈေတြ ျပန္လည္ရရွိႏိုင္လိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနမိပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မလေးရှားနိုင်ငံ Terengganu ပြည်နယ်မှာ ရေကြီးမှုတွေဖြစ်ပွါးခဲ့ပေမဲ့လည်း Kampung Bukit Kecil ရပ်ကွက်မှာနေထိုင်တဲ့ မောင်နှမနှစ်ဦးဟာ သူတို့ရဲ့ချစ်ရတဲ့အိမ်မွေးတိရိစ္ဆာန်ကြောင် ၃၂ ကောင် ကို မချန်ထားခဲ့နိုင်တဲ့အတွက် သူတို့ဟာ ရေတွေလွှမ်းနေတဲ့အိမ်မှာဘဲ နေနေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။Azila Omar အမည်ရှိအမျိုးသမီး နှင့် Azmi အမည်ရှိ သူမရဲ့မောင်ဖြစ်သူတို့ဟာ ရေကြီးနေချိန်မှာ သူတို့ရဲ့ကြောင်တွေကို စွန့်ခွါသွားရန်စိတ်လုံးဝမရှိကြောင်း နှင့် သူတို့အိမ်ရေလွှမ်းမိုးမှုက ၀.၅ မီတာအထိမြင့်တက်လာတဲ့အခါ ကြောင်လေးတွေရဲ့လုံခြုံမှုကိုသာ စိုးရိမ်လာကြောင်းပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ထွက်သွားပြီး ရေကျလာမဲ့အချိန်ထိစောင့်ဆိုင်းနေနိုင်ပေမယ့် ဒီကြောင်တွေကိုတော့ ဒီအတိုင်းမထားခဲ့နိုင်လို့ ကျွန်မမောင်လေးနဲ့ကျွန်မက ရေလွှမ်းမိုးနေတဲ့ဒီအိမ်မှာဘဲ နေနေဖို့ဆုံးဖြတ်ခဲ့တယ် ” ဟု Azila က ဆိုထားပါတယ်။သူတို့ဟာ မျက်မမြင် ၊နားမကြား မသန်မစွမ်းဖြစ်နေတဲ့ကြောင်လေးတွေ ရေထဲကျသွားမှာကိုဘဲ ပိုစိုးရိမ်နေခဲ့ကြပါတယ်။ရေကြီးမှုက သူမအိမ်မှာတစ်ယောက်တည်းရှိနေချိန် ည ၁၀ နာရီအချိန်ခန့်မှာဖြစ်ပွါးခဲ့ပြီး မောင်လေးဖြစ်သူAzmi က အိမ်နားကဈေးဆိုင်တစ်ခုမှာရောက်နေခဲ့ပါတယ်။

ရေလွှမ်းမိုးမှုအရှိန်က လျင်မြန်စွာမြင့်တက်လာတဲ့အတွက်ကြောင့် ပိုင်ဆိုင်မှုအားလုံးကိုလုံခြုံတဲ့နေရာတစ်ခုဆီသို့ ရွှေ့ပြောင်းဖို့အချိန်မပေးနိုင်ခဲ့ပါဘူး။ ကံမကောင်းစွာနဲ့ သူတို့ပိုင်ဆိုင်မှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ရေလွှမ်းမိုးမှုဘေးမှ မကယ်ဆယ်နိုင်ခဲ့ကြောင်း Azila ကပြောကြားခဲ့ပါတယ်။အဆိုပါအဖြစ်အပျက်ကြောင့် ပိုင်ဆိုင်မှု ရင်းဂစ် ၁၀,၀၀၀ ( ၃၂သိန်းကျော်) ဆုံးရှုံးခဲ့ရကြောင်း Azmi က ပြောပြထားပါသေးတယ်။သူတို့ရဲ့တိရိစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတတ်တဲ့စိတ်ထားကြောင့် အကျိုးထူးပြီး ကူညီထောက်ပံ့မှုတွေ ပြန်လည်ရရှိနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေမိပါတယ်။

Mia (Mckzone Daily)

Be the first to comment on "မိုးႀကီးေရလႊမ္းေနေပမယ့္ ေၾကာင္ေလးေတြကိုမထားခဲ့ႏိုင္လို႔ အိမ္မွမခြါဘဲေနခဲ့ၾကတဲ့ ေမာင္ႏွမႏွစ္ဦး"

Leave a comment

Your email address will not be published.


*