နံရံေပၚကထိတ္လန္႔စရာေကာင္းတဲ့အ႐ုပ္ေၾကာင့္ အိမ္ျပန္ေျပာင္းေ႐ြ႕ရမလို ျဖစ္ခဲ့ရတဲ့ မိန္းကေလး

အမ်ိဳးသမီးတစ္ဦးဟာ သူမအိမ္အသစ္ရဲ႕ေျမေအာက္ခန္းနံရံမွာ အ႐ုပ္ရဲ႕မ်က္ႏွာတစ္ခုကို ေတြ႕ၿပီးေနာက္ အိမ္ျပန္ေျပာင္းေ႐ြ႕ဖို႔ စီစဥ္ခဲ့ရပါတယ္။သူမရဲ႕အျဖစ္အပ်က္ကို ညီမျဖစ္သူက Twitterမွာ သက္ေသျပဖို႔အတြက္ ေက်ာခ်မ္းစရာေကာင္းတဲ့အလွဆင္အ႐ုပ္ရဲ႕ဓာတ္ပုံအခ်ိဳ႕ကို မွ်ေဝေပးခဲ့တာပါ။”ငါ့အမ အိမ္အသစ္ကို ေျပာင္းေတာ့ ေျမေအာက္ခန္းနံရံမွာ ဒီအ႐ုပ္ကို ေတြ႕ခဲ့တယ္”လို႔ တင္ၿပီး အင္တာနက္အသုံးျပဳသူေတြကို ေခါင္းစားသြားေစခဲ့ပါတယ္။လူတစ္ေယာက္က “အခု ခ်က္ခ်င္း အိမ္ေျပာင္းပါ သူဘာလို႔ေျမေအာက္ခန္းကို မစစ္ေဆးခဲ့တာလဲ”လို႔ မွတ္ခ်က္ေပးခဲ့ၿပီး အျခားတစ္ေယာက္က အဆိုပါအ႐ုပ္ရဲ႕မ်က္လုံးကို က်ဲျပလိုက္ပါေသးတယ္။

အခ်ိဳ႕ကလည္း အဆိုပါအ႐ုပ္ကို ေနာက္ေျပာင္ဖို႔ သက္သက္သာျဖစ္ၿပီး သူတို႔ရဲ႕အိမ္မွာ ၎လို အလွဆင္ၾကည့္မယ္လို႔ ေနာက္ေျပာင္ခဲ့ၾကပါတယ္။အခ်ိဳ႕လူေတြကလည္း သူတို႔ရဲ႕အလားတူ ထူးဆန္းတဲ့အ႐ုပ္နဲ႔ဆိုင္တဲ့ေတြ႕ရွိမႈေတြကို မွ်ေဝခဲ့ၾကပါတယ္။ထိုကဲ့သို႔ေသာ မွတ္ခ်က္မ်ားစြာကို လက္ခံရရွိခဲ့ၿပီးေနာက္ အဆိုပါအမ်ိဳးသမီးရဲ႕ညီမက လူတိုင္းရဲ႕ေျပာခ်င္တာေျပာေနၾကတဲ့အေျဖေတြေၾကာင့္ သူမရဲ႕အစ္မအတြက္ စိတ္ေအးသြားေစမယ့္အေျဖမရခဲ့ဘူးလို႔ ဆိုကာ ေနာက္ေျပာင္ထားတဲ့လူအခ်ိဳ႕ကို ျပန္ေခ်ေျပာခဲ့ပါေသးတယ္။

တစ္ကယ္ေတာ့ အဆိုပါအ႐ုပ္ကို ေျမေအာက္ခန္းကေလးငယ္လို႔ေခၚၿပီး ၆၀-၇၀ ျပည့္ႏွစ္လြန္ေႏွာင္းပိုင္းေလာက္က နယူးေယာက္ နဲ႔ ကယ္လီဖိုနီးယား ႏွစ္ႏိုင္ငံလုံးမွာ အုတ္နံရံၾကားအ႐ုပ္ရဲ႕အစိတ္အပိုင္းေတြကို ထည့္သြင္းတဲ့အယူတစ္ခုရွိခဲ့ၿပီး အဆိုပါအ႐ုပ္ေတြအပါအဝင္ အေႂကြ႕ေစ့ ၊ သတင္းစာတို႔ကိုလည္း ထည့္သြင္းထားတတ္ၾကတာပါ။၎ေျမေအာက္ခန္းနံရံအ႐ုပ္ေတြကို သရဲကားေတြမွာ တစ္ခါတစ္ရံေတြ႕ဖူးၾကမွာပါ။

1

Mia (Mckzone Daily)

Source : ladbible

Unicode

အမျိုးသမီးတစ်ဦးဟာ သူမအိမ်အသစ်ရဲ့မြေအောက်ခန်းနံရံမှာ အရုပ်ရဲ့မျက်နှာတစ်ခုကို တွေ့ပြီးနောက် အိမ်ပြန်ပြောင်းရွေ့ဖို့ စီစဉ်ခဲ့ရပါတယ်။သူမရဲ့အဖြစ်အပျက်ကို ညီမဖြစ်သူက Twitterမှာ သက်သေပြဖို့အတွက် ကျောချမ်းစရာကောင်းတဲ့အလှဆင်အရုပ်ရဲ့ဓာတ်ပုံအချို့ကို မျှဝေပေးခဲ့တာပါ။”ငါ့အမ အိမ်အသစ်ကို ပြောင်းတော့ မြေအောက်ခန်းနံရံမှာ ဒီအရုပ်ကို တွေ့ခဲ့တယ်”လို့ တင်ပြီး အင်တာနက်အသုံးပြုသူတွေကို ခေါင်းစားသွားစေခဲ့ပါတယ်။လူတစ်ယောက်က “အခု ချက်ချင်း အိမ်ပြောင်းပါ သူဘာလို့မြေအောက်ခန်းကို မစစ်ဆေးခဲ့တာလဲ”လို့ မှတ်ချက်ပေးခဲ့ပြီး အခြားတစ်ယောက်က အဆိုပါအရုပ်ရဲ့မျက်လုံးကို ကျဲပြလိုက်ပါသေးတယ်။

အချို့ကလည်း အဆိုပါအရုပ်ကို နောက်ပြောင်ဖို့ သက်သက်သာဖြစ်ပြီး သူတို့ရဲ့အိမ်မှာ ၎င်းလို အလှဆင်ကြည့်မယ်လို့ နောက်ပြောင်ခဲ့ကြပါတယ်။အချို့လူတွေကလည်း သူတို့ရဲ့အလားတူ ထူးဆန်းတဲ့အရုပ်နဲ့ဆိုင်တဲ့တွေ့ရှိမှုတွေကို မျှဝေခဲ့ကြပါတယ်။ထိုကဲ့သို့သော မှတ်ချက်များစွာကို လက်ခံရရှိခဲ့ပြီးနောက် အဆိုပါအမျိုးသမီးရဲ့ညီမက လူတိုင်းရဲ့ပြောချင်တာပြောနေကြတဲ့အဖြေတွေကြောင့် သူမရဲ့အစ်မအတွက် စိတ်အေးသွားစေမယ့်အဖြေမရခဲ့ဘူးလို့ ဆိုကာ နောက်ပြောင်ထားတဲ့လူအချို့ကို ပြန်ချေပြောခဲ့ပါသေးတယ်။

တစ်ကယ်တော့ အဆိုပါအရုပ်ကို မြေအောက်ခန်းကလေးငယ်လို့ခေါ်ပြီး ၆၀-၇၀ ပြည့်နှစ်လွန်နှောင်းပိုင်းလောက်က နယူးယောက် နဲ့ ကယ်လီဖိုနီးယား နှစ်နိုင်ငံလုံးမှာ အုတ်နံရံကြားအရုပ်ရဲ့အစိတ်အပိုင်းတွေကို ထည့်သွင်းတဲ့အယူတစ်ခုရှိခဲ့ပြီး အဆိုပါအရုပ်တွေအပါအဝင် အကြွေ့စေ့ ၊ သတင်းစာတို့ကိုလည်း ထည့်သွင်းထားတတ်ကြတာပါ။၎င်းမြေအောက်ခန်းနံရံအရုပ်တွေကို သရဲကားတွေမှာ တစ်ခါတစ်ရံတွေ့ဖူးကြမှာပါ။

Mia (Mckzone Daily)

Be the first to comment on "နံရံေပၚကထိတ္လန္႔စရာေကာင္းတဲ့အ႐ုပ္ေၾကာင့္ အိမ္ျပန္ေျပာင္းေ႐ြ႕ရမလို ျဖစ္ခဲ့ရတဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*