သမီးျဖစ္သူကို ေၾကာင္ကေလးနဲ႔ၿခိမ္းေျခာက္ၿပီး သူ႔အတြက္မုန္႔ဝယ္ျပန္လာခိုင္းတဲ့မိခင္

မိခင္ဆိုတာက ကိုယ္ေတြရဲ႕လက္ဦးဆရာျဖစ္တဲ့အျပင္ ၊ ငယ္ရြယ္စဥ္ကတည္းက ႀကီးလာတဲ့အထိ သမီးေတြရဲ႕ အေကာင္းဆံုးသူငယ္ခ်င္းလည္း ျဖစ္ပါတယ္ ။ သမီးျဖစ္သူေတြရဲ႕ အက်ိဳးအေၾကာင္း ၊ လ်ိႈ့ဝွက္ခ်က္ေတြကအစ မိခင္ျဖစ္သူကိုတီးတိုးေျပာျပၿပီး တိုင္ပင္ေဆြးေႏြးေလ့႐ွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Alessa Maisarah အမည္နဲ႔ Twitter အသံုးျပဳသူတစ္ေယာက္က သူမနဲ႔ သူမရဲ႕မိခင္အၾကာ ခ်စ္ဖို႔ေကာင္းလြန္းလွတဲ့စကားေျပာဆိုမႈပံုစံေတြကို ေဝမ်ွေပးခဲ့ပါတယ္ ။

အဲတာကေတာ့ သူမနဲ႔သူမသူငယ္ခ်င္း အျပင္ထြက္တုန္း သူမမိခင္က ဘယ္မွာလည္းဆိုၿပီးသူမကို စာပို႔ၿပီးေမးလာခဲ့ပါတယ္ ။ အဲ့ေတာ့ သူမနဲ႔ သူမသူငယ္ခ်င္း MCDonald မွာစားေသာက္ေနၾကပံုကိုဓာတ္ပံု႐ိုက္ၿပီး မိခင္ျဖစ္သူကိုပို႔ေပးခဲ့ပါတယ္ ။ သူမရဲ႕မိခင္ကလည္း McDonald ဆိုင္မွ သူမအတြက္ပါဆယ္ဝယ္လာေပးဖို႔ေျပာခဲ့ေပမဲ့လည္း Alessaကဂ႐ုမစိုက္သလိုျဖင့္ Bye ဆိုၿပီးမိခင္ကိုႏႈတ္ဆက္ခဲ့ပါတယ္ ။သူမရဲ႕စေနာက္မႈကို အနည္းငယ္စိတ္ဆိုးသြားခဲ့တဲ့မိခင္က သူမကိုသတိေပးတဲ့အေနနဲ႔ ဓာတ္ပံုတစ္ပံုပို႔ခဲ့ပါတယ္ ။ အဲတာကေတာ့ သူမအရမ္းခ်စ္ရတဲ့အိမ္မွာေမြးထားတဲ့ေၾကာင္းေလးကို မိခင္ကဓားနဲ႔ရြယ္ထားၿပီး ဓားစာခံလုပ္ထားတဲ့ပံုပါ ။ အေတာ္ေလးကို စေနာက္တတ္လြန္းတဲ့မိခင္က ” ငါ့အတြက္ ပါဆယ္ဝယ္လာမလား ဒါမွမဟုတ္ ေၾကာင္ေလးကို McD အစပ္ထဲထည့္ပစ္လိုက္ရမလား..hehehe ” ဆိုၿပီး ဓာတ္ပံုႏွင့္တကြ စာပို႔လိုက္ပါတယ္ ။ ထို႔အျပင္ ” ျမန္ျမန္ေလး ဆံုးျဖတ္ ” ဆိုၿပီးေတာ့ပါ ေရးခဲ့ပါေသးတယ္ ။

ေၾကာင္ေလးက မိခင္မ႐ွိေတာ့လို႔ သူတို႔မိသားစုကေမြးခဲ့တာျဖစ္ၿပီး ၊ ေၾကာင္ေလးရဲ႕နာမည္က Puffy ျဖစ္ပါတယ္ ။ Puffy ဟာ Alessa ရဲ႕အခ်စ္ဆံုးေၾကာင္ျဖစ္တဲ့အတြက္ မိခင္ျဖစ္သူကအျမဲလိုလို ေၾကာင္ေလးကိုအသံုးခ်ၿပီး Alessa ကိုစေနာက္ေလ့႐ွိၾကပါတယ္ ။ မိခင္ျဖစ္သူမွာလည္း အမွန္တကယ္ေတာ့ ေၾကာင္ေလး Puffy ကိုတအားခ်စ္သူျဖစ္ပါတယ္ ။ Alessa က’ Puffy ေသၿပီလား’ဆိုၿပီးေမးလိုက္ခ်ိန္မွာ မိခင္ျဖစ္သူက’ တကယ္ေပါ့’ ဆိုၿပီးျပန္ေျဖခဲ့ပါတယ္ ။ ထို႔ေနာက္ Alessa က ‘Puffy ပစ္သတ္ခံလိုက္ရတဲ့ပံုပို႔ေပး’ဆိုေတာ့ မိခင္က ‘ငါ့ကိုလာေနာက္ေနတာလား…ဒီမွာငါ့ေျမးပံု’ ဆိုၿပီေၾကာင္ေလး ေသေနသလိုပက္လက္လွန္အိပ္ေနတဲ့ပံုကိုပို႔ေပးခဲ့ပါတယ္ ။

သူမ ေဝမ်ွထားတဲ့ပံုမ်ားကိုၾကည့္ၿပီးေနာက္ အေတာ္မ်ားမ်ား သူမ၏မိခင္မွာအေတာ္ေလးကိုစေနာက္တတ္ၿပီး ၊ ရယ္ရေသာသူျဖစ္ေၾကာင္း သူမကိုေျပာဆိုခဲ့ၾကပါတယ္ ။ တကယ့္ကိုသမီး ႏွင့္ မိခင္ၾကား အေတာ္ေလးကိုေႏြးေထြးလြန္းတဲ့ဆက္ဆံေရး႐ွိၿပီး သူငယ္ခ်င္းေပါင္းေပါင္းသင္းေနၾကတာဟာ အေတာ္ေလးကိုခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိခင်ဆိုတာက ကိုယ်တွေရဲ့လက်ဦးဆရာဖြစ်တဲ့အပြင် ၊ ငယ်ရွယ်စဉ်ကတည်းက ကြီးလာတဲ့အထိ သမီးတွေရဲ့ အကောင်းဆုံးသူငယ်ချင်းလည်း ဖြစ်ပါတယ် ။ သမီးဖြစ်သူတွေရဲ့ အကျိုးအကြောင်း ၊ လျှို့ဝှက်ချက်တွေကအစ မိခင်ဖြစ်သူကိုတီးတိုးပြောပြပြီး တိုင်ပင်ဆွေးနွေးလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း Alessa Maisarah အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူမနဲ့ သူမရဲ့မိခင်အကြာ ချစ်ဖို့ကောင်းလွန်းလှတဲ့စကားပြောဆိုမှုပုံစံတွေကို ဝေမျှပေးခဲ့ပါတယ် ။

အဲတာကတော့ သူမနဲ့သူမသူငယ်ချင်း အပြင်ထွက်တုန်း သူမမိခင်က ဘယ်မှာလည်းဆိုပြီးသူမကို စာပို့ပြီးမေးလာခဲ့ပါတယ် ။ အဲ့တော့ သူမနဲ့ သူမသူငယ်ချင်း MCDonald မှာစားသောက်နေကြပုံကိုဓာတ်ပုံရိုက်ပြီး မိခင်ဖြစ်သူကိုပို့ပေးခဲ့ပါတယ် ။ သူမရဲ့မိခင်ကလည်း McDonald ဆိုင်မှ သူမအတွက်ပါဆယ်ဝယ်လာပေးဖို့ပြောခဲ့ပေမဲ့လည်း Alessaကဂရုမစိုက်သလိုဖြင့် Bye ဆိုပြီးမိခင်ကိုနှုတ်ဆက်ခဲ့ပါတယ် ။သူမရဲ့စနောက်မှုကို အနည်းငယ်စိတ်ဆိုးသွားခဲ့တဲ့မိခင်က သူမကိုသတိပေးတဲ့အနေနဲ့ ဓာတ်ပုံတစ်ပုံပို့ခဲ့ပါတယ် ။ အဲတာကတော့ သူမအရမ်းချစ်ရတဲ့အိမ်မှာမွေးထားတဲ့ကြောင်းလေးကို မိခင်ကဓားနဲ့ရွယ်ထားပြီး ဓားစာခံလုပ်ထားတဲ့ပုံပါ ။ အတော်လေးကို စနောက်တတ်လွန်းတဲ့မိခင်က ” ငါ့အတွက် ပါဆယ်ဝယ်လာမလား ဒါမှမဟုတ် ကြောင်လေးကို McD အစပ်ထဲထည့်ပစ်လိုက်ရမလား..hehehe ” ဆိုပြီး ဓာတ်ပုံနှင့်တကွ စာပို့လိုက်ပါတယ် ။ ထို့အပြင် ” မြန်မြန်လေး ဆုံးဖြတ် ” ဆိုပြီးတော့ပါ ရေးခဲ့ပါသေးတယ် ။

ကြောင်လေးက မိခင်မရှိတော့လို့ သူတို့မိသားစုကမွေးခဲ့တာဖြစ်ပြီး ၊ ကြောင်လေးရဲ့နာမည်က Puffy ဖြစ်ပါတယ် ။ Puffy ဟာ Alessa ရဲ့အချစ်ဆုံးကြောင်ဖြစ်တဲ့အတွက် မိခင်ဖြစ်သူကအမြဲလိုလို ကြောင်လေးကိုအသုံးချပြီး Alessa ကိုစနောက်လေ့ရှိကြပါတယ် ။ မိခင်ဖြစ်သူမှာလည်း အမှန်တကယ်တော့ ကြောင်လေး Puffy ကိုတအားချစ်သူဖြစ်ပါတယ် ။ Alessa က’ Puffy သေပြီလား’ဆိုပြီးမေးလိုက်ချိန်မှာ မိခင်ဖြစ်သူက’ တကယ်ပေါ့’ ဆိုပြီးပြန်ဖြေခဲ့ပါတယ် ။ ထို့နောက် Alessa က ‘Puffy ပစ်သတ်ခံလိုက်ရတဲ့ပုံပို့ပေး’ဆိုတော့ မိခင်က ‘ငါ့ကိုလာနောက်နေတာလား…ဒီမှာငါ့မြေးပုံ’ ဆိုပြီကြောင်လေး သေနေသလိုပက်လက်လှန်အိပ်နေတဲ့ပုံကိုပို့ပေးခဲ့ပါတယ် ။

သူမ ဝေမျှထားတဲ့ပုံများကိုကြည့်ပြီးနောက် အတော်များများ သူမ၏မိခင်မှာအတော်လေးကိုစနောက်တတ်ပြီး ၊ ရယ်ရသောသူဖြစ်ကြောင်း သူမကိုပြောဆိုခဲ့ကြပါတယ် ။ တကယ့်ကိုသမီး နှင့် မိခင်ကြား အတော်လေးကိုနွေးထွေးလွန်းတဲ့ဆက်ဆံရေးရှိပြီး သူငယ်ချင်းပေါင်းပေါင်းသင်းနေကြတာဟာ အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သမီးျဖစ္သူကို ေၾကာင္ကေလးနဲ႔ၿခိမ္းေျခာက္ၿပီး သူ႔အတြက္မုန္႔ဝယ္ျပန္လာခိုင္းတဲ့မိခင္"

Leave a comment

Your email address will not be published.


*