Sulli ပြီးတော့ နောက်တစ်ယောက်အနေနဲ့ ဝေဖန်တိုက်ခိုက်ရေးသားခြင်းမျိုးကြုံနေရတဲ့ Girl’s Day အဖွဲ့ဝင် Minah




Jasmine (Mckzone Daily)

Source:Metro

Unicode

ယခုကိုးရီးယားအနုပညာရှင်လောကဟာ Sulli သေဆုံးပြီးနောက်ပိုင်း အတော်လေးကိုအံ့သြထိတ်လန့်မှုတွေနဲ့ကြုံတွေ့နေရတာပါ ။ ဒီတစ်ခေါက်မှာလည်း Girl’s Day အဖွဲ့ဝင် Minah ဟာအဆိုပါသတင်းကြောင့် စိတ်ထိခိုက်ပြီးသူမရဲ့ Instragram မှာဓာတ်ပုံတစ်ပုံတင်ခဲ့ပြီးနောက် Comment တွင်ဝေဖန်တိုက်ခိုက်ရေးသားခြင်းကို ခံခဲ့ရပါတယ် ။ အသက် 26 နှစ်ရှိပြီဖြစ်တဲ့ Minah ဟာ Sulli f(x) အဖွဲ့နှင့်ပွဲဦးထွက်ပြီး နောက်တစ်နှစ်အကြာမှ Girl’s Day အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့သူလည်းဖြစ်ပါတယ် ။

သူမ Instragram မှာတင်ထားခဲ့တဲ့ ဓာတ်ပုံဟာ Sulli ကိုသတိရနေတဲ့ပုံစံမျိုးနဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ ဌက်ကလေးရဲ့အဖြူ အမဲဓာတ်ပုံတစ်ပုံကိုတင်ခဲ့တာ ဖြစ်ပါတယ် ။ သူမဓာတ်ပုံအောက်တွင် Comment ရေးသားထားသူတစ်ဦးက ” ဘာလို့လဲ… နောက်တစ်ခေါက် နင်လိုက်သွားချင်လို့လား..you b**** ” ဆိုပြီး ရေးသားထားခဲ့တာဖြစ်ပါတယ် ။ Minah ကတော့ ” ငါဒါကိုဘယ်လိုနားလည်ပေးနိုင်ရမှာလဲ.. ငါနင့်ကို ရဲတိုင်မယ် ” ဆိုပြီး ပြန်လည်တုံ့ပြန်ရေးသားထားခဲ့ပါတယ် ။

သို့ပေမဲ့လည်း သူမရဲ့ပရိသတ်များကသူမကို message တွေရေးသားပေးပို့ပြီး အားပေးစကားများပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Sulli ပြီးတော့ နောက်တစ်ယောက်အနေနဲ့ ဝေဖန်တိုက်ခိုက်ရေးသားခြင်းမျိုးကြုံနေရတဲ့ Girl’s Day အဖွဲ့ဝင် Minah"

Leave a comment

Your email address will not be published.


*