ရာသီဥတုကိုခန္႔မွန္းႏိုင္ဖို႔ ဦးေခါင္းခြံထဲသို႔ လူကဖန္တီးတဲ့တစ္သွ်ဴးအစိတ္အပိုင္းႏွစ္ခုထည့္သြင္းခဲ့တဲ့ အမ်ိဳးသား

Manel de Aguas အမည္ရွိ ၂၄ ႏွစ္အ႐ြယ္စပိန္အႏုပညာရွင္ေကာင္ေလးတစ္ဦးဟာ သူ႔ကိုယ္သူလူသား လို႔ မယူဆေနပါဘူး။ Trans-Species လူ႔အဖြဲ႕အစည္းမွ တည္ေထာင္သူတစ္ဦးျဖစ္ၿပီး သူ ဟာ က်န္လူသားမ်ားႏွင့္ကြဲျပားျခားနားတဲ့ကမာၻကိုခံစားႏိုင္ရန္ နည္းပညာဆိုင္ရာ ပစၥည္းကိရိယာမ်ားကို ခႏၶာကိုယ္ထဲသို႔ထည့္သြင္းအသုံးျပဳခဲ့ပါတယ္။၂၀၁၇ ခုႏွစ္ ဩဂုတ္လမွာ စပိန္ႏိုင္ငံရဲ႕သတင္းေခါင္းႀကီးပိုင္းမွာ Manel de Aguas ရဲ႕ပထမဆုံးေလထုတုန္ခါမႈကိုခံစားႏိုင္တဲ့ေရွ႕ေျပးကိရိယာတည္ေဆာက္ပုံကို ေဖာ္ျပေပးခဲ့ၿပီး၂၀၁၁ ခုႏွစ္ ဇြန္လမွာေတာ့ အဆိုပါစပိန္အႏုပညာရွင္ဟာ သူ႔ရဲ႕ဦးေခါင္းခြံရွိ အပူခ်ိန္ ၊ စိုထိုင္းဆ ႏွင့္ ေလထုဖိအားေျပာင္းလဲမႈကိုခံစားႏိုင္ရန္ သဘာဝကို တုပျပဳလုပ္ထားတဲ့အဂၤါရပ္ ႏွင့္ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို VICE မဂၢဇင္းမွာ ရွင္းျပခဲ့ပါတယ္။

Manel de Aguas က ဦးေခါင္းခြံထဲမွာ ျမည္ေနတဲ့အသံက ေလထုအေျခအေနေပၚမူတည္ၿပီး ဘယ္အခ်ိန္မွာမဆို ခန္႔မွန္းႏိုင္လိမ့္မယ္လို႔ ဆိုခဲ့ၿပီး သူဟာ အၿမဲတမ္းမိုးေရနဲ႔ဆက္သြယ္ခံစားႏိုင္တာကိုသိလိုက္တဲ့အခါ မိုး႐ြာတာနဲ႔ပိုၿပီးခ်ိတ္ဆက္ႏိုင္တဲ့အဂၤါရပ္တစ္ခုကို တီထြင္ဖန္တီးခ်င္ခဲ့ပါတယ္။Manel ဟာ သူ႔ကိုယ္သူ “propioespecie” သို႔မဟုတ္ သူ႔ရဲ႕ကိုယ္ပိုင္မ်ိဳးစိတ္မ်ား လို႔ လူအမ်ားကို ေဖာ္ျပခဲ့ၿပီး ယခုႏွစ္ဇန္နဝါရီလမွာ သူ႔ရဲ႕အိပ္မက္ကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါၿပီ။ စပိန္ႏိုင္ငံရွိ ဆရာဝန္အေတာ္မ်ားမ်ားက သူ႔ကိုျငင္းပယ္ခဲ့ၿပီးေနာက္ သူဟာ ဂ်ပန္ႏိုင္ငံရွိေဆးခန္းတစ္ခုမွာသူ႔ရဲ႕ဦးေခါင္းခြံထဲသို႔ လူကဖန္တီးတဲ့တစ္သွ်ဴးအစိတ္အပိုင္းကိုထည့္သြင္းခဲ့ပါတယ္။

၎တစ္သွ်ဴးအစိတ္အပိုင္းမ်ားဟာ ၅၀၀ ဂရမ္ရွိၿပီး ေနေရာင္ျခည္စြမ္းအင္ျဖင့္ အားျပန္သြင္းႏိုင္ၿပီး Wi-Fi မွတစ္ဆင့္ ပစၥည္းအမ်ိဳးမ်ိဳးႏွင့္ဆက္သြယ္ႏိုင္ပါေသးတယ္။Manel de Aguas ဟာ အာ႐ုံခံအဂၤါသစ္မွတစ္ဆင့္ “ငါကိုယ္တိုင္ဘဲ ရာသီဥတုအေျခအေနကိုေလ့လာမယ္” လို႔ Instagram မွာတင္ၿပီးေနာက္ သူ႔ရဲ႕ပုံစံအသစ္ေၾကာင့္ မ်ားစြာတဲ့လူေတြရဲ႕အာ႐ုံစူးစိုက္မႈကိုရရွိခဲ့ရပါတယ္။Manel de Aguas ဟာ စပိန္ TransSpecies Society ရဲ႕အသင္း၀င္ျဖစ္သလို ကမာၻေပၚရွိငလ်င္တိုင္းကို တိုင္းတာခန္႔မွန္းေပးတဲ့အဖြဲ႕မွာလည္းပါဝင္ပါတယ္။Manel de Aguas ရဲ႕ဦးေခါင္းခြံထဲရွိ အဂၤါရပ္အသစ္တစ္ခုက အေရာင္ကာလာေတြေျပာင္းႏိုင္တဲ့အျပင္ ေလလႈိင္းသံၾကားႏိုင္တဲ့ အင္တင္နာတစ္ခုပါတပ္ဆင္ထားပါေသးတယ္။

1

2

3

Mia (Mckzone Daily)

Source : odditycentral

Unicode

Manel de Aguas အမည်ရှိ ၂၄ နှစ်အရွယ်စပိန်အနုပညာရှင်ကောင်လေးတစ်ဦးဟာ သူ့ကိုယ်သူလူသား လို့ မယူဆနေပါဘူး။ Trans-Species လူ့အဖွဲ့အစည်းမှ တည်ထောင်သူတစ်ဦးဖြစ်ပြီး သူ ဟာ ကျန်လူသားများနှင့်ကွဲပြားခြားနားတဲ့ကမ္ဘာကိုခံစားနိုင်ရန် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများကို ခန္ဓာကိုယ်ထဲသို့ထည့်သွင်းအသုံးပြုခဲ့ပါတယ်။၂၀၁၇ ခုနှစ် ဩဂုတ်လမှာ စပိန်နိုင်ငံရဲ့သတင်းခေါင်းကြီးပိုင်းမှာ Manel de Aguas ရဲ့ပထမဆုံးလေထုတုန်ခါမှုကိုခံစားနိုင်တဲ့ရှေ့ပြေးကိရိယာတည်ဆောက်ပုံကို ဖော်ပြပေးခဲ့ပြီး၂၀၁၁ ခုနှစ် ဇွန်လမှာတော့ အဆိုပါစပိန်အနုပညာရှင်ဟာ သူ့ရဲ့ဦးခေါင်းခွံရှိ အပူချိန် ၊ စိုထိုင်းဆ နှင့် လေထုဖိအားပြောင်းလဲမှုကိုခံစားနိုင်ရန် သဘာဝကို တုပပြုလုပ်ထားတဲ့အင်္ဂါရပ် နှင့် သူ့ရဲ့ရည်ရွယ်ချက်ကို VICE မဂ္ဂဇင်းမှာ ရှင်းပြခဲ့ပါတယ်။

Manel de Aguas က ဦးခေါင်းခွံထဲမှာ မြည်နေတဲ့အသံက လေထုအခြေအနေပေါ်မူတည်ပြီး ဘယ်အချိန်မှာမဆို ခန့်မှန်းနိုင်လိမ့်မယ်လို့ ဆိုခဲ့ပြီး သူဟာ အမြဲတမ်းမိုးရေနဲ့ဆက်သွယ်ခံစားနိုင်တာကိုသိလိုက်တဲ့အခါ မိုးရွာတာနဲ့ပိုပြီးချိတ်ဆက်နိုင်တဲ့အင်္ဂါရပ်တစ်ခုကို တီထွင်ဖန်တီးချင်ခဲ့ပါတယ်။Manel ဟာ သူ့ကိုယ်သူ “propioespecie” သို့မဟုတ် သူ့ရဲ့ကိုယ်ပိုင်မျိုးစိတ်များ လို့ လူအများကို ဖော်ပြခဲ့ပြီး ယခုနှစ်ဇန်နဝါရီလမှာ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ စပိန်နိုင်ငံရှိ ဆရာဝန်အတော်များများက သူ့ကိုငြင်းပယ်ခဲ့ပြီးနောက် သူဟာ ဂျပန်နိုင်ငံရှိဆေးခန်းတစ်ခုမှာသူ့ရဲ့ဦးခေါင်းခွံထဲသို့ လူကဖန်တီးတဲ့တစ်သျှူးအစိတ်အပိုင်းကိုထည့်သွင်းခဲ့ပါတယ်။

၎င်းတစ်သျှူးအစိတ်အပိုင်းများဟာ ၅၀၀ ဂရမ်ရှိပြီး နေရောင်ခြည်စွမ်းအင်ဖြင့် အားပြန်သွင်းနိုင်ပြီး Wi-Fi မှတစ်ဆင့် ပစ္စည်းအမျိုးမျိုးနှင့်ဆက်သွယ်နိုင်ပါသေးတယ်။Manel de Aguas ဟာ အာရုံခံအင်္ဂါသစ်မှတစ်ဆင့် “ငါကိုယ်တိုင်ဘဲ ရာသီဥတုအခြေအနေကိုလေ့လာမယ်” လို့ Instagram မှာတင်ပြီးနောက် သူ့ရဲ့ပုံစံအသစ်ကြောင့် များစွာတဲ့လူတွေရဲ့အာရုံစူးစိုက်မှုကိုရရှိခဲ့ရပါတယ်။Manel de Aguas ဟာ စပိန် TransSpecies Society ရဲ့အသင်း၀င်ဖြစ်သလို ကမ္ဘာပေါ်ရှိငလျင်တိုင်းကို တိုင်းတာခန့်မှန်းပေးတဲ့အဖွဲ့မှာလည်းပါဝင်ပါတယ်။Manel de Aguas ရဲ့ဦးခေါင်းခွံထဲရှိ အင်္ဂါရပ်အသစ်တစ်ခုက အရောင်ကာလာတွေပြောင်းနိုင်တဲ့အပြင် လေလှိုင်းသံကြားနိုင်တဲ့ အင်တင်နာတစ်ခုပါတပ်ဆင်ထားပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment