Positive ျဖစ္ၿပီးေနာက္ quarantine စင္တာမွာ PPE ဝတ္စုံအျပည့္နဲ႔ မဂၤလာပြဲဆက္က်င္းပေနခဲ့တဲ့ သတို႔သမီး(႐ုပ္သံ)

အိႏၵိယႏိုင္ငံရွိ သတို႔သမီးတစ္ဦးဟာ မဂၤလာပြဲေန႔မွာ ေဆးစစ္ခ်က္ အေျဖ positive ထြက္မွန္းသိခဲ့ရၿပီးေနာက္ PPE ဝတ္စုံအျပည့္နဲ႔ quarantine center မွာဘဲ ပြဲကို ဆက္လက္က်င္းပေနခဲ့ၾကပါတယ္။အမည္မေဖာ္ထားတဲ့အဆိုပါစုံတြဲဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က Rajasthan ျပည္နယ္ Baranၿမိဳ႕ရွိ quarantine စင္တာရင္ျပင္မွာ အခမ္းအနားက်င္းပခဲ့ေၾကာင္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားပါတယ္။” မိသားစုေတြနဲ႔ တိုင္ပင္ၿပီး သူတို႔က ထုံးတမ္းစဥ္လာေတြကိုမလုပ္ေတာ့ဘဲ စင္တာမွာ လက္ထပ္ထိမ္းျမားဖို႔သေဘာတူခဲ့တယ္”လို႔ က်န္းမာေရးအရာရွိ Rajendra Meena ကဆိုထားပါတယ္။

က်န္းမာေရးအရာရွိေတြက သူမရဲ႕အေျဖ positive ထြက္ၿပီးၿပီးခ်င္း သတို႔သမီးကို ပြဲထဲမေရာက္ေအာင္ အျမန္တားဆီးႏိုင္ခဲ့ၿပီး သူမမိသားစုေတြကိုလည္း စစ္ေဆးခ်က္ေတြျပဳလုပ္ဖို႔ သီးသန္႔ထားႏိုင္ခဲ့ပါတယ္။သတို႔သမီးမိသားစုေတြက အၾကပ္အတည္းႀကဳံေနရေသာ္လည္း အခ်ိဳ႕ေသာ ကနဦး ထုံးတမ္းစဥ္လာမ်ားအရ သူတို႔ရဲ႕မဂၤလာပြဲကို ဆက္လုပ္ဖို႔ အတင္းေတာင္းဆိုခဲ့တာေၾကာင့္ သူတို႔ရဲ႕သေဘာထားကို ေလးစားတဲ့အေနနဲ႔ အခုလို စင္တာမွာ PPE ဝတ္စုံအျပည့္နဲ႔ အခမ္းအနားကို ဆက္လက္က်င္းပေစခဲ့ေၾကာင္း ေဒသခံက်န္းမာေရးအရာရွိ Sheikh Arif က ေျပာျပထားပါတယ္။

အဆိုပါပြဲကို ယဇ္ပုေရာဟိတ္ ႏွင့္ နီးစပ္တဲ့ေဆြမ်ိဳး သုံးဦးအပါအဝင္ လူဦးေရအကန္႔အသတ္ျဖင့္ ဖိတ္ၾကားက်င္းပခဲ့ၾကပါတယ္။အဆိုပါ ဝတ္စုံေတြအျပင္ က်န္းမာေရးဝန္ထမ္းေတြက တစ္စိတ္တစ္ပိုင္းတစ္ခုအေနနဲ႔ ပါဝင္ကူညီခဲ့ၾကပါတယ္။ကြၽန္ေတာ္တို႔ တစ္ကယ္တင္းမာေနခဲ့ရေပမဲ့ အခုလို အေျခအေနမွာ ဒီထူးျခားတဲ့ပြဲကိုက်င္းပေပးခဲ့ၿပီး သတို႔သမီးရဲ႕မိခင္လည္း positive ျဖစ္ေနခဲ့တာမို႔ သူတို႔ကို သီးသန္႔ထားေပးလိုက္ၿပီျဖစ္ေၾကာင္း Arifက ထပ္မံေျပာၾကားခဲ့ပါေသးတယ္။အိႏၵိယႏိုင္ငံဟာ လက္ရွိမွာ COVID-19 ျဖစ္ပြါးမႈႏႈန္း ၉.၇ သန္းရွိတဲ့ ဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ၿပီး US မွာေတာ့ ၁၅.၃ သန္းအထိရွိေနပါတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

အိန္ဒိယနိုင်ငံရှိ သတို့သမီးတစ်ဦးဟာ မင်္ဂလာပွဲနေ့မှာ ဆေးစစ်ချက် အဖြေ positive ထွက်မှန်းသိခဲ့ရပြီးနောက် PPE ဝတ်စုံအပြည့်နဲ့ quarantine center မှာဘဲ ပွဲကို ဆက်လက်ကျင်းပနေခဲ့ကြပါတယ်။အမည်မဖော်ထားတဲ့အဆိုပါစုံတွဲဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Rajasthan ပြည်နယ် Baranမြို့ရှိ quarantine စင်တာရင်ပြင်မှာ အခမ်းအနားကျင်းပခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။” မိသားစုတွေနဲ့ တိုင်ပင်ပြီး သူတို့က ထုံးတမ်းစဉ်လာတွေကိုမလုပ်တော့ဘဲ စင်တာမှာ လက်ထပ်ထိမ်းမြားဖို့သဘောတူခဲ့တယ်”လို့ ကျန်းမာရေးအရာရှိ Rajendra Meena ကဆိုထားပါတယ်။

ကျန်းမာရေးအရာရှိတွေက သူမရဲ့အဖြေ positive ထွက်ပြီးပြီးချင်း သတို့သမီးကို ပွဲထဲမရောက်အောင် အမြန်တားဆီးနိုင်ခဲ့ပြီး သူမမိသားစုတွေကိုလည်း စစ်ဆေးချက်တွေပြုလုပ်ဖို့ သီးသန့်ထားနိုင်ခဲ့ပါတယ်။သတို့သမီးမိသားစုတွေက အကြပ်အတည်းကြုံနေရသော်လည်း အချို့သော ကနဦး ထုံးတမ်းစဉ်လာများအရ သူတို့ရဲ့မင်္ဂလာပွဲကို ဆက်လုပ်ဖို့ အတင်းတောင်းဆိုခဲ့တာကြောင့် သူတို့ရဲ့သဘောထားကို လေးစားတဲ့အနေနဲ့ အခုလို စင်တာမှာ PPE ဝတ်စုံအပြည့်နဲ့ အခမ်းအနားကို ဆက်လက်ကျင်းပစေခဲ့ကြောင်း ဒေသခံကျန်းမာရေးအရာရှိ Sheikh Arif က ပြောပြထားပါတယ်။

အဆိုပါပွဲကို ယဇ်ပုရောဟိတ် နှင့် နီးစပ်တဲ့ဆွေမျိုး သုံးဦးအပါအဝင် လူဦးရေအကန့်အသတ်ဖြင့် ဖိတ်ကြားကျင်းပခဲ့ကြပါတယ်။အဆိုပါ ဝတ်စုံတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေက တစ်စိတ်တစ်ပိုင်းတစ်ခုအနေနဲ့ ပါဝင်ကူညီခဲ့ကြပါတယ်။ကျွန်တော်တို့ တစ်ကယ်တင်းမာနေခဲ့ရပေမဲ့ အခုလို အခြေအနေမှာ ဒီထူးခြားတဲ့ပွဲကိုကျင်းပပေးခဲ့ပြီး သတို့သမီးရဲ့မိခင်လည်း positive ဖြစ်နေခဲ့တာမို့ သူတို့ကို သီးသန့်ထားပေးလိုက်ပြီဖြစ်ကြောင်း Arifက ထပ်မံပြောကြားခဲ့ပါသေးတယ်။အိန္ဒိယနိုင်ငံဟာ လက်ရှိမှာ COVID-19 ဖြစ်ပွါးမှုနှုန်း ၉.၇ သန်းရှိတဲ့ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး US မှာတော့ ၁၅.၃ သန်းအထိရှိနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "Positive ျဖစ္ၿပီးေနာက္ quarantine စင္တာမွာ PPE ဝတ္စုံအျပည့္နဲ႔ မဂၤလာပြဲဆက္က်င္းပေနခဲ့တဲ့ သတို႔သမီး(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*