ႀကိဳးတံတားေပၚအလွျပေနတုန္း ေရကန္ထဲ႐ုတ္တရက္ျပဳတ္က်သြားခဲ့ရတဲ့ အလွမယ္ၿပိဳင္ပြဲဝင္မ်ား

ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပတဲ့ၿပိဳင္ပြဲရဲ႕ဒုတိယရက္မွာ Miss Thailand အလွမယ္ၿပိဳင္ပြဲဝင္အေယာက္ ၃၀ ဟာ ေကာ္ဖီဆိုင္တစ္ခုရွိႀကိဳးတံတားေပၚမွာ ဓာတ္ပုံ႐ိုက္ရန္ အဆင္သင့္ျဖစ္ေနစဥ္ ေရကန္ထဲသို႔ ႐ုတ္တရက္ တစ္ၿပိဳင္တည္း ျပဳတ္က်သြားခဲ့ၾကပါတယ္။အလွမယ္ၿပိဳင္ပြဲဝင္ေတြဟာ မ်က္ႏွာေပၚမွာ အကာအကြယ္မ်ားတပ္ဆင္ထားျခင္း ႏွင့္ ေပါ့ေပါ့ပါးပါးဝတ္ဆင္ၿပီး Bubble Tea ခြက္ ကိုယ္စီကိုင္ေဆာင္ထားၾကရင္း ႀကိဳးတံတားေပၚမွာ ဓာတ္ပုံ႐ိုက္ဖို႔လုပ္ေနခ်ိန္ လူအေယာက္ ၃၀ ရဲ႕ စုစုေပါင္းအေလးခ်ိန္က ေလးလြန္းတဲ့အတြက္ေၾကာင့္ ႀကိဳးတံတားဟာ ၿပိဳက်ပ်က္စီးသြားခဲ့ပါတယ္။ႀကိဳးတံတားပ်က္က်သြားတာႏွင့္တစ္ၿပိဳင္တည္း အဆိုပါအလွမယ္မ်ားဟာ ကိုယ့္ခႏၶာကိုယ္ေဘးကင္းလုံၿခဳံဖို႔အတြက္ အလုအယက္ ႀကိဳးပမ္းေနၾကရပါတယ္။

ထို႔ေနာက္ သူတို႔အားလုံးကို ေဆး႐ုံသို႔ခ်က္ခ်င္းေခၚေဆာင္သြားခဲ့ၿပီး လိုအပ္တဲ့ေဆးစစ္ေဆးမႈခံယူကာ ေဆး႐ုံဆင္းခြင့္ျပဳခဲ့တယ္လို႔ Newsflare က ေဖာ္ျပထားပါတယ္။မေတာ္တဆတံတားၿပိဳက်မႈေၾကာင့္ အလွမယ္အမ်ားစုက စိုစြတ္သြားခဲ့ၾကၿပီး က်န္ ၃ ေယာက္က ဒဏ္ရာရရွိသြားခဲ့ပါတယ္။တစ္ေယာက္မွာ နဖူးဒဏ္ရာ ႏွင့္ ပြန္းပဲ့ဒဏ္မ်ားရရွိခဲ့ၿပီး ေနာက္ႏွစ္ေယာက္ က ေသးငယ္တဲ့ ျခစ္ရာမ်ားရရွိသြားခဲ့ပါတယ္။Miss Thailand 2020 ၿပိဳင္ပြဲဒါ႐ိုက္တာ Dr. Adisorn Suddee က ” ဒါဟာၿပိဳင္ပြဲရဲ႕ဒုတိယေန႔ျဖစ္ၿပီး ဒီတံတားၿပိဳက်သြားမယ္လို႔ေမွ်ာ္လင့္မထားမိခဲ့ဘူး” လို႔ ဆိုခဲ့ပါတယ္။

Worapot Chatkanjana အမည္ရွိအဆိုပါျဖစ္ရပ္ျဖစ္ပြါးခဲ့တဲ့ေနရာပိုင္ရွင္က တာဝန္ယူမႈအရ ဒဏ္ရာရသြားတဲ့အလွမယ္မ်ားရဲ႕ေဆးဘက္ဆိုင္ရာအတြက္ ဘတ္ ၅၀၀,၀၀၀ (ေဒၚလာ ၁၆,၆၄၅) ကို လႉဒါန္းခဲ့ၿပီး အဆိုပါႀကိဳးတံတားအား ပိုမိုခိုင္မာၿပီး အခုလိုေနာက္ထပ္မျဖစ္ပြါးေစရန္အတြက္ ကတိေပးခဲ့ပါေသးတယ္။အလွမယ္ၿပိဳင္ပြဲဝင္မ်ားျပန္လည္ေကာင္းမြန္လာတာႏွင့္အမွ် က်န္ၿပိဳင္ပြဲဝင္ ၂၇ ဦးဟာ ၿပိဳင္ပြဲကို အခုလ ၁၃ ရက္ေန႔ညမွာ ဆက္လက္က်င္းပသြားမွာျဖစ္ၿပီး Miss Thailand သရဖူကို ဆြတ္ခူးႏိုင္ဖို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကရမွာပါ။ Miss International မွာ တိုင္းျပည္ကိုယ္စားျပဳတဲ့အေနျဖင့္အႏိုင္ရရွိသူက ဆုမ်ား ၊ စပြန္ဆာစာခ်ဳပ္မ်ားႏွင့္အတူ ေဒၚလာရာႏွင့္ခ်ီတဲ့ေငြသားမ်ားပါ ရရွိသြားမွာျဖစ္ပါတယ္။အလွမယ္တစ္ဦးဟာ အခုလိုျပစ္ခ်က္ရွိသြားေစမဲ့ ဒဏ္ရာရစရာအျဖစ္အပ်က္ေတြနဲ႔ မႀကဳံသင့္ပါဘူးေလ။

1

2

3

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ပြိုင်ပွဲရဲ့ဒုတိယရက်မှာ Miss Thailand အလှမယ်ပြိုင်ပွဲဝင်အယောက် ၃၀ ဟာ ကော်ဖီဆိုင်တစ်ခုရှိကြိုးတံတားပေါ်မှာ ဓာတ်ပုံရိုက်ရန် အဆင်သင့်ဖြစ်နေစဉ် ရေကန်ထဲသို့ ရုတ်တရက် တစ်ပြိုင်တည်း ပြုတ်ကျသွားခဲ့ကြပါတယ်။အလှမယ်ပြိုင်ပွဲဝင်တွေဟာ မျက်နှာပေါ်မှာ အကာအကွယ်များတပ်ဆင်ထားခြင်း နှင့် ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး Bubble Tea ခွက် ကိုယ်စီကိုင်ဆောင်ထားကြရင်း ကြိုးတံတားပေါ်မှာ ဓာတ်ပုံရိုက်ဖို့လုပ်နေချိန် လူအယောက် ၃၀ ရဲ့ စုစုပေါင်းအလေးချိန်က လေးလွန်းတဲ့အတွက်ကြောင့် ကြိုးတံတားဟာ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ကြိုးတံတားပျက်ကျသွားတာနှင့်တစ်ပြိုင်တည်း အဆိုပါအလှမယ်များဟာ ကိုယ့်ခန္ဓာကိုယ်ဘေးကင်းလုံခြုံဖို့အတွက် အလုအယက် ကြိုးပမ်းနေကြရပါတယ်။

ထို့နောက် သူတို့အားလုံးကို ဆေးရုံသို့ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ဆေးစစ်ဆေးမှုခံယူကာ ဆေးရုံဆင်းခွင့်ပြုခဲ့တယ်လို့ Newsflare က ဖော်ပြထားပါတယ်။မတော်တဆတံတားပြိုကျမှုကြောင့် အလှမယ်အများစုက စိုစွတ်သွားခဲ့ကြပြီး ကျန် ၃ ယောက်က ဒဏ်ရာရရှိသွားခဲ့ပါတယ်။တစ်ယောက်မှာ နဖူးဒဏ်ရာ နှင့် ပွန်းပဲ့ဒဏ်များရရှိခဲ့ပြီး နောက်နှစ်ယောက် က သေးငယ်တဲ့ ခြစ်ရာများရရှိသွားခဲ့ပါတယ်။Miss Thailand 2020 ပြိုင်ပွဲဒါရိုက်တာ Dr. Adisorn Suddee က ” ဒါဟာပြိုင်ပွဲရဲ့ဒုတိယနေ့ဖြစ်ပြီး ဒီတံတားပြိုကျသွားမယ်လို့မျှော်လင့်မထားမိခဲ့ဘူး” လို့ ဆိုခဲ့ပါတယ်။

Worapot Chatkanjana အမည်ရှိအဆိုပါဖြစ်ရပ်ဖြစ်ပွါးခဲ့တဲ့နေရာပိုင်ရှင်က တာဝန်ယူမှုအရ ဒဏ်ရာရသွားတဲ့အလှမယ်များရဲ့ဆေးဘက်ဆိုင်ရာအတွက် ဘတ် ၅၀၀,၀၀၀ (ဒေါ်လာ ၁၆,၆၄၅) ကို လှူဒါန်းခဲ့ပြီး အဆိုပါကြိုးတံတားအား ပိုမိုခိုင်မာပြီး အခုလိုနောက်ထပ်မဖြစ်ပွါးစေရန်အတွက် ကတိပေးခဲ့ပါသေးတယ်။အလှမယ်ပြိုင်ပွဲဝင်များပြန်လည်ကောင်းမွန်လာတာနှင့်အမျှ ကျန်ပြိုင်ပွဲဝင် ၂၇ ဦးဟာ ပြိုင်ပွဲကို အခုလ ၁၃ ရက်နေ့ညမှာ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး Miss Thailand သရဖူကို ဆွတ်ခူးနိုင်ဖို့ အကြိတ်အနယ်ယှဉ်ပြိုင်ကြရမှာပါ။ Miss International မှာ တိုင်းပြည်ကိုယ်စားပြုတဲ့အနေဖြင့်အနိုင်ရရှိသူက ဆုများ ၊ စပွန်ဆာစာချုပ်များနှင့်အတူ ဒေါ်လာရာနှင့်ချီတဲ့ငွေသားများပါ ရရှိသွားမှာဖြစ်ပါတယ်။အလှမယ်တစ်ဦးဟာ အခုလိုပြစ်ချက်ရှိသွားစေမဲ့ ဒဏ်ရာရစရာအဖြစ်အပျက်တွေနဲ့ မကြုံသင့်ပါဘူးလေ။

Mia (Mckzone Daily)

Be the first to comment on "ႀကိဳးတံတားေပၚအလွျပေနတုန္း ေရကန္ထဲ႐ုတ္တရက္ျပဳတ္က်သြားခဲ့ရတဲ့ အလွမယ္ၿပိဳင္ပြဲဝင္မ်ား"

Leave a comment

Your email address will not be published.


*