ပရိသတ္တစ္ေယာက္နဲ႔ စင္ေပၚမွာပြတ္လားရမ္းလား ကေနတုန္းစင္ေပၚကျပဳတ္က်ခဲ့တဲ့ ေလဒီဂါဂါ(႐ုပ္သံ)

ၿပီးခဲ့တဲ့ညက Las Vegas မွာက်င္းပတဲ့ Enigma ပြဲမွာေလဒီဂါဂါဟာ ေဖ်ာ္ေျဖေနတုန္းမေတာ္တဆျဖစ္ၿပီး ဒဏ္ရာရခဲ့ပါတယ္ ။ ေလဒီဂါဂါဟာ ၿပီးခဲ့တဲ့ June လတုန္းက ေနာက္ဆံုးေဖ်ာ္ေျဖပြဲျပဳလုပ္ခဲ့တာျဖစ္ၿပီး မေန႔ညကမွသူမရဲ႕ပထမဦးဆံုးေဖ်ာ္ေျဖပြဲျပဳလုပ္ခဲ့တာျဖစ္ေပမဲ့ အဆင္ေျပေျပနဲ႔ၿပီးဆံုးခဲ့တာမ်ိဳး မျဖစ္ခဲ့ပါဘူး ။ ျဖစ္စဥ္ကေတာ့ ေလဒီဂါဂါဟာသူမရဲ႕ပရိသတ္တစ္ဦးကိုစင္ေပၚသို႔ ဖိတ္ေခၚၿပီး ၊ ပရိသတ္ရဲ႕ခါးေပၚသူမရဲ႕ေျခေထာက္ ေထြးပတ္ၿပီး ခ်ီ ခိုင္းကာကေနတုန္း ၊ အဆိုပါပရိသတ္အမ်ိဳးသားရဲ႕ေျခတစ္ဖက္ဟာ စင္ေအာက္သို႔ကြၽံက်သြားခဲ့ၿပီး သူမေကာ ၊ သူမပရိသတ္ႏွစ္ေယာက္လံုးကပါ စင္ေပၚကေန ႐ုပ္ပ်က္စင္းပ်က္ျပဳတ္က်သြားခဲ့ရပါတယ္ ။

ျပဳတ္က်သြားခဲ့ပံုမွာလည္း ေလဒီဂါဂါဟာအရင္ျပဳတ္က်ၿပီး သူမပရိသတ္၏ေအာက္ဖက္သို႔ဖိလ်က္သားျဖင့္ ျပဳတ္က်ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာဒဏ္ရာႀကီးႀကီးမားမား မရခဲ့ပဲ ENIGMA ေဖ်ာ္ေျဖပြဲကို ဆက္လက္ျပဳလုပ္ခဲ့ပါတယ္ ။

ေလဒီဂါဂါဟာ သူမရဲ႕ social media ေပာ္တြင္လည္း အဆိုပါအျဖစ္အပ်က္ video ကို ေဝမ်ွခဲ့ပါတယ္ ။ ထို႔အျပင္ သူမ ပြဲမွာမေဖ်ာ္ေျဖခင္ ျပင္ဆင္ခဲ့ပံုမ်ားကိုလည္း ေဝမ်ွခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source:Metro

Unicode

ပြီးခဲ့တဲ့ညက Las Vegas မှာကျင်းပတဲ့ Enigma ပွဲမှာလေဒီဂါဂါဟာ ဖျော်ဖြေနေတုန်းမတော်တဆဖြစ်ပြီး ဒဏ်ရာရခဲ့ပါတယ် ။ လေဒီဂါဂါဟာ ပြီးခဲ့တဲ့ June လတုန်းက နောက်ဆုံးဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပြီး မနေ့ညကမှသူမရဲ့ပထမဦးဆုံးဖျော်ဖြေပွဲပြုလုပ်ခဲ့တာဖြစ်ပေမဲ့ အဆင်ပြေပြေနဲ့ပြီးဆုံးခဲ့တာမျိုး မဖြစ်ခဲ့ပါဘူး ။ ဖြစ်စဉ်ကတော့ လေဒီဂါဂါဟာသူမရဲ့ပရိသတ်တစ်ဦးကိုစင်ပေါ်သို့ ဖိတ်ခေါ်ပြီး ၊ ပရိသတ်ရဲ့ခါးပေါ်သူမရဲ့ခြေထောက် ထွေးပတ်ပြီး ချီ ခိုင်းကာကနေတုန်း ၊ အဆိုပါပရိသတ်အမျိုးသားရဲ့ခြေတစ်ဖက်ဟာ စင်အောက်သို့ကျွံကျသွားခဲ့ပြီး သူမကော ၊ သူမပရိသတ်နှစ်ယောက်လုံးကပါ စင်ပေါ်ကနေ ရုပ်ပျက်စင်းပျက်ပြုတ်ကျသွားခဲ့ရပါတယ် ။

ပြုတ်ကျသွားခဲ့ပုံမှာလည်း လေဒီဂါဂါဟာအရင်ပြုတ်ကျပြီး သူမပရိသတ်၏အောက်ဖက်သို့ဖိလျက်သားဖြင့် ပြုတ်ကျခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမဟာဒဏ်ရာကြီးကြီးမားမား မရခဲ့ပဲ ENIGMA ဖျော်ဖြေပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါတယ် ။

လေဒီဂါဂါဟာ သူမရဲ့ social media ပော်တွင်လည်း အဆိုပါအဖြစ်အပျက် video ကို ဝေမျှခဲ့ပါတယ် ။ ထို့အပြင် သူမ ပွဲမှာမဖျော်ဖြေခင် ပြင်ဆင်ခဲ့ပုံများကိုလည်း ဝေမျှခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပရိသတ္တစ္ေယာက္နဲ႔ စင္ေပၚမွာပြတ္လားရမ္းလား ကေနတုန္းစင္ေပၚကျပဳတ္က်ခဲ့တဲ့ ေလဒီဂါဂါ(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*