သခင္ႏွင့္အျပင္သြားတိုင္း maskတပ္ဖို႔ အၿမဲသတိတရရွိတဲ့ ေခြးလိမၼာေလး

လက္ရွိကာလမွာ လူေတြဟာ ကိုဗစ္ကာကြယ္ေရးစည္းကမ္းေတြကို တင္းတင္းက်ပ္က်ပ္မလိုက္နာဘဲ အလြယ္လိုက္ေနၾကေပမဲ့ ေရာဂါရဲ႕ၿခိမ္းေျခာက္မႈက အလြန္အမင္းနီးကပ္ေနဆဲျဖစ္ၿပီး ၎ကို ကြၽန္ေတာ္တို႔မေမ့ထားသင့္ပါဘူး။ေရာဂါျဖစ္ပြါးမႈႏႈန္းက အတက္အက်ျဖစ္ေနေပမဲ့ အျပင္ထြက္တဲ့အခါ ေပါ့ေသးေသးေတြးၿပီး maskမတပ္ဘဲ ေနၾကတဲ့လူေတြကို ေတြ႕ၾကမွာပါ။သူတို႔အားလုံးအား Fatty Ong ဆိုတဲ့ဒီေခြးေလးဆီမွာ သင္ခန္းစာယူခိုင္းသင့္ပါတယ္။မေလးရွားႏိုင္ငံ Negeri Sembilan ျပည္နယ္ Bahau ၿမိဳ႕မွာေနထိုင္ၿပီး Zhang Shihua အမည္ရွိတဲ့ဥယ်ာဥ္ၿခံလုပ္သားႏွင့္ သူ႔ေခြးေလး Fatty Ong တို႔ဟာ လက္ဖက္ရည္ေသာက္ဖို႔ ဆိုင္ကယ္စီးရင္း အျပင္သြားတဲ့အခါ လူအမ်ားရဲ႕အာ႐ုံကို ဖမ္းစားေနခဲ့ပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ Fatty Ong ဟာ အရမ္းနာခံမႈရွိတဲ့အျပင္ mask တပ္ရင္း သခင့္ကို ဆိုင္ကယ္ေပၚေစာင့္ေနခဲ့လို႔ပါ။

Sin Chew Daily သတင္းအရ Zhang ဟာ လက္ဖက္ရည္ဆိုင္ထဲဝင္သြားတဲ့အခါ Fatty Ong ေလးက ဆိုင္ကယ္ေပၚေစာင့္ရင္း သက္ေတာ္ေစာင့္ ပုံစံနဲ႔ လူအမ်ားကို ဓာတ္ပုံ႐ိုက္ခ်င္သြားေအာင္ ဆြဲေဆာင္ေနခဲ့ပါတယ္။ အဆိုပါၿမိဳ႕ငယ္ေလးမွာ Zhang နဲ႔ Fatty Ong တို႔ရဲ႕သတင္းေမြးေနခဲ့ပါတယ္။တစ္ခါတစ္ရံ Fatty Ong က maskကို သူ႔လက္နဲ႔ ဖယ္ပစ္ဖို႔ ႀကိဳးစားတိုင္း Zhangက ဆိုင္ကထြက္လာၿပီး mask ျပန္တပ္ေပးတတ္ပါေသးတယ္။COVID-19 ကပ္ေရာဂါေၾကာင့္ Zhangက သူ႔ေခြးေလးကို ဇြန္လမွစၿပီး maskတတ္ဖို႔ ေလ့က်င့္ေပးခဲ့ေပမဲ့ အစပိုင္းမွာ ေခ်ာေခ်ာေမြ႕ေမြ႕မျဖစ္ခဲ့ရပါဘူး။သူဟာ Fatty Ongကို maskတပ္ေပးဖို႔ ႀကိဳးစားတဲ့အခါ ေခြးေလးက သူ႔ကို ျပန္ေဟာင္တာ ၊ ျပန္ကိုက္တာေတြ လုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္ ျပန္ကိုက္တတ္တဲ့ေခြးေလးအတြက္ အျပစ္တစ္ခုအေနနဲ႔ Zhang ဟာ သူအျပင္ထြက္တိုင္း ေခြးေလးကို ေခၚမသြားဘဲ ထားခဲ့တာေၾကာင့္ သခင္ေပ်ာက္ေပ်ာက္သြားမွန္းသိေနခဲ့တဲ့ Fatty Ong ေလးက ေနာက္ဆုံး ဆိုင္ကယ္အတူစီးဖို႔အတြက္ mask တပ္ဖို႔ သေဘာတူလက္ခံခဲ့ရပါတယ္။Zhangက maskကို ေကာက္တပ္လိုက္တာနဲ႔ Fatty Ong က ဆိုင္ကယ္ေပၚခုန္တက္ၿပီး ဝမ္းေျမာက္ဝမ္းသာစြာနဲ႔ လိုက္စီးပါေတာ့တယ္။လက္ရွိမွာ Fatty Ong ေလးဟာ နာခံမႈအရွိဆုံးေခြးေလး ႏွင့္ COVID-19 ကာကြယ္ေရးစည္းကမ္းေတြကို မလိုက္နာတဲ့လူေတြအတြက္ စံျပနမူနာျဖစ္ေနခဲ့ၿပီး social media မွာလည္း ေရပန္းစားလ်က္ရွိေနပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

လက်ရှိကာလမှာ လူတွေဟာ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်မလိုက်နာဘဲ အလွယ်လိုက်နေကြပေမဲ့ ရောဂါရဲ့ခြိမ်းခြောက်မှုက အလွန်အမင်းနီးကပ်နေဆဲဖြစ်ပြီး ၎င်းကို ကျွန်တော်တို့မမေ့ထားသင့်ပါဘူး။ရောဂါဖြစ်ပွါးမှုနှုန်းက အတက်အကျဖြစ်နေပေမဲ့ အပြင်ထွက်တဲ့အခါ ပေါ့သေးသေးတွေးပြီး maskမတပ်ဘဲ နေကြတဲ့လူတွေကို တွေ့ကြမှာပါ။သူတို့အားလုံးအား Fatty Ong ဆိုတဲ့ဒီခွေးလေးဆီမှာ သင်ခန်းစာယူခိုင်းသင့်ပါတယ်။မလေးရှားနိုင်ငံ Negeri Sembilan ပြည်နယ် Bahau မြို့မှာနေထိုင်ပြီး Zhang Shihua အမည်ရှိတဲ့ဥယျာဉ်ခြံလုပ်သားနှင့် သူ့ခွေးလေး Fatty Ong တို့ဟာ လက်ဖက်ရည်သောက်ဖို့ ဆိုင်ကယ်စီးရင်း အပြင်သွားတဲ့အခါ လူအများရဲ့အာရုံကို ဖမ်းစားနေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Fatty Ong ဟာ အရမ်းနာခံမှုရှိတဲ့အပြင် mask တပ်ရင်း သခင့်ကို ဆိုင်ကယ်ပေါ်စောင့်နေခဲ့လို့ပါ။

Sin Chew Daily သတင်းအရ Zhang ဟာ လက်ဖက်ရည်ဆိုင်ထဲဝင်သွားတဲ့အခါ Fatty Ong လေးက ဆိုင်ကယ်ပေါ်စောင့်ရင်း သက်တော်စောင့် ပုံစံနဲ့ လူအများကို ဓာတ်ပုံရိုက်ချင်သွားအောင် ဆွဲဆောင်နေခဲ့ပါတယ်။ အဆိုပါမြို့ငယ်လေးမှာ Zhang နဲ့ Fatty Ong တို့ရဲ့သတင်းမွေးနေခဲ့ပါတယ်။တစ်ခါတစ်ရံ Fatty Ong က maskကို သူ့လက်နဲ့ ဖယ်ပစ်ဖို့ ကြိုးစားတိုင်း Zhangက ဆိုင်ကထွက်လာပြီး mask ပြန်တပ်ပေးတတ်ပါသေးတယ်။COVID-19 ကပ်ရောဂါကြောင့် Zhangက သူ့ခွေးလေးကို ဇွန်လမှစပြီး maskတတ်ဖို့ လေ့ကျင့်ပေးခဲ့ပေမဲ့ အစပိုင်းမှာ ချောချောမွေ့မွေ့မဖြစ်ခဲ့ရပါဘူး။သူဟာ Fatty Ongကို maskတပ်ပေးဖို့ ကြိုးစားတဲ့အခါ ခွေးလေးက သူ့ကို ပြန်ဟောင်တာ ၊ ပြန်ကိုက်တာတွေ လုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ပြန်ကိုက်တတ်တဲ့ခွေးလေးအတွက် အပြစ်တစ်ခုအနေနဲ့ Zhang ဟာ သူအပြင်ထွက်တိုင်း ခွေးလေးကို ခေါ်မသွားဘဲ ထားခဲ့တာကြောင့် သခင်ပျောက်ပျောက်သွားမှန်းသိနေခဲ့တဲ့ Fatty Ong လေးက နောက်ဆုံး ဆိုင်ကယ်အတူစီးဖို့အတွက် mask တပ်ဖို့ သဘောတူလက်ခံခဲ့ရပါတယ်။Zhangက maskကို ကောက်တပ်လိုက်တာနဲ့ Fatty Ong က ဆိုင်ကယ်ပေါ်ခုန်တက်ပြီး ဝမ်းမြောက်ဝမ်းသာစွာနဲ့ လိုက်စီးပါတော့တယ်။လက်ရှိမှာ Fatty Ong လေးဟာ နာခံမှုအရှိဆုံးခွေးလေး နှင့် COVID-19 ကာကွယ်ရေးစည်းကမ်းတွေကို မလိုက်နာတဲ့လူတွေအတွက် စံပြနမူနာဖြစ်နေခဲ့ပြီး social media မှာလည်း ရေပန်းစားလျက်ရှိနေပါတယ်။

Mia (Mckzone Daily)

Be the first to comment on "သခင္ႏွင့္အျပင္သြားတိုင္း maskတပ္ဖို႔ အၿမဲသတိတရရွိတဲ့ ေခြးလိမၼာေလး"

Leave a comment

Your email address will not be published.


*