မိန္းမနဲ႔စကားမ်ားျငင္းခုံခဲ့မိတဲ့အမ်ိဳးသားရဲ႕ အထူးေန႔လည္စာထမင္းဘူး

ဇနီးသည္ႏွင့္ မိခင္ေတြအားလုံးဟာ သူတို႔ခင္ပြန္းႏွင့္ ကေလးေတြအတြက္ အလုပ္ သို႔မဟုတ္ ေက်ာင္း သြားဖို႔ အစားအေသာက္ေတြကို ခ်စ္ခင္စြာ ျပင္ဆင္ေပးေလ့ရွိၾကေပမဲ့ သူတို႔စိတ္ဆိုးေအာင္ သင္လုပ္လိုက္ရင္ ဘာျဖစ္သြားမယ္ဆိုတာကို ႀကဳံဖူးပါသလား။ဒီဇင္ဘာလ ၂ ရက္ေန႔က ဂ်ပန္ Twitter အသုံးျပဳသူတစ္ဦးဟာ ဇနီးသည္ႏွင့္ စကားမ်ားရန္ျဖစ္ၿပီး ေနာက္ေန႔မွာ သူ႔ေနလည္စာထမင္းဘူးဓာတ္ပုံကို မွ်ေဝခဲ့ပါတယ္။အဆိုပါ @JZX90Masaya အသုံးျပဳသူအမ်ိဳးသားေဝမွ်လိုက္တဲ့ဓာတ္ပုံအရ ေန႔လည္စာထမင္းဘူးမွာ အသားေလးေတာင္မပါ ထမင္းျဖဴေပၚမွာ ေရညႇိနဲ႔ဂ်ပန္လို “Sh**t” လို႔ေရးထားကာ ေဘးဖက္တစ္ကန္႔မွာေတာ့ ဟင္းသီးဟင္း႐ြက္သတ္သတ္ဘဲ ပါေနခဲ့ၿပီး “ငါ မေန႔ညက ငါ့မိန္းမနဲ႔ စကားမ်ားထားလို႔ ဒီေန႔အတြက္ ငါ့ထမင္းဘူးက ဒါဘဲ” ဆိုတဲ့ caption နဲ႔ မွ်ေဝထားခဲ့ပါတယ္။

အဲ့ဒီေနာက္ အျခား Twitter အသုံးျပဳသူေတြက သူတို႔မိခင္ျဖစ္သူႏွင့္ စကားမ်ားတိုင္း အလားတူအျဖစ္အပ်က္မ်ိဳးႀကဳံဖူးေၾကာင္း တုံ႔ျပန္ခဲ့ၾကပါတယ္။မွတ္ခ်က္ေပးသူတစ္ဦးက သူ႔မိခင္ႏွင့္ စကားမ်ားေတာ့ ထမင္းျဖဴေပၚကိုမွ ဇီးသီးေတြပါတဲ့ ေန႔လည္စာထမင္းဘူးစားခဲ့ဖူးေၾကာင္းကို “အထက္တန္းေက်ာင္းတုန္းက အေမနဲ႔ရန္ျဖစ္တာ ငါ့ထမင္းဘူးက အဲ့ပုံစံဘဲ”လို႔ မွတ္ခ်က္ဝင္ေပးခဲ့ပါတယ္။ေနာက္တစ္ေယာက္က ထမင္းကိုမွ ႏွမ္းေစ့ေတြ ၊ ေဒါသထြက္ေနပုံရတဲ့ င႐ုပ္ခ်ဥ္ေတြ ပါတဲ့ထမင္းဘူးကို မွ်ေဝထားခဲ့ပါေသးတယ္။

မၾကာဘဲ အဆိုပါ ပိုစ့္ပိုင္ရွင္အမ်ိဳးသားက ထမင္းျဖဴေအာက္မွာ အသားေတြပါေနတာကို ဓာတ္ပုံ႐ိုက္တင္ခဲ့ၿပီး “ေအာက္မွာ ဝွက္ထားတဲ့အသားေတြရွိတယ္ ၊ အရမ္းခ်စ္တယ္ မိန္းမေရ”လို႔ ဆိုခဲ့ပါေတာ့တယ္။အေမ နဲ႔ မိန္းမဆိုတဲ့အမ်ိဳးသမီးေတြဟာ ဘယ္ေလာက္ဘဲ ေဒါသထြက္ေနပါေစ ကြၽန္ေတာ္တို႔ကို အၿမဲတမ္း ဂ႐ုတစိုက္ေနခ်င္ၾကပါတယ္။စကားမ်ားရင္း စိတ္ေကာက္သြား႐ုံသာရွိမယ္ ၊ တစ္ကယ္တမ္း ကိုယ့္ခင္ပြန္း ၊ ကေလးေတြကို အရမ္းခ်စ္တတ္ၾကတဲ့သူေတြပါ။အဆိုပါ အမ်ိဳးသားနဲ႔ ဇနီးသည္တို႔ရဲ႕အျဖစ္အပ်က္က အရမ္းကို sweet ျဖစ္လြန္းေနပါတယ္။စာဖတ္သူတို႔ေကာ သူတို႔လို ျဖစ္ပ်က္ခဲ့ဖူးပါသလား။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဇနီးသည်နှင့် မိခင်တွေအားလုံးဟာ သူတို့ခင်ပွန်းနှင့် ကလေးတွေအတွက် အလုပ် သို့မဟုတ် ကျောင်း သွားဖို့ အစားအသောက်တွေကို ချစ်ခင်စွာ ပြင်ဆင်ပေးလေ့ရှိကြပေမဲ့ သူတို့စိတ်ဆိုးအောင် သင်လုပ်လိုက်ရင် ဘာဖြစ်သွားမယ်ဆိုတာကို ကြုံဖူးပါသလား။ဒီဇင်ဘာလ ၂ ရက်နေ့က ဂျပန် Twitter အသုံးပြုသူတစ်ဦးဟာ ဇနီးသည်နှင့် စကားများရန်ဖြစ်ပြီး နောက်နေ့မှာ သူ့နေလည်စာထမင်းဘူးဓာတ်ပုံကို မျှဝေခဲ့ပါတယ်။အဆိုပါ @JZX90Masaya အသုံးပြုသူအမျိုးသားဝေမျှလိုက်တဲ့ဓာတ်ပုံအရ နေ့လည်စာထမင်းဘူးမှာ အသားလေးတောင်မပါ ထမင်းဖြူပေါ်မှာ ရေညှိနဲ့ဂျပန်လို “Sh**t” လို့ရေးထားကာ ဘေးဖက်တစ်ကန့်မှာတော့ ဟင်းသီးဟင်းရွက်သတ်သတ်ဘဲ ပါနေခဲ့ပြီး “ငါ မနေ့ညက ငါ့မိန်းမနဲ့ စကားများထားလို့ ဒီနေ့အတွက် ငါ့ထမင်းဘူးက ဒါဘဲ” ဆိုတဲ့ caption နဲ့ မျှဝေထားခဲ့ပါတယ်။

အဲ့ဒီနောက် အခြား Twitter အသုံးပြုသူတွေက သူတို့မိခင်ဖြစ်သူနှင့် စကားများတိုင်း အလားတူအဖြစ်အပျက်မျိုးကြုံဖူးကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။မှတ်ချက်ပေးသူတစ်ဦးက သူ့မိခင်နှင့် စကားများတော့ ထမင်းဖြူပေါ်ကိုမှ ဇီးသီးတွေပါတဲ့ နေ့လည်စာထမင်းဘူးစားခဲ့ဖူးကြောင်းကို “အထက်တန်းကျောင်းတုန်းက အမေနဲ့ရန်ဖြစ်တာ ငါ့ထမင်းဘူးက အဲ့ပုံစံဘဲ”လို့ မှတ်ချက်ဝင်ပေးခဲ့ပါတယ်။နောက်တစ်ယောက်က ထမင်းကိုမှ နှမ်းစေ့တွေ ၊ ဒေါသထွက်နေပုံရတဲ့ ငရုပ်ချဉ်တွေ ပါတဲ့ထမင်းဘူးကို မျှဝေထားခဲ့ပါသေးတယ်။

မကြာဘဲ အဆိုပါ ပိုစ့်ပိုင်ရှင်အမျိုးသားက ထမင်းဖြူအောက်မှာ အသားတွေပါနေတာကို ဓာတ်ပုံရိုက်တင်ခဲ့ပြီး “အောက်မှာ ဝှက်ထားတဲ့အသားတွေရှိတယ် ၊ အရမ်းချစ်တယ် မိန်းမရေ”လို့ ဆိုခဲ့ပါတော့တယ်။အမေ နဲ့ မိန်းမဆိုတဲ့အမျိုးသမီးတွေဟာ ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ ကျွန်တော်တို့ကို အမြဲတမ်း ဂရုတစိုက်နေချင်ကြပါတယ်။စကားများရင်း စိတ်ကောက်သွားရုံသာရှိမယ် ၊ တစ်ကယ်တမ်း ကိုယ့်ခင်ပွန်း ၊ ကလေးတွေကို အရမ်းချစ်တတ်ကြတဲ့သူတွေပါ။အဆိုပါ အမျိုးသားနဲ့ ဇနီးသည်တို့ရဲ့အဖြစ်အပျက်က အရမ်းကို sweet ဖြစ်လွန်းနေပါတယ်။စာဖတ်သူတို့ကော သူတို့လို ဖြစ်ပျက်ခဲ့ဖူးပါသလား။

Mia (Mckzone Daily)

Be the first to comment on "မိန္းမနဲ႔စကားမ်ားျငင္းခုံခဲ့မိတဲ့အမ်ိဳးသားရဲ႕ အထူးေန႔လည္စာထမင္းဘူး"

Leave a comment

Your email address will not be published.


*