11နှစ်အရွယ်ကလေးကို အလိုမတူပြုကျင့်ပြီးကလေးမွေးခဲ့လို့ ထောင်ဒဏ်အနှစ်20 ကျခံခဲ့ရတဲ့ ကလေးထိန်းအမျိုးသမီး





Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Marissa Mowry အမည်ရှိတဲ့အသက် 28နှစ်အရွယ်အမျိုးသမီးဟာ သူမအလုပ်လုပ်ကိုင်နေခဲ့တဲ့ နေအိမ်မှ 11နှစ်အရွယ်ကောင်လေးကို 2014 ခုနှစ်မှစတင်ပြီး အလိုမတူပြုကျင့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထောင်ဒဏ်အနှစ် 20 ချမှတ်ခံခဲ့ရပါတယ် ။ ထို့အပြင် သူမဟာ အဆိုပါ11နှစ်အရွယ်ကောင်လေး နှင့် သားလေးတစ်ယောက်မွေးဖွားခဲ့ပါသေးတယ် ။ အဆိုပါအလိုမတူပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ဟာ ယခုချိန်မှာ အသက် 17နှစ်ရှိနေပြီဖြစ်ပြီး သူ၏အသက် 5နှစ်အရွယ်သားလေးကို အတတ်နိုင်ဆုံးအကောင်းဆုံးပြုစုစောင့်ရှောက်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

ကောင်လေး၏ မိခင်ဖြစ်သူ Nadean Campbell ၏ပြောပြချက်အရ သူမတို့ဟာ Mowry ကိုသမီးလေးတစ်ယောက်ကဲ့သို့သဘောထားခဲ့ကြောင်းနှင့် ၊ သူမဟာအရင်ချိန်တွေက ဆွေးမျိုးအိမ်မှာအလုပ်လုပ်ကိုင်ဖူးခဲ့တဲ့အတွက် သူမဟာအတော်လေးချီးကျူ းခံခဲ့ရသောကြောင့် ကလေးထိန်အဖြစ်ငှါးရမ်းခဲ့တာဖြစ်ကြောင်း နှင့် သူမကိုယ်ဝန်စရှိချိန်က သူမ၏ချစ်သူနှင့် ကိုယ်ဝန်ရခဲ့တာလို့ထင်ခဲ့ကြပေမဲ့လည်း သားဖြစ်သူကသူ၏အဖြစ်အပျက်အကျိုးအကြောင်းများကို မိခင်အားပြောပြရဲ့ DNA စစ်ဆေးခဲ့ရာ သူမ၏မြေးလေးဖြစ်နေမှန်းသိရှိခဲ့ရကြောင်း Campbellsကပြောဆိုခဲ့ပါတယ် ။

Mowry ဟာ ကောင်လေးကို 2014 January မှစပြီး အလိုမတူပြုကျင့်ခဲ့ပြီးနောက် 2014 October မှာတော့ သူမ၏သားလေးကိုမွေးဖွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် သူမဟာ ကောင်လေးကို 15ကြိမ်ထက်မနည်း အလိုမတူပြုကျင့်ခဲ့ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် ကောင်လေး၏မိခင်ဖြစ်သူ Campbells က သူမ၏သားငယ်လေးဟာ အသက် 17နှစ်သာရှိပေမဲ့လည်း 5နှစ်အရွယ်ကလေး၏ဖခင်ဖြစ်နေသောကြောင့် အမြဲလိုလိုလူငယ်သဘာဝပျော်ရွှင်ခဲ့ရခြင်းမျိုးမရှိသည့်အပြင် ၊ ကျောင်းကနေပြန်လာတာနဲ့ အချိန်ရှိရင်ရှိသလိုသူ၏ကလေးကိုသာ ပြုစုစောင့်ရှောက်ပေးနေရပြီး ၊ လူငယ်သဘာဝချစ်သူရည်းစာထားမည်ဆိုတာတောင် 5နှစ်အရွယ်ကလေး၏ဖခင်ဖြစ်နေ၍ ကြိုက်မည့်မိန်းကလေးမရှိသောကြောင့် သူမသားလေးကိုအတော်လေး သနားစာနာမိကြောင်းပြောဆိုခဲ့ပါတယ် ။ ထို့အပြင် သူမရဲ့မြေးလေးမှာလည်း ယခုကဲ့သို့သောကိစ္စရပ်မျိုးနှင့် ကြုံကြိုက်ပြီးမွေးဖွားလာခဲ့ရ၍ သူ၏အနာဂတ်အတွက်စိုးရိမ်မိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Mowry ကိုရဲဌာနသို့တိုင်ကြားခဲ့ချိန်မှာတော့ သူမဟာ ကောင်လေးကသူမကိုအတင်းတွန်းအားပေးခဲ့တာဖြစ်ကြောင်း ငြင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရဲအရာရှိများက သူမ ကောင်လေးနှင့် ဖုန်းပြောနေချိန်ကို တိတ်တဆိတ် record ယူထားခဲ့၍သူမ၏ အလိမ်အညာများအားလုံးပေါ်သွားခဲ့ပါတော့တယ် ။ သူမဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရဖို့ရှိပေမဲ့လည်း သူမဟာအပြစ်ရှိကြောင်းဝန်ခံခဲ့၍ပြစ်ဒဏ်လျှော့ပေ့ပေးသည့်အနေဖြင့် ထောင်ဒဏ်အနှစ် 20 သာချမှတ်ခံခဲ့ရပါတယ် ။ ထို့ကြောင့် Campbell ဟာသူမ၏သားလို အဖြစ်အပျက်မျိုးမကြုံတွေ့ရအောင် အခြားမိဘများကိုလည်း မိန်းကလေးဆိုတိုင်းလိင်အကြမ်းဖက်မှုမျိုးမလုပ်နိုင်ဘူးထင်ပြီး အလွယ်တကူမယုံကြည်သင့်ကြောင်း သတိပေးပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "11နှစ်အရွယ်ကလေးကို အလိုမတူပြုကျင့်ပြီးကလေးမွေးခဲ့လို့ ထောင်ဒဏ်အနှစ်20 ကျခံခဲ့ရတဲ့ ကလေးထိန်းအမျိုးသမီး"

Leave a comment

Your email address will not be published.


*