မ်က္ရည္သုတ္ဖို႔ ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသားမ်ားအား ငွါးရမ္းႏိုင္တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ဝန္ေဆာင္မႈတစ္ခု

ဂ်ပန္ႏိုင္ငံမွာ မ်က္ရည္သုတ္ေပးဖို႔ ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသားေတြကို ငွါးရမ္းႏိုင္တဲ့ ၀န္ေဆာင္မႈတစ္ခုရွိေနပါတယ္။ဂ်ပန္ႏိုင္ငံဟာ ဆန္းျပားတဲ့အရာေတြတီထြင္ဖို႔ပ်က္ကြက္တယ္ဆိုတာမ်ိဳး ဘယ္ေတာ့မွမရွိခဲ့ဖူးပါဘူး။အမ်ိဳးသမီးတစ္ဦး မ်က္ရည္သုတ္ဖို႔ ေယာက်္ားတစ္ဦးကိုငွါးရမ္းႏိုင္တဲ့ ဒီ၀န္ေဆာင္မႈက သင္တို႔အတြက္ ထူးဆန္းေနမွာအမွန္ပါ။၂၀၁၅ ခုႏွစ္မွာ ဒီ၀န္ေဆာင္မႈကို ဂ်ပန္ႏိုင္ငံက စတင္မိတ္ဆက္ခဲ့ၿပီး ယေန႔အထိတည္ရွိေနခဲ့ပါတယ္။စီးပြါးေရးလုပ္ငန္းက သူတို႔အတြက္ အရမ္းကိုအေရးပါေနမွာ အေသအခ်ာပါဘဲ။ငိုရတာကို ႏွစ္သက္ျမတ္ႏိုးပုံရတဲ့ Hiroki Terai အမည္ရွိအမ်ိဳးသားတစ္ဦးက ဒီ၀န္ေဆာင္မႈကိုစတင္တည္ေထာင္ခဲ့တာပါ။

လြန္ခဲ့တဲ့ ၇ ႏွစ္တုန္းက Terai ဟာငိုတဲ့ကုထုံးအဖြဲ႕ကိုစတင္ခဲ့တဲ့အျပင္ Ikemen အမည္ရွိတဲ့ဒီဝန္ေဆာင္မႈကို အလုပ္မ်ားၿပီး စိတ္ဖိစီးမႈခံစားေနရသလို ၊ အထီးက်န္တဲ့ပတ္ဝန္းက်င္မွာေနထိုင္ေနရတဲ့ အမ်ိဳးသမီးမ်ားအတြက္ အထူးျပဳလုပ္ထားတာပါ။ဂ်ပန္ႏိုင္ငံရွိ ေရပန္းစားတဲ့ဝန္ေဆာင္မႈေတြထဲမွာမွ ဒီ၀န္ေဆာင္မႈက အလြန္႐ိုးရွင္းၿပီး လုံးဝ တရားဝင္မွတ္ပုံတင္ထားေၾကာင္းTerai က ဆိုထားပါတယ္။အကယ္လို႔ သင္ဟာ အလုပ္ခြင္မွာၾကမ္းတမ္းတဲ့ေန႔တစ္ေန႔ကို ႀကဳံေတြ႕ေနရရင္ေတာ့ ‘ikemen’သို႔ အေရာက္သြားႏိုင္ပါတယ္။ဝန္ေဆာင္မႈမွာ သြားဆရာဝန္ ၊ လူၾကမ္း၊ ၾကည့္ေကာင္းတဲ့ဆရာ စတဲ့ အမ်ိဳးသားဇာတ္ေဆာင္ ၈မ်ိဳးပါရွိေနပါေသးတယ္။

စိတ္ထိခိုက္ေစတဲ့ကိစၥေၾကာင့္ မ်က္ရည္ေတြစီးက်လာတဲ့အခါ ဝန္ေဆာင္မႈေပးတဲ့အမ်ိဳးသားက သင့္ရဲ႕ပါးျပင္ေပၚကမ်က္ရည္ကို တစ္သွ်ဴးႏွင့္သုတ္ေပးျခင္းျဖင့္ႏွစ္သိမ့္ေပးၿပီး အတူတူ ငိုေႂကြးေပးပါလိမ့္မယ္။ဆက္ရွင္တစ္ခုကို ယန္း ၇,၉၀၀ ( ၁၀၁,၀၀၀ က်ပ္) က်သင့္ပါတယ္။ေခ်ာေမာၾကည့္ေကာင္းတဲ့ေယာက်္ားေတြထဲမွ သေဘာက်တဲ့တစ္ေယာက္ကို ဖုန္းဆက္ေခၚႏိုင္ၿပီး သင့္ရဲ႕ခံစားခ်က္ေတြကိုဖြင့္ဟႏိုင္သလို ငိုေႂကြးျပၿပီးအေခ်ာ့ခံခ်င္လည္း ရပါတယ္။အခုလို၀န္ေဆာင္မႈဟာ ဂ်ပန္ႏိုင္ငံမွာဘာေၾကာင့္ရွိလာေၾကာင္းကိုေတာ့ ေသခ်ာမသိရေပမဲ့ ဂ်ပန္အမ်ိဳးသမီးေတြက သူ႔တို႔ရဲ႕ပတ္ဝန္းက်င္အေျခအေန ႏွင့္ သူတို႔ရဲ႕လုပ္ငန္းခြင္ေၾကာင့္ျဖစ္ေၾကာင္း အနည္းအက်ဥ္း ေျပာျပထားပါတယ္။သင္တို႔ေကာ အခုဝန္ေဆာင္မႈကို ဘယ္လိုထင္ျမင္မိပါသလဲ။

1

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဂျပန်နိုင်ငံမှာ မျက်ရည်သုတ်ပေးဖို့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားတွေကို ငှါးရမ်းနိုင်တဲ့ ၀န်ဆောင်မှုတစ်ခုရှိနေပါတယ်။ဂျပန်နိုင်ငံဟာ ဆန်းပြားတဲ့အရာတွေတီထွင်ဖို့ပျက်ကွက်တယ်ဆိုတာမျိုး ဘယ်တော့မှမရှိခဲ့ဖူးပါဘူး။အမျိုးသမီးတစ်ဦး မျက်ရည်သုတ်ဖို့ ယောကျ်ားတစ်ဦးကိုငှါးရမ်းနိုင်တဲ့ ဒီ၀န်ဆောင်မှုက သင်တို့အတွက် ထူးဆန်းနေမှာအမှန်ပါ။၂၀၁၅ ခုနှစ်မှာ ဒီ၀န်ဆောင်မှုကို ဂျပန်နိုင်ငံက စတင်မိတ်ဆက်ခဲ့ပြီး ယနေ့အထိတည်ရှိနေခဲ့ပါတယ်။စီးပွါးရေးလုပ်ငန်းက သူတို့အတွက် အရမ်းကိုအရေးပါနေမှာ အသေအချာပါဘဲ။ငိုရတာကို နှစ်သက်မြတ်နိုးပုံရတဲ့ Hiroki Terai အမည်ရှိအမျိုးသားတစ်ဦးက ဒီ၀န်ဆောင်မှုကိုစတင်တည်ထောင်ခဲ့တာပါ။

လွန်ခဲ့တဲ့ ၇ နှစ်တုန်းက Terai ဟာငိုတဲ့ကုထုံးအဖွဲ့ကိုစတင်ခဲ့တဲ့အပြင် Ikemen အမည်ရှိတဲ့ဒီဝန်ဆောင်မှုကို အလုပ်များပြီး စိတ်ဖိစီးမှုခံစားနေရသလို ၊ အထီးကျန်တဲ့ပတ်ဝန်းကျင်မှာနေထိုင်နေရတဲ့ အမျိုးသမီးများအတွက် အထူးပြုလုပ်ထားတာပါ။ဂျပန်နိုင်ငံရှိ ရေပန်းစားတဲ့ဝန်ဆောင်မှုတွေထဲမှာမှ ဒီ၀န်ဆောင်မှုက အလွန်ရိုးရှင်းပြီး လုံးဝ တရားဝင်မှတ်ပုံတင်ထားကြောင်းTerai က ဆိုထားပါတယ်။အကယ်လို့ သင်ဟာ အလုပ်ခွင်မှာကြမ်းတမ်းတဲ့နေ့တစ်နေ့ကို ကြုံတွေ့နေရရင်တော့ ‘ikemen’သို့ အရောက်သွားနိုင်ပါတယ်။ဝန်ဆောင်မှုမှာ သွားဆရာဝန် ၊ လူကြမ်း၊ ကြည့်ကောင်းတဲ့ဆရာ စတဲ့ အမျိုးသားဇာတ်ဆောင် ၈မျိုးပါရှိနေပါသေးတယ်။

စိတ်ထိခိုက်စေတဲ့ကိစ္စကြောင့် မျက်ရည်တွေစီးကျလာတဲ့အခါ ဝန်ဆောင်မှုပေးတဲ့အမျိုးသားက သင့်ရဲ့ပါးပြင်ပေါ်ကမျက်ရည်ကို တစ်သျှူးနှင့်သုတ်ပေးခြင်းဖြင့်နှစ်သိမ့်ပေးပြီး အတူတူ ငိုကြွေးပေးပါလိမ့်မယ်။ဆက်ရှင်တစ်ခုကို ယန်း ၇,၉၀၀ ( ၁၀၁,၀၀၀ ကျပ်) ကျသင့်ပါတယ်။ချောမောကြည့်ကောင်းတဲ့ယောကျ်ားတွေထဲမှ သဘောကျတဲ့တစ်ယောက်ကို ဖုန်းဆက်ခေါ်နိုင်ပြီး သင့်ရဲ့ခံစားချက်တွေကိုဖွင့်ဟနိုင်သလို ငိုကြွေးပြပြီးအချော့ခံချင်လည်း ရပါတယ်။အခုလို၀န်ဆောင်မှုဟာ ဂျပန်နိုင်ငံမှာဘာကြောင့်ရှိလာကြောင်းကိုတော့ သေချာမသိရပေမဲ့ ဂျပန်အမျိုးသမီးတွေက သူ့တို့ရဲ့ပတ်ဝန်းကျင်အခြေအနေ နှင့် သူတို့ရဲ့လုပ်ငန်းခွင်ကြောင့်ဖြစ်ကြောင်း အနည်းအကျဉ်း ပြောပြထားပါတယ်။သင်တို့ကော အခုဝန်ဆောင်မှုကို ဘယ်လိုထင်မြင်မိပါသလဲ။

Mia (Mckzone Daily)

Be the first to comment on "မ်က္ရည္သုတ္ဖို႔ ဆြဲေဆာင္မႈရွိတဲ့အမ်ိဳးသားမ်ားအား ငွါးရမ္းႏိုင္တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ဝန္ေဆာင္မႈတစ္ခု"

Leave a comment

Your email address will not be published.


*