15ႏွစ္အရြယ္မိန္းကေလးရဲ႕ေခါင္းကို အႀကိမ္ႀကိမ္႐ိုက္ႏွက္ၿပီး ဖုန္းအတင္းလုယူခဲ့တဲ့ ဆိုင္ကယ္သမား(႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 12ရက္ေန႔ ၊ မနက္ 9 နာရီအခ်ိန္မွာ မေလး႐ွားႏိုင္ငံ ၊ Cheras မွာ႐ွိတဲ့လူသြားလမ္းတစ္ေနရာမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ ဆိုင္ကယ္သမားတစ္ဦးဟာ လမ္းေလ်ွာက္ေနခဲ့တဲ့ 15ႏွစ္အရြယ္ ေကာင္မေလးကိုအေနာက္ကေန လွန္းဆြဲၿပီး သူမလည္ပင္းမွာဆြဲထားတဲ့ ဖုန္းကိုယူဖို႔ႀကိဳးစားခဲ့ေပမဲ့လည္း ကေလးမေလးဟာမေပးႏိုင္ဘဲ သူမခႏၶာကိုယ္နဲ႔ဖိကာျပန္လုယူခဲ့တဲ့အတြက္ ဆိုင္ကယ္သမားဟာ သူမရဲ႕ဦးေခါင္းကိုအေနာက္ဖက္ကေန အႀကိမ္ႀကိမ္႐ိုက္ႏွက္ခဲ့ပါတယ္ ။ ႐ိုက္ႏွက္တဲ့အသံမွာ ျပင္းထန္လြန္းလွတဲ့အတြက္ Video ထဲမွာေတာင္ အ႐ွင္းသားႀကီးၾကားေနရပါတယ္ ။ ဆိုင္ကယ္သမားဟာ သူမကိုကိုယ္ထိလက္ေရာက္ ေျမေပၚလဲက်တဲ့အထိ႐ိုက္ႏွက္ခဲ့တာပါ ။ ထို႔ေနာက္ သူမ၏ဖုန္းကိုယူၿပီး ဆိုင္ကယ္ျဖင့္ေမာင္းေျပးခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ကို Video မွတ္တမ္းရယူခဲ့တဲ့မ်က္ျမင္သက္ေသကေတာ့ အဆိုပါအျဖစ္အပ်က္ဟာ မနက္ 9:05 မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ Video ႐ိုက္ယူေနခဲ့သူက အဆိုပါမိန္းကေလးကိုသြားေရာက္ ကူညီေပးခဲ့ပံုရပါတယ္ ။

အဆိုပါလုယက္မႈကို ရဲစခန္းသို႔တိုင္ၾကားၿပီးေနာက္ ၊ ေအာက္တိုဘာလ 16ရက္ေန႔ ည 11:30 အခ်ိန္တြင္ပဲ အဆိုပါဆိုင္ကယ္သမား လုယက္သူကိုဖမ္းမိခဲ့ပါတယ္ ။ အဆိုပါလုယက္သူမွာ အလုပ္လက္မဲ့ျဖစ္ၿပီး အသက္ 20 အရြယ္အမ်ိဳးသားျဖစ္ကာ ၊ 2016 ခုႏွစ္အတြင္ အႀကိမ္ေပါင္းမ်ားစြာလုယက္မႈ ႏွင့္ မူးယစ္ေဆးဝါးသံုးစြဲမႈတို႔အတြက္ ျပစ္မႈမွတ္တမ္း႐ွိခဲ့သူတစ္ဦးျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ယခုတစ္ေခါက္ျပစ္မႈက်ဴ းလြန္ခ်ိန္တြင္လည္း မူးယစ္ေဆးဝါးသံုးစြဲထားသည္ဟု သံသယ႐ွိေနၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 12ရက်နေ့ ၊ မနက် 9 နာရီအချိန်မှာ မလေးရှားနိုင်ငံ ၊ Cheras မှာရှိတဲ့လူသွားလမ်းတစ်နေရာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ ဆိုင်ကယ်သမားတစ်ဦးဟာ လမ်းလျှောက်နေခဲ့တဲ့ 15နှစ်အရွယ် ကောင်မလေးကိုအနောက်ကနေ လှန်းဆွဲပြီး သူမလည်ပင်းမှာဆွဲထားတဲ့ ဖုန်းကိုယူဖို့ကြိုးစားခဲ့ပေမဲ့လည်း ကလေးမလေးဟာမပေးနိုင်ဘဲ သူမခန္ဓာကိုယ်နဲ့ဖိကာပြန်လုယူခဲ့တဲ့အတွက် ဆိုင်ကယ်သမားဟာ သူမရဲ့ဦးခေါင်းကိုအနောက်ဖက်ကနေ အကြိမ်ကြိမ်ရိုက်နှက်ခဲ့ပါတယ် ။ ရိုက်နှက်တဲ့အသံမှာ ပြင်းထန်လွန်းလှတဲ့အတွက် Video ထဲမှာတောင် အရှင်းသားကြီးကြားနေရပါတယ် ။ ဆိုင်ကယ်သမားဟာ သူမကိုကိုယ်ထိလက်ရောက် မြေပေါ်လဲကျတဲ့အထိရိုက်နှက်ခဲ့တာပါ ။ ထို့နောက် သူမ၏ဖုန်းကိုယူပြီး ဆိုင်ကယ်ဖြင့်မောင်းပြေးခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို Video မှတ်တမ်းရယူခဲ့တဲ့မျက်မြင်သက်သေကတော့ အဆိုပါအဖြစ်အပျက်ဟာ မနက် 9:05 မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ။ Video ရိုက်ယူနေခဲ့သူက အဆိုပါမိန်းကလေးကိုသွားရောက် ကူညီပေးခဲ့ပုံရပါတယ် ။

အဆိုပါလုယက်မှုကို ရဲစခန်းသို့တိုင်ကြားပြီးနောက် ၊ အောက်တိုဘာလ 16ရက်နေ့ ည 11:30 အချိန်တွင်ပဲ အဆိုပါဆိုင်ကယ်သမား လုယက်သူကိုဖမ်းမိခဲ့ပါတယ် ။ အဆိုပါလုယက်သူမှာ အလုပ်လက်မဲ့ဖြစ်ပြီး အသက် 20 အရွယ်အမျိုးသားဖြစ်ကာ ၊ 2016 ခုနှစ်အတွင် အကြိမ်ပေါင်းများစွာလုယက်မှု နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုတို့အတွက် ပြစ်မှုမှတ်တမ်းရှိခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း သိရှိရပါတယ် ။ ထို့အပြင် ယခုတစ်ခေါက်ပြစ်မှုကျူ းလွန်ချိန်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟု သံသယရှိနေကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "15ႏွစ္အရြယ္မိန္းကေလးရဲ႕ေခါင္းကို အႀကိမ္ႀကိမ္႐ိုက္ႏွက္ၿပီး ဖုန္းအတင္းလုယူခဲ့တဲ့ ဆိုင္ကယ္သမား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*