ဆရာဝန္၏မွားယြင္းကုသမႈေၾကာင့္ ေျခေထာက္ျပတ္ၿပီး ၊ ဘဝပါပ်က္ခဲ့ရသူ၏ ျပန္လက္စားေခ်ပံု

ဆရာဝန္ဆိုတာကေတာ့ လူနာေတြကို အေကာင္းဆံုကုသၿပီးကယ္တယ္ေပးၾကတဲ့သူေတြဆိုေပမဲ့လည္း တစ္ခါတစ္ရံမွာေတာ့ လူဆိုေတာ့လည္းအမွားနဲ႔မကင္းပါဘူးေလ ။ မွားယြင္းၿပီးကုသမိတာမ်ိဳးကေတာ့ ဆရာဝန္ေတြရဲ႕အႀကီးမားဆံုးေသာအမွားပါပဲ ။ ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Melaka ၿမိဳ႕မွာေနထိုင္တဲ့ Abu Baharin အမည္႐ွိတဲ့ အသက္ 34ႏွစ္အရြယ္အမ်ိဳးသားဟာ ၿပီးခဲ့တဲ့ 2015 ခုႏွစ္က ဆိုင္ကယ္ေမွာက္ၿပီးေနာက္ဒူးေခါင္းအဆစ္နာက်င္သည့္ေဝဒနာမ်ိဳးကို ခံစားခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ဆရာဝန္ေတြရဲ႕မွားယြင္းခြဲစိတ္မႈေၾကာင့္ သူ၏ညာဖက္ေျခေထာက္ဆံုး႐ႈံးသြားခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ Baharin ဟာသူ၏ေ႐ွ႕ေနအကူအညီျဖင့္ ေဆးရံုကိုျပန္ၿပီးတရားစြဲကာ ေလ်ာ္ေၾကးေငြ RM 1.3 million (ျမန္မာေငြ သိန္းေပါင္း 4ေထာင္ေက်ာ္) ေတာင္းဆိုခဲ့ပါတယ္ ။ ေလ်ာ္ေၾကးေငြ အျပည့္အဝရခဲ့ေပမဲ့လည္း Baharin ဟာ သူဘဝရဲ႕ေပ်ာ္ရႊင္မႈကို ပိုက္ဆံျဖင့္မဝယ္ယူႏိုင္ေတာ့ေၾကာင္းကို ” ငါ့ရဲ႕တကယ့္ပံုမွန္ဘဝကိုျပန္မရႏိုင္ေတာ့ဘူး ၊ ငါ့မိန္းနဲ႔ ငါ့သားက ငါ့အနားမ႐ွိၾကေတာ့ဘူး ” ဆိုၿပီးျပန္လည္ေျပာဆိုခဲ့ပါတယ္ ။

ယခုခ်ိန္မွာေတာ့ Baharin ဟာအထီးက်န္လြန္းတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့ၿပီး ” အဲ့မေတာ္တဆျဖစ္ၿပီးေနာက္ ကြၽန္ေတာ့္မိန္းမနဲ႔ဆက္ဆံေရးက လံုးဝပ်က္ဆီးသြားခဲ့တယ္ ၊ ဒါေပမဲ့ ဒါကကြၽန္ေတာ့္ကံပဲေလ ၊ လက္ခံရမွာေပါ့ ၊ ကြၽန္ေတာ္အခု ေမြးစားမိဘေတြနဲ႔ အတူေနေနပါတယ္ ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္ ။ သူ႔ဘဝရဲ႕လံုေလာက္တဲ့ ေလ်ာ္ေၾကးေငြရခဲ့ေပမဲ့လည္း Baharin ရဲ႕ဘဝဟာ ေပ်ာ္ရႊင္မႈ လံုးဝကိုမ႐ွိေတာ့ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆရာဝန်ဆိုတာကတော့ လူနာတွေကို အကောင်းဆုံကုသပြီးကယ်တယ်ပေးကြတဲ့သူတွေဆိုပေမဲ့လည်း တစ်ခါတစ်ရံမှာတော့ လူဆိုတော့လည်းအမှားနဲ့မကင်းပါဘူးလေ ။ မှားယွင်းပြီးကုသမိတာမျိုးကတော့ ဆရာဝန်တွေရဲ့အကြီးမားဆုံးသောအမှားပါပဲ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Melaka မြို့မှာနေထိုင်တဲ့ Abu Baharin အမည်ရှိတဲ့ အသက် 34နှစ်အရွယ်အမျိုးသားဟာ ပြီးခဲ့တဲ့ 2015 ခုနှစ်က ဆိုင်ကယ်မှောက်ပြီးနောက်ဒူးခေါင်းအဆစ်နာကျင်သည့်ဝေဒနာမျိုးကို ခံစားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ဆရာဝန်တွေရဲ့မှားယွင်းခွဲစိတ်မှုကြောင့် သူ၏ညာဖက်ခြေထောက်ဆုံးရှုံးသွားခဲ့ရပါတယ် ။

ထို့ကြောင့် Baharin ဟာသူ၏ရှေ့နေအကူအညီဖြင့် ဆေးရုံကိုပြန်ပြီးတရားစွဲကာ လျော်ကြေးငွေ RM 1.3 million (မြန်မာငွေ သိန်းပေါင်း 4ထောင်ကျော်) တောင်းဆိုခဲ့ပါတယ် ။ လျော်ကြေးငွေ အပြည့်အဝရခဲ့ပေမဲ့လည်း Baharin ဟာ သူဘဝရဲ့ပျော်ရွှင်မှုကို ပိုက်ဆံဖြင့်မဝယ်ယူနိုင်တော့ကြောင်းကို ” ငါ့ရဲ့တကယ့်ပုံမှန်ဘဝကိုပြန်မရနိုင်တော့ဘူး ၊ ငါ့မိန်းနဲ့ ငါ့သားက ငါ့အနားမရှိကြတော့ဘူး ” ဆိုပြီးပြန်လည်ပြောဆိုခဲ့ပါတယ် ။

ယခုချိန်မှာတော့ Baharin ဟာအထီးကျန်လွန်းတဲ့လူတစ်ယောက်ဖြစ်နေခဲ့ပြီး ” အဲ့မတော်တဆဖြစ်ပြီးနောက် ကျွန်တော့်မိန်းမနဲ့ဆက်ဆံရေးက လုံးဝပျက်ဆီးသွားခဲ့တယ် ၊ ဒါပေမဲ့ ဒါကကျွန်တော့်ကံပဲလေ ၊ လက်ခံရမှာပေါ့ ၊ ကျွန်တော်အခု မွေးစားမိဘတွေနဲ့ အတူနေနေပါတယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ် ။ သူ့ဘဝရဲ့လုံလောက်တဲ့ လျော်ကြေးငွေရခဲ့ပေမဲ့လည်း Baharin ရဲ့ဘဝဟာ ပျော်ရွှင်မှု လုံးဝကိုမရှိတော့ပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "ဆရာဝန္၏မွားယြင္းကုသမႈေၾကာင့္ ေျခေထာက္ျပတ္ၿပီး ၊ ဘဝပါပ်က္ခဲ့ရသူ၏ ျပန္လက္စားေခ်ပံု"

Leave a comment

Your email address will not be published.


*